HomeHome & Propertyပေါင် ၃၅၀ နဲ့ အိမ်တစ်လုံးပိုင်ဆိုင်နိုင်တော့မယ့် ဂျပန်နိုင်ငံ။

ပေါင် ၃၅၀ နဲ့ အိမ်တစ်လုံးပိုင်ဆိုင်နိုင်တော့မယ့် ဂျပန်နိုင်ငံ။

၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ အိမ်ခြံမြေစစ်တမ်းကောက်ချက်အရ နိုင်ငံအတွင်းက ပြည်နယ်အများအပြားမှာ လူမနေတဲ့အိမ်ပေါင်း ၈.၄၉ သန်းလောက်ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ တိုင်းပြည်အတွင်းက အိမ်ခြံမြေပမာဏရဲ့ ၁၃% ပဲဖြစ်ပါတယ်။

- Advertisement -

တိုကျိုမြို့ဟာ ကမ္ဘာပေါ်မှာ အလုပ်အများဆုံးသော မြို့ကြီးအဖြစ် လူအများက သိထားကြပါတယ်။ ဒါပေမယ့် အချိန်ခဏလောက်ယူပြီး လှည့်ပတ်ကြည့်နေရင်းနဲ့ လူသူ မစည်ကားတဲ့လမ်းမတွေကို မြင်တွေ့ရတတ်ပါတယ်။ သေချာတာကတော့ ဂျပန်နိုင်ငံမှာ ဗလာကျင်းနေတဲ့ အိမ်အများအပြား ရှိနေတာကြောင့် နိုင်ငံအတွင်းက မြို့တော်တော်များများဟာ လူမနေတဲ့အိမ်တွေကို အလကားပေးနေခြင်းဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့တဲ့ ဂျပန်နိုင်ငံ အိမ်ခြံမြေစစ်တမ်းကောက်ချက်အရ နိုင်ငံအတွင်းက ပြည်နယ်အများအပြားမှာ လူမနေတဲ့အိမ်ပေါင်း ၈.၄၉ သန်းလောက်ရှိနေတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒါဟာ တိုင်းပြည်အတွင်းက အိမ်ခြံမြေပမာဏရဲ့ ၁၃% ပဲဖြစ်ပါတယ်။ “Akiya” လို့ လူသိများတဲ့ အဆိုပါအိမ်ငယ်လေးတွေကို မြို့ငယ်တွေနဲ့ ကျေးရွာတွေမှာ မကြာခဏမြင်တွေ့ရလေ့ရှိကာ ယခင်ပိုင်ရှင်တွေက မိသားစုဝင် များပြားလာတာကြောင့် ၄င်းတို့ရဲ့အိမ်အဟောင်းတွေကို စွန့်ခွာပြီး မြို့ကြီးတွေကို ပြောင်းရွှေ့နေထိုင်သွားကြတာကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

ဘယ်လို အကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် ငါးနှစ်အတွင်းမှာ အဆိုပါ အိမ်အရေအတွက်ဟာ ၃.၂% လောက်ထိ မြင့်တက်လာခဲ့ပြီး ဒေသခံအာဏာပိုင်တွေအတွက်တော့ ဒါဟာ အဓိက ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အချို့ကတော့ နိုင်ငံအတွင်းမှာ အခုထက်ပိုပြီး အဆင့်မြင့်တိုးတက်လာရင် ၄င်းတို့နေထိုင်ရာမြို့တွေဟာ မြို့ပျက်ကြီးလိုဖြစ်လာမှာကို စိုးရိမ်ပူပန်နေကြပါတယ်။ သတင်းပေးပို့ချက်တစ်ခုမှာတော့ အချို့သော စီရင်စုတွေမှာ လူမနေတဲ့အိမ်တွေဟာ ၁၈% လောက် ရှိလာပြီလို့ သိရပါတယ်။

- Advertisement -

 

- Advertisement -

Insider ရဲ့ အဆိုအရ ဒေသခံတွေဟာ “Akiya Banks” ဆိုတဲ့ ဝဘ်ဆိုဒ်ကိုပြုလုပ်ပြီး လူတွေကို သူတို့အနားမှာရှိတဲ့ အိမ်အလွတ်တွေကို ဝယ်ယူဖို့ ဒီဝဘ်ဆိုဒ်ပေါ်မှာ တိုက်တွန်းခဲ့ပါတယ်။ ဒီဝဘ်ဆိုဒ်ပေါ်မှာတော့ အချို့သော အိမ်တွေကို ယန်း ၅ သောင်း (ပေါင် ၃၅၀) သာ ကျသင့်မယ်လို့ ဖော်ပြထားပါတယ်။ Okutama မြို့က ဟောင်းနွမ်းနေတဲ့ အဆောက်အအုံတွေကို ပိုင်ရှင်အသစ်တွေဆီ အခမဲ့လွှဲပြောင်းပေးခဲ့ပြီး တိုကျိုမြို့အနားမှာရှိတဲ့ ဆင်ခြေဖုံးမြို့တစ်ခုက ပြောင်းရွှေ့နေထိုင်သူတွေကို အလုပ်ရုံနဲ့ စီးပွါးရေးလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပါ ပေးအပ်ခဲ့ပါတယ်။

Okutama အစိုးရအဖွဲ့ရဲ့ အရာရှိတစ်ဦးက “အဆိုပါစီမံကိန်းဟာ အိမ်ခြံမြေတွေကို အသုံးပြုဖို့နဲ့ အနာဂါတ်မှာ ပြိုလဲပျက်စီးသွားနိုင်တဲ့ စွန့်ပစ်ခံအဆောက်အအုံ အရေအတွက်ကို လျှော့ချရာလည်း ရောက်ပါတယ်။” လို့ Nikkei သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခြားနေရာတွေမှာတော့ ဂျပန်နိ်ုင်ငံသားတွေကို ပရိဘောဂ မရှိတဲ့အိမ်တွေဆီ ပြောင်းရွွှေ့နေထိုင်ခွင့်ပေးပြီး ထောက်ပံ့ကြေးတွေ ပေးအပ်လေ့ရှိပါတယ်။ Hokkaido စီရင်စုက Mikasa မှာ အိမ်ဝယ်ယူတာနဲ့ ကလေးစောင့်ရှောက်ရေးအတွက် ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့ခြင်းကြောင့် မြို့အတွင်းက လူမနေတဲ့ အိမ်အရေအတွက်ဟာ ၁၁% လောက် လျော့ကျသွားခဲ့ပါတယ်။ Tottori စီရင်စုက Daisen မြို့မှာတော့ အိမ်ကိုပြုပြင်မွမ်းမံပြီး နေထိုင်ဖို့အတွက် ယန်း (၂) သန်း ကမ်းလှမ်းခဲ့ပြီးနောက်မှာ လူမနေတဲ့အိမ်အရေအတွက်ဟာ ၇.၉% တောင် ကျဆင်းသွားခဲ့ပါတယ်။

 

အထူးသဖြင့် ငယ်ရွယ်တဲ့မိသားစုဝင်တွေရှိတဲ့ အိမ်ထောင်စုတွေကို ဂျပန်လူမျိုးအများစု နေထိုင်ရာ နေရာတွေမှာ စျေးနှုန်းချိုသာစွာနဲ့ ရောင်းချပေးတာမျိုးတွေ ရှိပါတယ်။ အံ့သြစရာကောင်းလောက်အောင် ချိုသာတဲ့စျေးနှုန်းနဲ့အိမ်တွေကို ဂျပန်နိုင်ငံမှာတင်မဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း ဝယ်ယူလို့ရပါသေးတယ်။ Insider ရဲ့ သတင်းပေးပို့ချက်အရ အမေရိကန်ပြည်ထောင်စုက ထောင်ပေါင်းများစွာသော မြို့ခံတွေဟာ ၄င်းတို့နေထိုင်ရာ ရပ်ဝန်းမှာ အခြားလူများ လာရောက်နေထိုင်ဖို့ အိမ်ခြံမြေတွေကို အခမဲ့ပေးတာမျိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အီတလီနိုင်ငံက Cinquefrondi မြို့ဟာ အိမ်တစ်အိမ်ကို “၁ယူရို” တည်းနဲ့ ရောင်းချဖို့ ကြေငြာခဲ့တာလည်းရှိပါတယ်။

<Unicode Version>

- Advertisement -

 

ေပါင္ ၃၅၀ နဲ႔ အိမ္တစ္လုံးပိုင္ဆိုင္ႏိုင္ေတာ့မယ့္ ဂ်ပန္ႏိုင္ငံ။

တိုက်ိဳၿမိဳ႕ဟာ ကမာၻေပၚမွာ အလုပ္အမ်ားဆံုးေသာ ၿမိဳ႕ႀကီးအျဖစ္ လူအမ်ားက သိထားၾကပါတယ္။ ဒါေပမယ့္ အခ်ိန္ခဏေလာက္ယူၿပီး လွည့္ပတ္ၾကည့္ေနရင္းနဲ႔ လူသူ မစည္ကားတဲ့လမ္းမေတြကို ျမင္ေတြ႕ရတတ္ပါတယ္။ ေသခ်ာတာကေတာ့ ဂ်ပန္ႏိုင္ငံမွာ ဗလာက်င္းေနတဲ့ အိမ္အမ်ားအျပား ရွိေနတာေၾကာင့္ ႏိုင္ငံအတြင္းက ၿမိဳ႕ေတာ္ေတာ္မ်ားမ်ားဟာ လူမေနတဲ့အိမ္ေတြကို အလကားေပးေနျခင္းျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက ျပဳလုပ္ခဲ့တဲ့ ဂ်ပန္ႏိုင္ငံ အိမ္ျခံေျမစစ္တမ္းေကာက္ခ်က္အရ ႏိုင္ငံအတြင္းက ျပည္နယ္အမ်ားအျပားမွာ လူမေနတဲ့အိမ္ေပါင္း ၈.၄၉ သန္းေလာက္ ရွိေနတာကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ဒါဟာ တိုင္းျပည္အတြင္းက အိမ္ျခံေျမပမာဏရဲ႕ ၁၃% ပဲျဖစ္ပါတယ္။ “Akiya” လို႔ လူသိမ်ားတဲ့ အဆိုပါအိမ္ငယ္ေလးေတြကို ၿမိဳ႕ငယ္ေတြနဲ႔ ေက်းရြာေတြမွာ မၾကာခဏျမင္ေတြ႕ရေလ့ရွိကာ ယခင္ပိုင္ရွင္ေတြက မိသားစုဝင္ မ်ားျပားလာတာေၾကာင့္ ၄င္းတို႔ရဲ႕အိမ္အေဟာင္းေတြကို စြန္႔ခြာၿပီး ၿမိဳ႕ႀကီးေတြကို ေျပာင္းေရႊ႕ေနထိုင္သြားၾကတာေၾကာင့္ ျဖစ္ေပၚလာျခင္းျဖစ္ပါတယ္။

ဘယ္လို အေၾကာင္းျပခ်က္ေၾကာင့္ပဲျဖစ္ျဖစ္ ငါးႏွစ္အတြင္းမွာ အဆိုပါ အိမ္အေရအတြက္ဟာ ၃.၂% ေလာက္ထိ ျမင့္တက္လာခဲ့ၿပီး ေဒသခံအာဏာပိုင္ေတြအတြက္ေတာ့ ဒါဟာ အဓိက ျပႆနာတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။ အခ်ိဳ႕ကေတာ့ ႏိုင္ငံအတြင္းမွာ အခုထက္ပိုၿပီး အဆင့္ျမင့္တိုးတက္လာရင္ ၄င္းတို႔ေနထိုင္ရာၿမိဳ႕ေတြဟာ ၿမိဳ႕ပ်က္ႀကီးလိုျဖစ္လာမွာကို စိုးရိမ္ပူပန္ေနၾကပါတယ္။ သတင္းေပးပို႔ခ်က္တစ္ခုမွာေတာ့ အခ်ိဳ႕ေသာ စီရင္စုေတြမွာ လူမေနတဲ့အိမ္ေတြဟာ ၁၈% ေလာက္ ရွိလာၿပီလို႔ သိရပါတယ္။

Insider ရဲ႕ အဆိုအရ ေဒသခံေတြဟာ “Akiya Banks” ဆိုတဲ့ ဝဘ္ဆိုဒ္ကိုျပဳလုပ္ၿပီး လူေတြကို သူတို႔အနားမွာရွိတဲ့ အိမ္အလြတ္ေတြကို ဝယ္ယူဖို႔ ဒီဝဘ္ဆိုဒ္ေပၚမွာ တိုက္တြန္းခဲ့ပါတယ္။ ဒီဝဘ္ဆိုဒ္ေပၚမွာေတာ့ အခ်ိဳ႕ေသာ အိမ္ေတြကို ယန္း ၅ ေသာင္း (ေပါင္ ၃၅၀) သာ က်သင့္မယ္လို႔ ေဖာ္ျပထားပါတယ္။ Okutama ၿမိဳ႕က ေဟာင္းႏြမ္းေနတဲ့ အေဆာက္အအံုေတြကို ပိုင္ရွင္အသစ္ေတြဆီ အခမဲ့လႊဲေျပာင္းေပးခဲ့ၿပီး တိုက်ိဳၿမိဳ႕အနားမွာရွိတဲ့ ဆင္ေျခဖံုးၿမိဳ႕တစ္ခုက ေျပာင္းေရႊ႕ေနထိုင္သူေတြကို အလုပ္႐ံုနဲ႔ စီးပြါးေရးလုပ္ငန္းေတြ လုပ္ကိုင္ခြင့္ပါ ေပးအပ္ခဲ့ပါတယ္။

Okutama အစိုးရအဖြဲ႕ရဲ႕ အရာရွိတစ္ဦးက “အဆိုပါစီမံကိန္းဟာ အိမ္ျခံေျမေတြကို အသံုးျပဳဖို႔နဲ႔ အနာဂါတ္မွာ ၿပိဳလဲပ်က္စီးသြားႏိုင္တ့ဲ စြန္႔ပစ္ခံအေဆာက္အအံု အေရအတြက္ကို ေလွ်ာ့ခ်ရာလည္း ေရာက္ပါတယ္။” လို႔ Nikkei သတင္းဌာနကို ေျပာၾကားခ့ဲပါတယ္။

အျခားေနရာေတြမွာေတာ့ ဂ်ပန္ႏိ္ုင္ငံသားေတြကို ပရိေဘာဂ မရွိတဲ့အိမ္ေတြဆီ ေျပာင္းေရြႊ႕ေနထိုင္ခြင့္ေပးၿပီး ေထာက္ပံ့ေၾကးေတြ ေပးအပ္ေလ့ရွိပါတယ္။ Hokkaido စီရင္စုက Mikasa မွာ အိမ္ဝယ္ယူတာနဲ႔ ကေလးေစာင့္ေရွာက္ေရးအတြက္ ေထာက္ပံ့ေငြေတြ ေပးအပ္ခဲ့ျခင္းေၾကာင့္ ၿမိဳ႕အတြင္းက လူမေနတဲ့ အိမ္အေရအတြက္ဟာ ၁၁% ေလာက္ ေလ်ာ့က်သြားခဲ့ပါတယ္။ Tottori စီရင္စုက Daisen ၿမိဳ႕မွာေတာ့ အိမ္ကိုျပဳျပင္မြမ္းမံၿပီး ေနထိုင္ဖို႔အတြက္ ယန္း (၂) သန္း ကမ္းလွမ္းခဲ့ၿပီးေနာက္မွာ လူမေနတဲ့အိမ္အေရအတြက္ဟာ ၇.၉% ေတာင္ က်ဆင္းသြားခဲ့ပါတယ္။

အထူးသျဖင့္ ငယ္ရြယ္တဲ့မိသားစုဝင္ေတြရွိတဲ့ အိမ္ေထာင္စုေတြကို ဂ်ပန္လူမ်ိဳးအမ်ားစု ေနထိုင္ရာ ေနရာေတြမွာ ေစ်းႏႈန္းခ်ိဳသာစြာနဲ႔ ေရာင္းခ်ေပးတာမ်ိဳးေတြ ရွိပါတယ္။ အံ့ၾသစရာေကာင္းေလာက္ေအာင္ ခ်ိဳသာတဲ့ေစ်းႏႈန္းနဲ႔အိမ္ေတြကို ဂ်ပန္ႏိုင္ငံမွာတင္မဟုတ္ဘဲ အျခားႏိုင္ငံေတြမွာလည္း ဝယ္ယူလို႔ရပါေသးတယ္။ Insider ရဲ႕ သတင္းေပးပို႔ခ်က္အရ အေမရိကန္ျပည္ေထာင္စုက ေထာင္ေပါင္းမ်ားစြာေသာ ၿမိဳ႕ခံေတြဟာ ၄င္းတို႔ေနထိုင္ရာ ရပ္ဝန္းမွာ အျခားလူမ်ား လာေရာက္ေနထိုင္ဖို႔ အိမ္ျခံေျမေတြကို အခမဲ့ေပးတာမ်ိဳးေတြ ရွိပါတယ္။ ၿပီးခ့ဲတ့ဲႏွစ္တုန္းကလည္း အီတလီႏိုင္ငံက Cinquefrondi ၿမိဳ႕ဟာ အိမ္တစ္အိမ္ကို “၁ယူ႐ို” တည္းနဲ႔ ေရာင္းခ်ဖို႔ ေၾကျငာခဲ့တာလည္းရွိပါတယ္။

<Zawgyi Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

11 + 8 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...