HomeLifeStyleလက်တွေ့လောကမှ စူပါဟီးရိုးတစ်ယောက်အကြောင်း။

လက်တွေ့လောကမှ စူပါဟီးရိုးတစ်ယောက်အကြောင်း။

- Advertisement -

ဝတ်စုံအပြည့်၊ လက်နက်အပြည့်နဲ့ သူရဲကောင်းတစ်ယောက်ကို ရုပ်ရှင်ထဲမှာသာ အများစုက မြင်တွေ့ဖူးကြပါတယ်။ ဒါပေမယ့် အာကန်ဆက်စ်ပြည်နယ်မှာတော့ ဒီလိုမျိုးသူရဲကောင်းကို အပြင်လက်တွေ့ဘဝမှာပါ အမှန်တကယ် မြင်တွေ့ခွင့်ရနေကြပြီ ဖြစ်ပါတယ်။

လူတစ်ယောက်ဟာ သူ့ကိုယ်သူ ဝတ်စုံပြည့်ဝတ်ဆင်ကာ၊ လက်နက်ကိုင်ဆောင်ပြီး ပြည်နယ်သူ၊ ပြည်နယ်သားများရဲ့ လုံခြုံရေးကို အကာအကွယ်ပေးဖို့ ကတိပေးကြောင်း ပြောဆိုခဲ့ပါတယ်။ “အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့သူဟာ သူ့လုပ်ရပ်အတွက် သေချာပေါက် ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။ ကျွန်တော်တို့ပြည်သူတွေကို ဘယ်သူမှ အကြမ်းဖက်လို့မရပါဘူး။” လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -

Shadow Vision လို့ သူ့ကိုယ်သူအမည်ပေးထားတဲ့ အဆိုပါပုဂ္ဂိုလ်ရဲ့ Facebook စာမျက်နှာမှာ Follower ပေါင်း (၈,၉၀၀) ကျော်ရှိပြီး “ဘယ်လိုမျိုးပေးဆပ်ရပါစေ၊ ကာကွယ်ပေးသွားမယ်။” လို့ ရေးသားထားပါတယ်။ သတင်းများအရ ပြီးခဲ့တဲ့တစ်နှစ်ကျော်လောက်မှာ အမည်မသိရသေးတဲ့ လူသတ်သမားတစ်ယောက်က လူ (၃) ယောက်အထိကို သတ်ဖြတ်ခဲ့ဖူးပါတယ်။ Shadow Vision က “ကွင်းဆက်လူသတ်သမားက ကျွန်တော့် Facebook စာမျက်နှာကို စောင့်ကြည့်နေတယ်ဆိုတာ သိပါတယ်။ ဒါက သူ့အတွက် အန္တရာယ်များပါတယ်။ သူ့ကိုမတွေ့တွေ့အောင်ရှာပြီး ကွင်းဆက်လူသတ်သမားတွေကို ကျွန်တော်ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ သက်သေပြပေးပါမယ်။ ငါအခု မင်းကို အမဲလိုက်နေပြီ။” လို့ ရေးသားခဲ့ပါသေးတယ်။

- Advertisement -

Shadow Vision ဟာ ဝတ်စုံပြည့်ဝတ်စားဆင်ယင်ထားပေမယ့် သူ့ရဲ့မျက်နှာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Shadow Vision အတွက် ကားတစ်စီးဝယ်ပေးဖို့ ထောက်ပံ့ငွေစုဆောင်းမှုရှိနေပေမယ့် “ကျွန်တော့်အတွက် ဘာဆုလာဘ်မှ မလိုအပ်ပါဘူး။ ကျွန်တော် သူ့ကို (ကွင်းဆက်လူသတ်သမားကို) လမ်းပေါ်မှာပဲ လိုက်ရှာမှာပါ။ ဒီတစ်လမ်းမဟုတ် နောက်တစ်လမ်းမှာ သူရှိနေမှာပေါ့။” လို့လည်း ပြောကြားခဲ့ပါတယ်။

အာကန်ဆက်စ်ပြည်နယ်လေးဟာ အမေရိကန်နိုင်ငံရဲ့ စိန်ထွက်ရှိတဲ့ တစ်ခုတည်းသောပြည်နယ်ဖြစ်ပြီး လှပတဲ့ရေကန်တွေ၊ မြစ်ချောင်းအင်းအိုင်တို့အပြင် ရေပူစမ်းတွေနဲ့ ကျော်ကြားတဲ့ ပြည်နယ်တစ်ခုဖြစ်ကြောင်းလည်း သိရှိပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + 10 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...