HomeBanking & FinanceCryptocurrency ကို စိတ်ဝင်စားသူများ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးစျေးကွက် (၁၀) ခု။

Cryptocurrency ကို စိတ်ဝင်စားသူများ ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးစျေးကွက် (၁၀) ခု။

- Advertisement -

(၂၀၂၀) ခုနှစ်၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပျံ့နှံမှုနှုန်းအားကောင်းနေချိန်မှာ ဒစ်ဂျစ်တယ်မားကတ်တင်းလောက အထူးခေတ်စားခဲ့ပြီး (၂၀၂၁) ခုနှစ်ကုန်ဆုံးချိန်မှာ Cryptocurrency စျေးကွက်က ကျောင်းသားလူငယ်များ၊ လူလတ်တန်းစားများနဲ့ လုပ်ငန်းရှင်များအကြားမှာပါ အထူးရေပန်းစား ကျော်ကြားလျက်ရှိပါတယ်။ လက်ရှိအချိန်မှာ Crypto စျေးကွက်ရဲ့ တန်ဖိုးဖောင်းပွမှုများကြောင့် ကမ္ဘာ့နိုင်ငံများက ၎င်းကိုတရားဝင်ငွေကြေးအဖြစ် သတ်မှတ်ရန် တွန့်ဆုတ်နေဆဲဖြစ်ပြီး စျေးကွက်တန်ဖိုး ကျဆင်းမှုရှိလာပေမယ့် ရင်းနှီးမြှုပ်နှံသူများကမူ Crypto စျေးကွက်ကို အထူးစိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။

Crypto ကို ချမ်းသာကြွယ်ဝမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှုမြင်ထားသည့်တိုင် Crypto တစ်ခုချင်းစီမှာလည်း ကိုယ်ပိုင်အရည်အသွေးနဲ့ နည်းပညာများကို ပိုင်ဆိုင်ထားကြပါတယ်။ လက်ရှိအချိန်၌ စျေးကွက်တည်ငြိမ်နေခြင်းက အခွင့်အရေးတစ်ရပ်အဖြစ် ရင်းနှီးမြှုပ်နှံသူများက ယူဆထားပြီး စျေးကစားသူများကတော့ Bitcoin နဲ့ အခြားတန်ဖိုးကြီးမားသော Currencies များရဲ့တန်ဖိုးအတက်အကျကို ကြိုးကိုင်ရန် ကြိုးစားနေပါတယ်။

အချို့ကတော့ Bitcoin ကဲ့သို့ Crypto ရဲ့လုံခြုံရေးနည်းပညာကို တိုးတက်စေရန်အတွက် Blockchain မှတစ်ဆင့် ဆွဲဆောင်နေကြပါတယ်။ ထိုသို့သောအကျိုးဆက်များကြောင့်လည်း ကမ္ဘာတစ်ဝှမ်းရှိ Crypto စျေးကွက်၌ ရင်းနှီးမြှုပ်နှံသူက တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာပြီး ရင်းနှီးမြှုပ်နှံရန် သင့်လျော်သည့် Crypto စျေးကွက် (၁၀) ခုကို ဖော်ပြပေးလိုက်ပါတယ်။

- Advertisement -

၁။ Bitcoin

- Advertisement -

၂။ Maker

၃။ Ethereum

၄။ Bitcoin Cash

၅။ Kusama

၆။ Binance Coin

၇။ Monero

၈။ Litecoin

၉။ Zcash

- Advertisement -

၁၀။ Decred တို့ဖြစ်ပါတယ်။

Crypto စျေးကွက်က ပုံမှန်အားဖြင့် ခန့်မှန်းရခက်ခဲပြီး အချိန်နဲ့အမျှ မတည်မငြိမ် ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် လက်ရှိအချိန်၌မူ Crypto စျေးကွက်အသစ်များ ပေါ်ပေါက်လာခြင်းကြောင့် တန်ဖိုးများပုံမှန်ထက် လျော့နည်းနေဖွယ်ရှိရာ ယခုအချိန်က ရင်းနှီးမြှုပ်နှံထားရန် အသင့်တော်ဆုံးအချိန်လည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ သင်ကရင်းနှီးမြှုပ်နှံမှုကောင်းကောင်းတစ်ခုကို ရှာဖွေနေသည်ဆိုပါက Crypto စျေးကွက်က အကောင်းဆုံးဖြစ်ပါတယ်။ တစ်ခါတရံ စျေးကွက်မတည်မငြိမ်ဖြစ်လေ့ရှိသည့်တိုင် ရင်းနှီးမြှုပ်နှံမှုတိုင်းက ရေရှည်အတွက် စဉ်းစားရသည့်ကိစ္စတစ်ခုဖြစ်သောကြောင့် အရှိန်အဟုန်ဖြင့် တိုးတက်လာနိုင်သော Crypto စျေးကွက်က လက်ရှိအချိန်အတွက် အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလည်းဖြစ်ပါတယ်။

<Unicode Version>

 

#soshwebankingandfinance

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

four × one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...