HomeHome & Propertyအိမ်ခြံမြေရောင်းဝယ်ရေး ဆွေးနွေးညှိနှိုင်းမှုကို အထောက်အကူဖြစ်စေမယ့် အချက် (၄)ချက်။

အိမ်ခြံမြေရောင်းဝယ်ရေး ဆွေးနွေးညှိနှိုင်းမှုကို အထောက်အကူဖြစ်စေမယ့် အချက် (၄)ချက်။

အိမ်ခြံမြေရောင်းဝယ်ဖို့ ဆွေးနွေးညှိနှိုင်းရာမှာ ကိုယ်လိုချင်တဲ့ စျေးနှုန်းနဲ့ ကိုက်ညီတဲ့ အိမ်ခြံမြေကောင်းကို ဝယ်ယူနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက် (၄) ချက်ကို မျှဝေဖော်ပြပေးသွားပါမယ်။

- Advertisement -

အိမ်ခြံမြေရောင်းဝယ်ရေးမှာ ညှိနှိုင်းနိုင်စွမ်းဟာ အဓိက အရေးကြီးဆုံး သော့ချက်တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ခြံမြေဝယ်ယူလိုသူက အရည်အချင်းရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်ကိုလည်း ငှားရမ်းပြီး အကျိုးဆောင်နဲ့အတူတူ ဆွေးနွေးတိုင်ပင်နိုင်ဖို့လည်း အရေးကြီးပါတယ်။ အဓိကအကျဆုံးသောသော့ချက်ကတော့ ဘာလုပ်ရမလဲဆိုတာနဲ့ ဘယ်အချိန်မှာ လုပ်သင့်လဲဆိုတာကို သိထားဖို့ လိုအပ်တာပါ။

နောက်ထပ် အရေးကြီးတဲ့ အချက် (၂) ချက် ရှိပါသေးတယ်။ ပထမ တစ်ချက်ကတော့ အိမ်ခြံမြေရောင်းဝယ်တဲ့အခါမှာ အသင့်တော်ဆုံး စျေးနှုန်းကို ရရှိဖိ့ု ကြိုးစားရာမှာ ပုဂ္ဂိုလ်ရေးခံစားချက်တွေကို ဘေးဖယ်ထားရပါမယ်။ ဒုတိယ အချက်ကတော့ ဆွေးနွေးညှိနှိုင်းမှု မစတင်ခင်မှာ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်ဟာက လက်သင့်ခံလို့ရသလဲဆိုတာကို ကောင်းစွာ သိရှိနားလည်ထားရပါမယ်။

ဆက်လက်ပြီးတော့ အိမ်ခြံမြေရောင်းဝယ်ဖို့ ဆွေးနွေးညှိနှိုင်းရာမှာ ကိုယ်လိုချင်တဲ့ စျေးနှုန်းနဲ့ ကိုက်ညီတဲ့ အိမ်ခြံမြေကောင်းကို ဝယ်ယူနိုင်ဖို့ အထောက်အကူဖြစ်စေမယ့် အချက် (၄) ချက်ကို မျှဝေဖော်ပြပေးသွားပါမယ်။

- Advertisement -

၁။ သင့်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချရာမှာ ပါဝင်ခွင့်ပြုပါ။

- Advertisement -

သင်ဟာ ညှိနှိုင်းမှုကို ကြိုက်နှစ်သက်သူပဲဖြစ်ဖြစ် ၊ ကောင်းမွန်စွာ ညှိနှိုင်းနိုင်သူပဲဖြစ်ဖြစ် အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းစဉ်မှာ အများဆုံး ပါဝင်ဆောင်ရွက်နေဖို့ မလိုအပ်ပါဘူး။ သင့်ရဲ့ အိမ်ခြံမြေအကျိုးဆောင်က သင့်ကို အကောင်းဆုံးသော ရောင်းဝယ်မှုရရှိအောင် ပိုပြီး ကြိုးစားပေးနိုင်ပါတယ်။ ဝယ်ယူသူအများစုဟာ အိမ်ခြံမြေအကျိုးဆောင်ကို အရေးကြီးတဲ့ ဆုံးဖြတ်ချက်နဲ့ ညှိနှိုင်းမှုတွေမှာ ပါဝင်ခွင့်မပြုဘဲ ကိုယ်တိုင်ပြုလုပ်လေ့ရှိတာကြောင့် သူတို့လိုချင်တဲ့ အရာတွေကို ဆုံးရှုံးသွားတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။

 

၂။ လျင်မြန်စွာ တုံ့ပြန်ပါ။

အကယ်၍ ရောင်းသူက စျေးနှုန်းသတ်မှတ်လိုက်ပြီး သင့်ကို တန်ပြန်ကမ်းလှမ်းမှုတွေ ပေးနေပြီဆိုရင် အမြန်ဆုံးတုံ့ပြန်ဖို့ ကြိုးစားရပါမယ်။ သင့်အနေနဲ့ အချိန်ကြာကြာယူလေ ရောင်းသူတွေက ဝယ်ယူနိုင်ချေရှိတဲ့ အခြားဝယ်သူတွေကို ကမ်းလှမ်းမှုတွေ ပိုပြီးပြုလုပ်နိုင်လေပါပဲ။ သင်က ရောင်းသူတွေကို ချက်ချင်းတုံ့ပြန်ဖို့ မလိုပေမယ့်လည်း ရက်သတ္တပတ် အနည်းငယ်ကြာအောင် အချိန်ယူလိုက်မယ်ဆိုရင်တော့ ညှိနှိုင်းမှုမှာ အခွင့်သာနိုင်ချေ နည်းသွားတတ်ပါတယ်။

 

၃။ သင့်ရဲ့လုပ်နိုင်စွမ်းအားလုံးကို ချက်ချင်း မဖော်ပြပါနဲ့။

စေ့စပ်ညှိနှိုင်းမှုဟာ ဘယ်လိုဖြစ်လာမလဲဆိုတာကို သင်ဘယ်လိုမှ ခန့်မှန်းလို့မရပါဘူး။ ဒီတော့ သင့်ရဲ့ ရွေးချယ်မှုတွေကို အနည်းငယ်သာ လစ်ဟပြထားပါ။ ရွေးချယ်မှုအားလုံးကို ဖော်ပြထားလိုက်ပြီဆိုရင်တော့ ရောင်းသူက ညှိနှိုင်းမှုကို သူ့စိတ်တိုင်းကျ ကြိုးကိုင်လို့ရသွားမှာပါ။

 

- Advertisement -

၄။ ခေါင်းရှောင်လိုက်ခြင်းအားဖြင့် ရောင်းသူကို ကိုယ့်ဆီပြန်ရောက်လာအောင် ဆွဲဆောင်ပါ။

အကယ်၍ သင်က အိမ်ခြံမြေစျေးညှိနှိုင်းမှုမှာ အသင့်လျော်ဆုံးသော စျေးနှုန်းထားကို ရချင်တယ်ဆိုရင်တော့ တစ်ခါတစ်လေမှာ ခေါင်းရှောင်လိုက်တာမျိုး လုပ်ရပါတယ်။ ညှိနှိုင်းမှု လုပ်ငန်းစဉ်မှာ တိုးတက်မှုမရှိဘူးဆိုရင်တော့ ခေါင်းရှောင်လိုက်တာက မဆုတ်သာ မတိုးသာတဲ့ အခြေအနေကို ကျော်လွှားနိုင်မယ့် နည်းလမ်းကောင်း တစ်ခုဖြစ်ပါတယ်။

ဒါဟာ အန္တရာယ်လည်းများတာကြောင့် အိမ်ခြံမြေအကျိုးဆောင်နဲ့ ကြိုတင်ဆွေးနွေးထားဖို့တော့ လိုပါမယ်။ အထူးသဖြင့် ရောင်းချသူတွေက တခြားကမ်းလှမ်းချက်တွေနဲ့ အဆင်ပြေသွားပြီဆိုရင် ကိုယ့်ဆီ ပြန်မရောက်လာနိုင်တော့ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အလျင်အမြန် ရောင်းချချင်နေပြီး ညှိနှိုင်းလို့ရတဲ့ အခြားဝယ်သူတွေ မရှိဘူးဆိုရင်တော့ ကိုယ့်ဆီပြန်ရောက်လာတတ်ပါတယ်။

<Unicode Version>

 

 

အိမ္ျခံေျမေရာင္းဝယ္ေရး ေဆြးေႏြးညႇိႏႈိင္းမႈကို အေထာက္အကူျဖစ္ေစမယ့္ အခ်က္ (၄)ခ်က္။

အိမ္ျခံေျမေရာင္းဝယ္ေရးမွာ ညႇိႏႈိင္းႏိုင္စြမ္းဟာ အဓိက အေရးႀကီးဆံုး ေသာ့ခ်က္တစ္ခု ျဖစ္ပါတယ္။ ဒါ့အျပင္ အိမ္ျခံေျမဝယ္ယူလိုသူက အရည္အခ်င္းရွိတဲ့ အိမ္ျခံေျမအက်ိဳးေဆာင္ကိုလည္း ငွားရမ္းၿပီး အက်ိဳးေဆာင္နဲ႔အတူတူ ေဆြးေႏြးတိုင္ပင္ႏိုင္ဖို႔လည္း အေရးႀကီးပါတယ္။ အဓိကအက်ဆံုးေသာေသာ့ခ်က္ကေတာ့ ဘာလုပ္ရမလဲဆိုတာနဲ႔ ဘယ္အခ်ိန္မွာ လုပ္သင့္လဲဆိုတာကို သိထားဖို႔ လိုအပ္တာပါ။

ေနာက္ထပ္ အေရးႀကီးတဲ့ အခ်က္ (၂) ခ်က္ ရွိပါေသးတယ္။ ပထမ တစ္ခ်က္ကေတာ့ အိမ္ျခံေျမေရာင္းဝယ္တဲ့အခါမွာ အသင့္ေတာ္ဆံုး ေစ်းႏႈန္းကို ရရွိဖ႔ို ႀကိဳးစားရာမွာ ပုဂၢိဳလ္ေရးခံစားခ်က္ေတြကို ေဘးဖယ္ထားရပါမယ္။ ဒုတိယ အခ်က္ကေတာ့ ေဆြးေႏြးညႇိႏႈိင္းမႈ မစတင္ခင္မွာ စည္းမ်ဥ္းစည္းကမ္းေတြအရ ဘယ္ဟာက လက္သင့္ခံလို႔ရသလဲဆိုတာကို ေကာင္းစြာ သိရွိနားလည္ထားရပါမယ္။

ဆက္လက္ၿပီးေတာ့ အိမ္ျခံေျမေရာင္းဝယ္ဖို႔ ေဆြးေႏြးညႇိႏႈိင္းရာမွာ ကိုယ္လိုခ်င္တဲ့ ေစ်းႏႈန္းနဲ႔ ကိုက္ညီတဲ့ အိမ္ျခံေျမေကာင္းကို ဝယ္ယူႏိုင္ဖို႔ အေထာက္အကူျဖစ္ေစမယ့္ အခ်က္ (၄) ခ်က္ကို မွ်ေဝေဖာ္ျပေပးသြားပါမယ္။

၁။ သင့္ရဲ႕ အိမ္ျခံေျမအက်ိဳးေဆာင္ကို အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္ခ်ရာမွာ ပါဝင္ခြင့္ျပဳပါ။

သင္ဟာ ညႇိႏႈိင္းမႈကို ႀကိဳက္ႏွစ္သက္သူပဲျဖစ္ျဖစ္ ၊ ေကာင္းမြန္စြာ ညႇိႏႈိင္းႏိုင္သူပဲျဖစ္ျဖစ္ အိမ္ျခံေျမေရာင္းဝယ္ေရးလုပ္ငန္းစဥ္မွာ အမ်ားဆံုး ပါဝင္ေဆာင္ရြက္ေနဖို႔ မလိုအပ္ပါဘူး။ သင့္ရဲ႕ အိမ္ျခံေျမအက်ိဳးေဆာင္က သင့္ကို အေကာင္းဆံုးေသာ ေရာင္းဝယ္မႈရရွိေအာင္ ပိုၿပီး ႀကိဳးစားေပးႏိုင္ပါတယ္။ ဝယ္ယူသူအမ်ားစုဟာ အိမ္ျခံေျမအက်ိဳးေဆာင္ကို အေရးႀကီးတဲ့ ဆံုးျဖတ္ခ်က္နဲ႔ ညႇိႏႈိင္းမႈေတြမွာ ပါဝင္ခြင့္မျပဳဘဲ ကိုယ္တိုင္ျပဳလုပ္ေလ့ရွိတာေၾကာင့္ သူတို႔လိုခ်င္တဲ့ အရာေတြကို ဆံုး႐ႈံးသြားတာမ်ိဳးေတြ ျဖစ္တတ္ၾကပါတယ္။

 

၂။ လ်င္ျမန္စြာ တံု႔ျပန္ပါ။

အကယ္၍ ေရာင္းသူက ေစ်းႏႈန္းသတ္မွတ္လိုက္ၿပီး သင့္ကို တန္ျပန္ကမ္းလွမ္းမႈေတြ ေပးေနၿပီဆိုရင္ အျမန္ဆံုးတံု႔ျပန္ဖို႔ ႀကိဳးစားရပါမယ္။ သင့္အေနနဲ႕ အခ်ိန္ၾကာၾကာယူေလ ေရာင္းသူေတြက ဝယ္ယူႏိုင္ေခ်ရွိတဲ့ အျခားဝယ္သူေတြကို ကမ္းလွမ္းမႈေတြ ပိုၿပီးျပဳလုပ္ႏိုင္ေလပါပဲ။ သင္က ေရာင္းသူေတြကို ခ်က္ခ်င္းတံု႕ျပန္ဖို႔ မလိုေပမယ့္လည္း ရက္သတၱပတ္ အနည္းငယ္ၾကာေအာင္ အခ်ိန္ယူလိုက္မယ္ဆိုရင္ေတာ့ ညႇိႏႈိင္းမႈမွာ အခြင့္သာႏိုင္ေခ် နည္းသြားတတ္ပါတယ္။

 

၃။ သင့္ရဲ႕လုပ္ႏိုင္စြမ္းအားလံုးကို ခ်က္ခ်င္း မေဖာ္ျပပါနဲ႔။

ေစ့စပ္ညႇိႏႈိင္းမႈဟာ ဘယ္လိုျဖစ္လာမလဲဆိုတာကို သင္ဘယ္လိုမွ ခန္႔မွန္းလို႔မရပါဘူး။ ဒီေတာ့ သင့္ရဲ႕ ေရြးခ်ယ္မႈေတြကို အနည္းငယ္သာ လစ္ဟျပထားပါ။ ေရြးခ်ယ္မႈအားလံုးကို ေဖာ္ျပထားလိုက္ၿပီဆိုရင္ေတာ့ ေရာင္းသူက ညႇိႏႈိင္းမႈကို သူ႔စိတ္တိုင္းက် ႀကိဳးကိုင္လို႔ရသြားမွာပါ။

 

၄။ ေခါင္းေရွာင္လိုက္ျခင္းအားျဖင့္ ေရာင္းသူကို ကိုယ့္ဆီျပန္ေရာက္လာေအာင္ ဆြဲေဆာင္ပါ။

အကယ္၍ သင္က အိမ္ျခံေျမေစ်းညႇိႏႈိင္းမႈမွာ အသင့္ေလ်ာ္ဆံုးေသာ ေစ်းႏႈန္းထားကို ရခ်င္တယ္ဆိုရင္ေတာ့ တစ္ခါတစ္ေလမွာ ေခါင္းေရွာင္လိုက္တာမ်ိဳး လုပ္ရပါတယ္။ ညႇိႏႈိင္းမႈ လုပ္ငန္းစဥ္မွာ တိုးတက္မႈမရွိဘူးဆိုရင္ေတာ့ ေခါင္းေရွာင္လိုက္တာက မဆုတ္သာ မတိုးသာတဲ့ အေျခအေနကို ေက်ာ္လႊားႏိုင္မယ့္ နည္းလမ္းေကာင္း တစ္ခုျဖစ္ပါတယ္။

ဒါဟာ အႏၲရာယ္လည္းမ်ားတာေၾကာင့္ အိမ္ျခံေျမအက်ိဳးေဆာင္နဲ႔ ႀကိဳတင္ေဆြးေႏြးထားဖို႔ေတာ့ လိုပါမယ္။ အထူးသျဖင့္ ေရာင္းခ်သူေတြက တျခားကမ္းလွမ္းခ်က္ေတြနဲ႔ အဆင္ေျပသြားၿပီဆိုရင္ ကိုယ့္ဆီ ျပန္မေရာက္လာႏိုင္ေတာ့ပါဘူး။ ဘယ္လိုပဲျဖစ္ျဖစ္ အလ်င္အျမန္ ေရာင္းခ်ခ်င္ေနၿပီး ညႇိႏႈိင္းလို႔ရတဲ့ အျခားဝယ္သူေတြ မရွိဘူးဆိုရင္ေတာ့ ကိုယ့္ဆီျပန္ေရာက္လာတတ္ပါတယ္။

<Zawgyi Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nine − 6 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...