HomeOtherသမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှစ်တစ်နှစ်။

သမိုင်းတစ်လျှောက် အဆိုးရွားဆုံးနှစ်တစ်နှစ်။

- Advertisement -

အခုချိန်မှာ တစ်စုံတစ်ယောက်ကို “ခင်ဗျားအတွက် အဆိုးရွားဆုံးသော ခုနှစ်ကိုပြောပါ။” လို့ မေးလိုက်ရင် အများစုကတော့ သေချာပေါက် ၂၀၂၀ ခုနှစ်လို့ ပြောကြမှာပါပဲ။ ၂၀၂၀ ခုနှစ်မှာဖြစ်ပေါ်လာတဲ့ Covid-19 ကပ်ရောဂါကြောင့် လူသားတွေဟာ မထင်မှတ်ထားတဲ့ အခက်အခဲ အကြပ်အတည်းတွေနဲ့ ကြုံတွေ့လာရပါတယ်။

ဒါပေမယ့် သမိုင်းပညာရှင်နဲ့ ရှေးဟောင်းသုတေသနပညာရှင် Michael McCormick က အခြေအနေတစ်ရပ်လုံးကို ကွဲပြားခြားနားစွာ ဖော်ပြခဲ့ပါတယ်။ Michael ရဲ့ အဆိုအရ အေဒီ ၅၃၆ ကာလဟာ အသက်ရှင်ဖို့ အဆိုးရွားဆုံးသော ခုနှစ်ဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေမျိုးကို ကြုံတွေ့ရလို့လည်း သင်ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။ ၂၀၂၀ ခုနှစ်ကို အဆိုးရွားဆုံးခုနှစ်လို့ထင်ရင် ၁၉၁၈ ခုနှစ်ဆိုရင်ရော? ၁၉၁၈ ခုနှစ်ဟာ ပထမကမ္ဘာစစ်ရဲ့ အဆုံးသတ်ဖြစ်သလို အဲ့ဒီအချိန်တုန်းက စပိန်တုပ်ကွေးရောဂါ စတင်ပျံ့ပွါးလာကာ ကမ္ဘာတစ်ဝှမ်း တုပ်ကွေးရောဂါကြောင့် လူသန်း ၁၀၀ လောက် သေဆုံးသွားခဲ့ပါတယ်။ ဖြစ်ပျက်ခဲ့တာတွေ အားလုံးကို ပြန်ကြည့်မယ်ဆိုရင်တော့ ၁၉၁၈ ခုနှစ်ဟာ အဆိုးရွားဆုံးသော နှစ်တစ်နှစ် ဖြစ်နေဆဲပါပဲ။

- Advertisement -

၁၃၄၉ ခုနှစ်တုန်းကလည်း “Black Death” လို့အမည်ရတဲ့ အကျိတ်ထွက် ပလိပ်ရောဂါကနေတစ်ဆင့် လူသန်းပေါင်း ၂၀၀ လောက်ရဲ့ အသက်ဝိညာဉ်တွေ ဆုံးရှုံးခဲ့ရပြီး ထိုအရေအတွက်ဟာ ဥရောပတိုက်လူဦးရေရဲ့ ထက်ဝက်ခန့်လောက် အသက်သေဆုံးစေခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်ပေါ်ခဲ့တဲ့ခုနှစ်ဟာလည်း ဆိုးရွားတဲ့နှစ်တစ်နှစ်လို့ ပြောလို့ရသလို ၅၃၆ ခုနှစ်ဟာ အဆိုးရွားဆုံးနှစ်တစ်နှစ်ဖြစ်တယ်လို့ သတ်မှတ်ထားတဲ့ အကြောင်းအရင်းကိုလည်း ဆက်လက်လေ့လာကြည့်ရအောင်။ ၅၃၆ ခုနှစ်တုန်းက မီးတောင်ပေါက်ကွဲရာကနေ ထွက်ပေါ်လာခဲ့တဲ့ ပြာမှုန့်တွေဟာ ၁၈ လ ကြာမြင့်တဲ့အထိ နေ့ခင်းအမှောင်ထုကို ဖြစ်ပေါ်စေခဲ့ကာ ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာရှတိုက်ရဲ့ အစိတ်အပိုင်းတချို့ကို မြူတွေနဲ့ ဖုံးလွှမ်းစေခဲ့ပါတယ်။

- Advertisement -

ဟားဗတ်တက္ကသိုလ်က သမိုင်းပါမောက္ခ McCormick က “၅၃၆ ခုနှစ်ဟာ လူ့သမိုင်းမှာ အဆိုးရွားဆုံးသော အချိန်ကာလတစ်ခုပဲ။” လို့ ဆိုခဲ့ပါတယ်။ ၅၃၆ ခုနှစ် အစောပိုင်းမှာတော့ Iceland မှာ ဖြစ်ပွါးခဲ့တဲ့ မီးတောင်ပေါက်ကွဲမှုဖြစ်ပြီးနောက် McCormick နဲ့ ရေခဲမြစ်ပညာရှင် Paul Mayewski တို့က ဆွစ်ဇာလန်ရေခဲမြစ်နဲ့ ပတ်သက်ပြီး လေ့လာမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

Byzantine သမိုင်းပညာရှင် Procopius က “တစ်နှစ်ပတ်လုံးမှာ နေဟာတောက်ပမှုမပါတဲ့ အလင်းရောင်ကိုသာ ပေးစွမ်းခဲ့ပါတယ်။ တစ်နည်းအားဖြင့် လလိုမျိုးပေါ့။” လို့ ရေးသားခဲ့ဖူးပါတယ်။ ရောမနိုင်ငံရေးသမား Cassiodorus ကလည်း “နေရဲ့အရောင်ဟာ အပြာရောင်သန်းနေပြီး လဟာ အရောင်တောက်ပခြင်းမရှိသလို ရာသီဥတုအားလုံးဟာလည်း အတူတကွ ပေါင်းစပ်ဖြစ်ပါ်နေပုံရတယ်။ အဲ့အချိန်တုန်းက နေမွန်းတည့်ချိန်မှာ လူတွေရဲ့ခန္ဓာကိုယ်မှာ အရိပ်မရှိခဲ့ဘူး။” လို့ ဆိုခဲ့ပါတယ်။

အမှောင်ဖုံးတဲ့ နေ့ရက်တွေရဲ့အလွန်မှာ အေးခဲတဲ့ကာလကျရောက်လာပြီး နွေရာသီဟာ အပူချိန် ၁.၅ ဒီဂရီစင်တီဂရိတ်ကနေ ၂.၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၀၀ အတွင်းမှာ အအေးဓါတ် စတင်လွန်ကဲတဲ့ ရာစုနှစ်ရဲ့အစဖြစ်ပြီး စပါးသီးနှံတွေ ပျက်စီးခဲ့တာကြောင့် ကမ္ဘာတစ်ဝှမ်းမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ကမ္ဘာ့အဆိုးရွားဆုံးသော ကံဆိုးမိုးမှောင်ကျခြင်းအဖြစ် သတ်မှတ်ထားတဲ့ ပလိပ်ကပ်ရောဂါဟာ ၅၄၁ ခုနှစ်မှာ ဖြစ်ပေါ်လာခဲ့ပါတယ်။ အဆိုပါကပ်ရောဂါကို ဂျပ်စတိုနီယန်ပလိပ်ရောဂါလို့ခေါ်ပြီး အီဂျစ်နိုင်ငံရှိ ရောမဆိပ်ကမ်းမြို့ဖြစ်တဲ့ Pelusium မြို့တော်ကနေ စတင်ပျံ့နှံ့လာခဲ့ကာ အရှေ့ရောမအင်ပါယာရဲ့ လူဦးရေတစ်ဝက်ခန့် သေဆုံးသွားပြီး နောက်ဆုံးမှာတော့ ပြိုကွဲပျက်စီးမှုဆီ ရောက်ရှိသွားခဲ့ပါတယ်။ ပြင်းထန်တဲ့မီးတောင်ပေါက်ကွဲမှုဟာ ၅၄၀ ခုနှစ် နဲ့ ၅၄၇ ခုနှစ်ကြားမှာ ဖြစ်ပွါးခဲ့ပြီး ပလိပ်ကပ်ရောဂါနဲ့ ရုတ်တရက်ကျရောက်ခဲ့တဲ့ ကပ်ဆိုးတွေကြောင့် ဥရောပမှာ စီးပွါးရေးကျဆင်းမှုဒဏ်ကို ရာစုနှစ် တစ်ခုစာလောက် ခံစားခဲ့ရပါတယ်။

<Unicode Version>

 

- Advertisement -

#soshwenews

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

13 + 8 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...