HomeEntertainmentအိန်ဂျယ်လီနာဂျိုလီရဲ့ ဘဝဖြတ်သန်းမှုပုံရိပ်များ။

အိန်ဂျယ်လီနာဂျိုလီရဲ့ ဘဝဖြတ်သန်းမှုပုံရိပ်များ။

- Advertisement -

မင်းသမီးချော အန်ဂျယ်လီနာဂျိုလီဟာ ကမ္ဘာတစ်ဝန်းလုံးက အနုပညာချစ်သူပရိသတ်တိုင်းရဲ့ အသည်းနှလုံးကို အောင်မြင်စွာသိမ်းပိုက်ထားနိုင်သူလည်း ဖြစ်ပါတယ်။ Jolie ရဲ့အနုပညာဖြတ်သန်းမှုတစ်လျှောက်လုံးက အထင်ကြီးလေးစားစရာများဖြင့် ပြည့်နှက်နေပြီး သူမရဲ့ဘဝဖြတ်သန်းမှုမှတ်တိုင်ပုံရိပ်များကို သူမရဲ့ပရိသတ်များအတွက် မျှဝေပေးချင်ပါတယ်။

၁။ မိခင်ရင်ခွင်ထဲမှ ဂျိုလီ။

ဂျိုလီကို ဖခင်ဂျွန်ဗွိုက်နဲ့ မိခင်ဘာထရန်တို့က (၁၉၇၅) ခုနှစ်မှာ မွေးဖွားခဲ့ပြီး မိခင်ရင်ခွင်ထဲမှ မွေးကင်းစဂျိုလီလေးရဲ့ ပုံရိပ်ဖြစ်ပါတယ်။

- Advertisement -

- Advertisement -

၂။ အဖေချစ်သမီးလေး။

သမီးတို့ရဲ့ထုံးစံအတိုင်း ဖခင်ကိုပိုချစ်ခဲ့သလားမပြောတတ်ပါဘူး။ ဒီဓာတ်ပုံထဲမှာတော့ ဂျိုလီတစ်ယောက် သူ့ရဲ့ဖခင်အား ချွဲနွဲ့နေသည်ကို မြင်တွေ့ရပါတယ်။

၃။ စတင်ပွဲထွက်လာပုံများ။

(၁၉၈၆) ခုနှစ်မှာ ကျင်းပခဲ့သည့် အကယ်ဒမီဆုပေးပွဲကို ဂျိုလီက ဖခင်ဖြစ်သူဂျွန်ဗွိုက်၊ အကိုဖြစ်သူ ဂျိမ်းစ်ဟာဗင်တို့နဲ့အတူ တက်ရောက်ခဲ့သည့် မြင်ကွင်းဖြစ်ပါတယ်။

၄။ အမြဲတမ်း တပူးပူးတတွဲတွဲနဲ့ (၃) ယောက်။

(၁၉၈၈) ခုနှစ်မှာ ကျင်းပခဲ့သည့် အော်စကာဆုပေးပွဲအခမ်းအနားမှာလည်း ဂျိုလီတို့မောင်နှမနဲ့ ဖခင်ဖြစ်သူတို့ အတူတကွ တက်ရောက်ခဲ့ကြပါသေးတယ်။

- Advertisement -

 

၅။ မော်ဒယ်လ်ဘဝအစပြုပြီ။

ဂျိုလီတစ်ယောက် အသက် (၁၆) နှစ်ပြည့်မြောက်သည့် (၁၉၉၁) ခုနှစ်မှာ ဓာတ်ပုံမော်ဒယ်လ်အဖြစ် အနုပညာလောကထဲသို့ စတင်အခြေချခဲ့ပါတယ်။

၆။ ပွဲတိုင်းကျော်ဘဝ အစပြုလာပုံ။

(၁၉၉၇) ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့သည့် Wallace ဇာတ်ကားရဲ့အဖွင့်ပွဲကို တစ်ဦးတည်းတက်ရောက်လာခဲ့သည့် ဂျိုလီဖြစ်ပါတယ်။

၇။ ရုပ်ရှင်အဖွင့်ပွဲများနဲ့ ဂျိုလီ။

(၁၉၉၈) ခုနှစ်မှာ ကျင်းပပြုလုပ်ခဲ့သည့် Gia ဇာတ်ကားရဲ့အဖွင့်ပွဲမှာ ဂျိုလီကိုမြင်တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။

၈။ (၁၉၉၉) ခုနှစ်က SAG ဆုပေးပွဲ။

ဒီပွဲမှာလည်း ဂျိုလီကို မတူညီသည့် အသွင်သစ်၊ အမြင်သစ်တစ်မျိုးနဲ့ မြင်တွေ့ခဲ့ရပြန်ပါတယ်။

၉။ အချစ်ဦးနဲ့ပုံရိပ်။

ဂျိုလီနဲ့သော်တန်တို့နှစ်ဦးရဲ့ စုံတွဲပုံရိပ်ဖြစ်ပြီး ၎င်းတို့ရဲ့အိမ်ထောင်ရေးသက်တမ်းက (၂၀၀၀) ခုနှစ်မှ (၂၀၀၃) ခုနှစ်အထိ ကြာမြင့်ခဲ့ပါတယ်။

၁၀။ (၂၀၀၄) ခုနှစ်မှ ဂျိုလီရဲ့ပုံရိပ်။

Taking Lives ရဲ့ပထမဆုံးဖွင့်ပွဲကိုလည်း ဂျိုလီက စွဲမက်ဖွယ်ရာဝတ်စုံဖြင့် ကြွကြွရွရွ ရောက်ရှိလာခဲ့ပါတယ်။

၁၁။ မက်ဒေါ့စ်နဲ့ဂျိုလီ။

(၂၀၀၃) ခုနှစ်က ၎င်းတို့ (၂) ယောက်ကို လူမြင်ကွင်းမှာ မြင်တွေ့ခဲ့ရသည့် ပုံရိပ်ဖြစ်ပါတယ်။

၁၂။ ဗင်းနစ်ရုပ်ရှင်ပြပွဲ။

(၂၀၀၄) ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် ဗင်းနစ်ရုပ်ရှင်ပြပွဲမှာ ပေါ့ပေါ့ပါးပါးမြင်တွေ့ခဲ့ရသည့် ဂျိုလီရဲ့ ပုံရိပ်ဖြစ်ပါတယ်။

၁၃။ ဘရက်ပစ်နဲ့ချစ်ဇာတ်လမ်းအစပြုပုံ။

(၂၀၀၅) ခုနှစ်မှာ ဘရက်ပစ်နဲ့ဂျိုလီတို့ နှစ်ဦးကို နီးနီးကပ်ကပ်မြင်တွေ့ခဲ့ရပြီး ဘရက်ပစ်က ဂျနီဖာအန်နီစတန်နဲ့ အိမ်ထောင်ကျနေဆဲ အချိန်ကာလလည်းဖြစ်ပါတယ်။

၁၄။ Life or Something Like It

Life or Something Like It ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေသည့် ဂျိုလီဖြစ်ပါတယ်။

၁၅။ ဘရက်ပစ်နဲ့လူသိရှင်ကြား။

(၂၀၀၇) ခုနှစ်က ကျင်းပပြုလုပ်ခဲ့သည့် “God Grew Tired Of Us” ဇာတ်ကားရဲ့ ပထမဆုံးပွဲကို ဘရက်ပစ်နဲ့ဂျိုလီတို့ အတူတကွတက်ရောက်အားပေးခဲ့ကြပါတယ်။

၁၆။ ကလေးများနဲ့ဂျိုလီ။

(၂၀၀၇) ခုနှစ်အတွင်းက မက်ဒေါ့စ်၊ ရှီလို့ဂ်တို့နဲ့အတူ မြင်တွေ့ရသည့် ဂျိုလီရဲ့ပုံရိပ်ဖြစ်ပါတယ်။

၁၇။ အနုပညာသည်တစ်ယောက်ရဲ့ ကိုယ်ဝန်ဆောင်ဘဝ။

(၂၀၀၈) ခုနှစ်မှာ ကိုယ်ဝန်ဆောင်ထားသည့်ကြားမှ ဘရက်ပစ်နဲ့အတူ ပွဲတက်လာခဲ့သည့် ဂျိုလီကို မြင်တွေ့ခဲ့ရပါတယ်။

၁၈။ ဘရက်ပစ်နဲ့အတူ နွှဲခဲ့သည့်ပွဲများ။

(၂၀၀၉) ခုနှစ်ရဲ့ SAG ဆုပေးပွဲမှာလည်း ဘရက်ပစ်နဲ့ဂျိုလီတို့နှစ်ယောက်ကို အတူတကွ မြင်တွေ့ခဲ့ရပါတယ်။

၁၉။ ကလေးများနဲ့အချိန်ကုန်ဆုံးခြင်း။

(၂၀၁၁) ခုနှစ်မှာ ဂျိုလီနဲ့ ၎င်းရဲ့ကလေးငယ်များ အတူတကွ အချိန်ဖြုန်းခဲ့သည့် ပုံရိပ်ဖြစ်ပါတယ်။

၂၀။ မရိုးနိုင်တဲ့ဖက်ရှင်များနဲ့ဂျိုလီ။

(၂၀၁၂) ခုနှစ်ရဲ့ အကယ်ဒမီဆုပေးပွဲမှာ ဘရက်ပစ်နဲ့အတူ ပွဲတက်လာခဲ့သည့် ဂျိုလီရဲ့ဖက်ရှင်အလန်းစားကို မြင်တွေ့ရမှာလည်း ဖြစ်ပါတယ်။

၂၁။ အချစ်အိမ်မပြိုခင် ပုံရိပ်။

(၂၀၁၄) ခုနှစ်မှာ ဘရက်ပစ်နဲ့ဂျိုလီတို့ “Maleficent” ဇာတ်ကားဖွင့်ပွဲကို အတူတကွ တက်ရောက်ခဲ့သည့် ပုံရိပ်ဖြစ်ပါတယ်။ ထို့နောက် (၂၀၁၆) ခုနှစ်တွင် ၎င်းတို့ရဲ့အိမ်ထောင်ရေး ပြိုကွဲခဲ့ပါတယ်။

၂၂။ ပက်စ်ဂျိုလီ-ပစ်နဲ့ ပွဲတက်ပုံရိပ်။

(၂၀၁၈) ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် Netflix Golden Globes Afterparty ကို ဂျိုလီနဲ့ပက်စ်တို့နှစ်ယောက် အတူတကွ တက်ရောက်ခဲ့ပါတယ်။

၂၃။ ရင်သွေးများနဲ့ခဏတာ။

(၂၀၁၉) ခုနှစ်အတွင်းက ပြုလုပ်ခဲ့သည့် “Maleficent: Mistress of Evil” ဖွင့်ပွဲကို ဗီဗီယန်နီ၊ ဇာဟာရာ၊ ရှီလို့ဂ်၊ နော့စ်တို့နဲ့အတူ ဂျိုလီတစ်ယောက် ပျော်ပျော်ပါးပါး တက်ရောက်ခဲ့ပါတယ်။

၂၄။ သားအမိနှစ်ယောက် ပျော်ပျော်ရွှင်ရွှင်။

သမီးဖြစ်သူ ဗီဗီယန်နီနဲ့အတူ ပျော်ပျော်ပါးပါး စျေးဝယ်ထွက်နေသည့်ဂျိုလီကို မြင်တွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...