HomeTechလူသားတွေရဲ့ နေ့စဉ်ဘဝထဲထိ ထိုးဖောက်လာပြီဖြစ်တဲ့ Artificial Intelligence

လူသားတွေရဲ့ နေ့စဉ်ဘဝထဲထိ ထိုးဖောက်လာပြီဖြစ်တဲ့ Artificial Intelligence

- Advertisement -

AI တွေဟာ ဒေတာစင်တာတွေကနေ စက်ပစ္စည်းတွေအထိ ထိုးဖောက်လာပြီး လူသားတွေ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်းတွေအစ လယ်ထွန်စက်တွေအထိ ကိစ္စတော်တော်များများကို ပိုမိုလျင်မြန်စွာနဲ့ လုံခြုံစွာ ပြုလုပ်ပေးနိုင်ပြီ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ တွေ့ရှိထားတဲ့ စမတ်စနစ်တွေမှာ မထင်မှတ်ထားတဲ့ အန္တရာယ်တွေကို တွေ့ရှိခဲ့ရပြီး အကယ်၍ သင်ဟာ AI ကို အနာဂါတ်ရဲ့ စိတ်ကူးယဉ်ဆန်တဲ့ အရာလို့ မှတ်ယူထားတယ်ဆိုရင် ဒီဆောင်းပါးက သင့်ရဲ့အမြင်တွေ တိုးတက်ပြောင်းလဲသွားစေဖို့အတွက် ကူညီပေးပါလိမ့်မယ်။

အခုချိန်မှာတော့ ကျွန်မတို့ဟာ AI ရဲ့ အလှည့်အပြောင်းတစ်ခုကို မျက်မြင်ကြုံတွေ့နေရပါတယ်။ အကြောင်းကတော့ Cloud ကနေ ဖုန်းတွေနဲ့ မော်တော်ကားတွေဆီအထိ နယ်ချဲ့လာတာမျိုးပေါ့။ AI ဟာ ဒေတာစင်တာအခြေပြု ပြိုင်ဘက်တွေနဲ့ယှဉ်ရင် အားနည်းနေသေးတယ်လို့ ပြောလို့ရပေမယ့်လည်း လူသားတွေရဲ့ နေ့စဉ်ဘဝအတွက် ပိုပြီးအဓိပ္ပါယ်ပြည့်စုံအောင် ပြုလုပ်ပေးနိုင်မယ့် အလားအလာ ရှိနေပါတယ်။

အဓိကဥပမာတစ်ခုကတော့ Apple ရဲ့ လက်ထောက် Siri ဟာ iPhone အသုံးပြုသူတွေရဲ့ အသံကိုနားထောင်ပြီး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးနိုင်တာပဲ ဖြစ်ပါတယ်။ အသုံးပြုသူက Siri ကို အချိန်အတိုင်းအတာတစ်ခု သတ်မှတ်ဖို့ တောင်းဆိုလိုက်တဲ့အချိန်မှာ အဆိုပါတောင်းဆိုချက်ကို Cloud ဆီ အသံမှတ်တမ်းအဖြစ် ပေးပို့လိုက်ပြီး လုပ်ငန်းစဉ်ဆောင်ရွက်ပြီးတဲ့အချိန်မှာ တုံ့ပြန်မှုကို ဖြစ်ပေါ်စေတာမျိုးပေါ့။ Apple ကုမ္ပဏီရဲ့ ပြောကြားချက်အရ Siri ဟာ အသံနဲ့တောင်းဆိုမှုကြောင့် လုပ်ငန်းစဉ်ကို ပိုမိုလျင်မြန်စွာ တုံ့ ပြန်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ ဒီစနစ်ကိုတော့ iPhone XS နဲ့ မော်ဒယ်သစ်တွေမှာသာ တွေ့ရနိုင်ပြီး ဒီဖုန်းတွေမှာတော့ လုပ်ငန်းစဉ်ဆောင်ရွက်ပေးနိုင်တဲ့ AI စက်အတွက် တွဲဖက်အသုံးပြုနိုင်အောင် တည်ဆောက်ထားပေးတဲ့ “အာရုံကြောအင်ဂျင်” ကို ထည့်သွင်းပေးထားပါတယ်။

- Advertisement -

- Advertisement -

Google ကုမ္ပဏီဟာ ဖုန်းကနေ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခြင်းကို ဦးဆောင်ခဲ့ကာ၂၀၁၉ ခုနှစ်တုန်းက စကားကို စာသားအဖြစ် ပြောင်းလဲပေးနိုင်ပြီး အခြားအလုပ်တွေကို Cloud နဲ့ ချိတ်ဆက်စရာမလိုဘဲ စွမ်းဆောင်နိုင်တဲ့ Pixel ဖုန်းနဲ့ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ Google က ကိုယ်ပိုင်ဖုန်းတွေ ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်ရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ကုမ္ပဏီအနေနဲ့ AI ကို အသုံးပြုနိုင်မယ့် အထူးထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကို တီထွင်ခြင်းဟာ အလားအလာရှိတယ်လို့ မှတ်ယူခဲ့ခြင်းကြောင့်ဖြစ်တယ်လို့ Google ကုမ္ပဏီ Pixel အဖွဲ့ရဲ့ ကုန်ပစ္စည်းမန်နေဂျာ Brian Rakowski က ပြောကြားခဲ့ပါတယ်။ အဆိုပါပစ္စည်းတွေဟာ သေးငယ်တဲ့ ချိပ်စ်အပြားတစ်ခုဖြစ်နိုင်သလို မှတ်ဉာဏ်အချို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သူတို့ဟာ စမတ်ဖုန်းတွေ ၊ မော်တော်ကားတွေ ၊ မောင်းသူမဲ့ လေယာဉ်ငယ်တွေ ၊ အိမ်သုံးပစ္စည်းကိရိယာတွေနဲ့ စက်မှုသုံး အာရုံခံကိရိယာတွေကိုပါ ခေတ်မီအဆန်းသစ်ဆုံး ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

Edge AI ဟာ စမတ်လက်ထောက်တွေ ၊ မော်တော်ယာဉ် အန္တရာယ်ကင်းရှင်းစနစ်တွေ ၊ စက်ရုပ်အသစ်တွေနဲ့ အလိုအလျောက်မောင်းနှင်ပေးနိုင်တဲ့ စစ်တပ်သုံး စက်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ပေးခဲ့ဖူးတဲ့ ကတိကဝတ်တွေကို အကောင်အထည်ဖော်‌ ဆောင်ရွက်ပေးဖို့ အချိန်ကြာရှည်စွာယူခဲ့ပြီး အခုချိန်မှာတော့ ပိုမိုထိရောက်စွာ တုန့်ပြန်နိုင်မယ့် အလားအလာ ရှိနေပြီပဲဖြစ်ပါတယ်။ AI ကို အရင်ကထက်ပိုပြီး လုပ်ဆောင်နိုင်စွမ်းတိုးတက်လာဖို့ ကြိုးစားရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကတော့ ယုံကြည်စိတ်ချရအောင် ပြုလုပ်ပေးခြင်းနဲ့ ပစ္စည်းတွေထဲမှာ ထည့်သွင်းပေးထားတဲ့ ရှုပ်ထွေးမှုတွေနဲ့ ကုန်ကျစရိတ်တွေကို မျှတစွာ ညှိနှိုင်းပေးခြင်းပဲ ဖြစ်ပါတယ်။ ရှိပြီးသား AI ကိုတော့ အလွယ်တကူ ပြောင်းလဲနိုင်ပြီး လှည့်စားနိုင်တဲ့အပြင် ဘက်လိုက်မှုတွေလည်း ရှိနေတာကြောင့် စိတ်ချလို့မရသလို အချိန်နဲ့တပြေးညီ တိုးတက်လာတဲ့ Alexa ကို ကြည့်ခြင်းအားဖြင့် AI ကိုလည်း Cloud မှာ ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်ပေးလို့ရတာကို မှန်းဆကြည့်လို့ ရပါတယ်။ အကယ်၍ စက်ပစ္စည်းထဲမှာ AI ကို ထည့်သွင်းထားတယ်ဆိုရင်တော့ ဒီ AI ဟာ ကြိုတင်လေ့ကျင့်ခံထားရတဲ့ AI ဖြစ်သင့်ပြီး အချိန်နဲ့တစ်ပြေးညီ တိုးတက်ပြောင်းလဲနိုင်စွမ်း ရှိသင့်ပါတယ်။

<Unicode Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

3 × two =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...