HomeBanking & Financeလူကြိုက်အများဆုံးနဲ့စိတ်အချရဆုံး Crypto Exchange (၅) ခု။

လူကြိုက်အများဆုံးနဲ့စိတ်အချရဆုံး Crypto Exchange (၅) ခု။

- Advertisement -

စီးပွားရေးလုပ်ငန်းအပေါ် စိတ်ဝင်စားသည့် ကမ္ဘာတစ်ဝန်းမှ လူငယ်၊ လူရွယ်များအားလုံးကို လတ်တလော အဖမ်းစားနိုင်ဆုံးကတော့ Cryptocurrency စျေးကွက်ပင်ဖြစ်ပါတယ်။ နာမည်ကျော်လုပ်ငန်းရှင်များသာမက တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအထိကိုပင် ဖမ်းစားနိုင်သည့် Crypto စျေးကွက်အတွက် Crypto များကို လဲလှယ်အရောင်းအဝယ်ပြုလုပ်နိုင်ရန် စိတ်ချရသည့် ပလက်ဖောင်းများကို ရွေးချယ်ဖော်ပြပေးလိုက်ရပါတယ်။

၁။ Coinbase

ယခုမှ Crypto စျေးကွက်ကို ပထမဆုံးခြေချမည့်သူများအတွက် သင့်တော်ပြီး (၃) လပတ်တာကာလအတွင်း အမေရိကန်ဒေါ်လာ (၃၃၅) ဘီလီယံဖြင့် အကြီးမားဆုံး Crypto လဲလှယ်ပေးသည့်ပလက်ဖောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။ Credit card, Debit card များဖြင့်လည်း ငွေပေးချေနိုင်သည့်အပြင် PayPal အကောင့်ဖြင့်လည်း လွယ်ကူစွာ ငွေထုတ်ယူနိုင်၊ ရောင်းချနိုင်ပါတယ်။ လုံခြုံရေးအတွက် Log in ဝင်ရာ၌ အဆင့် (၂) ဆင့်ဖြင့် အထူးဂရုစိုက်ပြင်ဆင်ထားပြီး နိုင်ငံပေါင်း (၁၀၀) ကျော်မှာ အသုံးပြုနိုင်ပါတယ်။

- Advertisement -

 

- Advertisement -

၂။ Binance

အသုံးပြုသူမြောက်မြားစွာပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် လူကြိုက်များသည့် ပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒစ်ဂျစ်တယ် Crypto ပေါင်း (၂၀၀) ကျော်ကို အထောက်အပံ့ပေးနိုင်ခြင်းက ပြိုင်ဘက်ပလက်ဖောင်းများထက် အားသာချက်လည်းဖြစ်ပါတယ်။ အရောင်းအဝယ်ပြုလုပ်ရာမှာလည်း (၀) ရာခိုင်နှုန်းမှ (၀.၁) ရာခိုင်နှုန်းသာ ကုန်ကျသည့်အပြင် Binance Coin ကို ကိုင်ဆောင်ထားသူများအနေဖြင့် ကုန်သွယ်ခွန် (၂၅) ရာခိုင်နှုန်း လျှော့စျေးရရှိပါတယ်။ ဒါ့အပြင် Binance Savings အကောင့်ကိုအသုံးပြု၍ ဝင်ငွေရရှိနိုင်သည့် အခွင့်အလမ်းလည်းရှိပါတယ်။

 

၃။ FTX

အမြတ်အစွန်းကြီးကြီးမားမားရရှိစေရန် အရင်းအနှီးကို မြှင့်တင်ပေးသည့် ပလက်ဖောင်းဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်ကျကျ အရောင်းအဝယ်ပြုလုပ်သူများကတော့ FTX မှာရင်းနှီးမြှုပ်နှံရန် အကြံပေးလေ့ရှိပေမယ့် အမြတ်အစွန်းရနိုင်သည့် အလားအလာပိုများလေ၊ အန္တရာယ်ပိုများလေ ဖြစ်ပါတယ်။ ကနဦးရင်းနှီးမြှုပ်နှံမှုအတွက်မူ FTX က အရင်းအနှီးအနည်းငယ်ကိုသာအသုံးပြုပါတယ်။

 

၄။ Kraken

Kraken ကို (၂၀၁၂) ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး အသုံးပြုရလွယ်ကူသည့် ပလက်ဖောင်းတစ်ခုဖြစ်သည့်တိုင် ငွေပေးချေမှုနှုန်းမြင့်မားသည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။ Bitcoin, Altcoin နဲ့ Fiat တို့ကဲ့သို့ Crypto ပေါင်း (၅၀) ကျော်ရဲ့ အရောင်းအဝယ်များကို ထောက်ပံ့ပေးလျက်ရှိပါတယ်။

- Advertisement -

 

၅။ eToro

နိုင်ငံပေါင်း (၁၅၀) ကျော်မှာ လည်ပတ်နေသည့် ပလက်ဖောင်းတစ်ခုလည်းဖြစ်ပါတယ်။ Device အမျိုးမျိုး၌ အလွယ်တကူအသုံးပြုနိုင်ပြီး ယခုမှ Crypto စျေးကွက်အတွင်း ပထမဆုံးဝင်ရောက်မည့်သူများအတွက် အဆင်ပြေသည့် ရွေးချယ်မှုတစ်ခုဖြစ်ပါတယ်။ အချိန်နဲ့အလိုက် ပြောင်းလဲနေသည့် စျေးကွက်ဆိုင်ရာ သုတေသနများ၊ ရင်းနှီးမြှုပ်နှံသူအစုအဖွဲ့အလိုက် ခွဲခြမ်းစိတ်ဖြာခြားအစရှိသည့် စနစ်များလည်းပါဝင်ပါတယ်။

<Unicode Version>

 

#soshwebankingandfinance

#soshweforyurdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

10 + nineteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...