HomeHome & Propertyလူကိုယ်တိုင် လာရောက်ကြည့်ရှုလေ့လာလို့မရတဲ့ နိုင်ငံခြားက ဝယ်ယူသူတွေကို အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ဘယ်လို ကူညီပေးမလဲ?
လူကိုယ်တိုင် လာရောက်ကြည့်ရှုလေ့လာလို့မရတဲ့ နိုင်ငံခြားက ဝယ်ယူသူတွေကို အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ဘယ်လို ကူညီပေးမလဲ?
အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ပြည်ပဝယ်ယူသူတွေကြားမှာ မတူညီတဲ့ အချိန်ကွာခြားမှုရှိပေမယ့်လည်း အရည်အချင်းရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်လို့ အသိအမှတ်ပြုခံချင်တယ်ဆိုရင်တော့ ဝယ်ယူသူတွေအတွက် အဆင်ပြေမှုကို ပိုပြီးအလေးထားရပါမယ်။ ဝယ်ယူသူတွေနဲ့ ဆက်သွယ်တဲ့အခါမှာလည်း ဝယ်ယူသူတွေအတွက် အဆင်ပြေမယ့် ဆက်သွယ်ရေးဝန်ဆောင်မှု ဒါမှမဟုတ် App တွေကို အသုံးပြုသင့်ပါတယ်။ ဒါဟာ လိုက်လျောညီထွေရှိပြီး ဝယ်သူကို အလေးထားရာ ရောက်ပါတယ်။ နိုင်ငံရပ်ခြားက အိမ်ခြံမြေဝယ်ယူသူတွေက အိမ်ခြံမြေအကျိုးဆောင်ကို ရုံးချိန်ထက်ကျော်လွန်ပြီး အလုပ်လုပ်ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ဆောင်ပေးသင့်ပါတယ်။
- Advertisement -
အရှေ့တောင်အာရှနိုင်ငံတွေအတွင်း အိမ်ခြံမြေဝယ်ယူလိုတဲ့ နိုင်ငံခြားဝယ်ယူသူတွေ အများအပြားရှိနေပါတယ်။ နိုင်ငံရပ်ခြားမှာ နေထိုင်သူတွေဟာ ၄င်းတို့ဝယ်ယူလိုတဲ့ အိမ်ခြံမြေတွေဆီ လူကိုယ်တိုင် လာရောက်မကြည့်ရှုနိုင်တာတောင် ဝယ်ယူချင်သူတွေ အများအပြား ရှိနေတုန်းပါပဲ။ ဒီနေရာမှာ အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ နိုင်ငံတကာမှ ဝယ်ယူသူတွေ သိသင့်သိထိုက်တဲ့ အရေးပါတဲ့အချက်အလက်တွေကို မျှဝေဖော်ပြပေးပြီး လုပ်ငန်းစဉ်တွေကို လွယ်ကူချောမွေ့အောင် ကူညီပေးရပါမယ်။ ဒီတော့ အိမ်ခြံမြေ အကျိုးဆောင်တွေအနေနဲ့ ပြည်ပမှဝယ်ယူသူတွေကို ကူညီပေးရာမှာ အထောက်အကူဖြစ်စေမယ့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ဝယ်ယူသူတွေ အဆင်ပြေစေမယ့် ဆက်သွယ်မှုကွန်ယက်တွေကိုသာ အသုံးပြုပါ။
- Advertisement -
အိမ်ခြံမြေအကျိုးဆောင်တွေနဲ့ ပြည်ပဝယ်ယူသူတွေကြားမှာ မတူညီတဲ့ အချိန်ကွာခြားမှုရှိပေမယ့်လည်း အရည်အချင်းရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်လို့ အသိအမှတ်ပြုခံချင်တယ်ဆိုရင်တော့ ဝယ်ယူသူတွေအတွက် အဆင်ပြေမှုကို ပိုပြီးအလေးထားရပါမယ်။ ဝယ်ယူသူတွေနဲ့ ဆက်သွယ်တဲ့အခါမှာလည်း ဝယ်ယူသူတွေအတွက် အဆင်ပြေမယ့် ဆက်သွယ်ရေးဝန်ဆောင်မှု ဒါမှမဟုတ် App တွေကို အသုံးပြုသင့်ပါတယ်။ ဒါဟာ လိုက်လျောညီထွေရှိပြီး ဝယ်သူကို အလေးထားရာ ရောက်ပါတယ်။ နိုင်ငံရပ်ခြားက အိမ်ခြံမြေဝယ်ယူသူတွေက အိမ်ခြံမြေအကျိုးဆောင်ကို ရုံးချိန်ထက်ကျော်လွန်ပြီး အလုပ်လုပ်ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း တတ်နိုင်သလောက် အဆင်ပြေအောင် လုပ်ဆောင်ပေးသင့်ပါတယ်။
- Advertisement -
၂။ မျက်မြင်ပုံရိပ်ယောင်ကို ကျွမ်းကျင်စွာ ကြည့်တတ်အောင် လေ့ကျင့်ထားပါ။
အိမ်ခြံမြေအကျိုးဆောင်တွေဟာ အိမ်ခြံမြေ မျက်မြင်ပုံရိပ်ယောင်ကို ကျွမ်းကျင်စွာကြည့်တတ်ဖို့ လိုအပ်ပါတယ်။ အလေ့အကျင့်များများရှိမှသာ ကျွမ်းကျင်စွာ ကြည့်တတ်လာမှာပါ။ ပြည်ပဝယ်ယူသူတွေကလည်း အိမ်ခြံမြေ မျက်မြင်ပုံရိပ်ယောင်ကို ကြည့်ပြီးမှသာ ဝယ်သင့် ၊ မဝယ်သင့် ဆုံးဖြတ်ကြတာမို့ အိမ်ခြံမြေအကျိုးဆောင်က မျက်မြင်ပုံရိပ်ယောင်ကို ကောင်းစွာနားလည်ထားပြီး ပြည်ပဝယ်ယူသူတွေကိုလည်း အိမ်ခြံမြေအတွင်းပိုင်းတွေကို ကောင်းမွန်စွာ ပြသနိုင်မှာပါ။
၃။ ပြည်ပဝယ်ယူသူတွေရဲ့ အခက်အခဲကို နားလည်အောင်လုပ်ပါ။
အိမ်ခြံမြေတည်ရှိရာ နေရာအထိ ရောက်လာပြီး အိမ်ခြံမြေဝယ်ယူခြင်းနဲ့ ပြည်ပကနေ ဝယ်ယူခြင်းမှာ ကြီးမားတဲ့ ခြားနားချက်တစ်ခု ရှိပါတယ်။ ပြည်ပကနေ အိမ်ခြံမြေဝယ်ယူတဲ့အခါမှာ အခက်အခဲ အများအပြားကို ကြုံတွေ့ရတာကတော့ ပုံမှန်ပါပဲ။ ဝယ်ယူခြင်းလုပ်ငန်းစဉ်ကို ဘယ်လိုမျိုး လွယ်ကူချောမွေ့စွာ လုပ်နိုင်မလဲဆိုတာ သိချင်ရင်တော့ Siam အိမ်ခြံမြေရောင်းဝယ်ရေးက Thailand ပုံရိပ်ယောင် အိမ်ခြံမြေစီမံကိန်းကို ဥပမာအဖြစ် လေ့လာကြည့်လို့ရပါတယ်။
အဆိုပါအဖွဲ့အစည်းက နိုင်ငံတကာ အိမ်ခြံမြေဝယ်ယူလိုသူတွေ ရင်ဆိုင်နေရတဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးထားတဲ့ စနစ်တစ်ခုကို တီထွင်ပေးခဲ့ပါတယ်။ ဒါကြောင့် အိမ်ခြံမြေအကျိုးဆောင်တွေအနေနဲ့ ပြည်ပက အိမ်ခြံမြေဝယ်ယူလိုသူတွေ အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ ၄င်းတို့ရဲ့ အခက်အခဲတွေကို မေးမြန်းပြီး အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ်။
<Unicode Version>
- Advertisement -
<Zawgyi Version>
#soshwehomeandproperty
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
18 − nine =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...