Breaking News

ကမ္ဘာ့ပထမဦးဆုံးဖြစ်လာမယ့် ရေပေါ်ကျွန်းစုမြို့။

ရာသီဥတုပြောင်းလဲမှုဟာ ပင်လယ်ရေမျက်နှာပြင်ကို စဉ်ဆက်မပြတ် မြင့်တက်လာမှုတွေ ဖြစ်ပေါ်စေတာကြောင့် Maldives ကျွန်းစုနိုင်ငံဟာလည်း အနာဂါတ်မှာ မြင့်တက်လာတဲ့ ရေပြင်အောက်မှာ ပျောက်ကွယ်သွားလိမ့်မယ်လို့ ပညာရှင်တွေက ခန့်မှန်းသတိပေးပြီးနောက်မှာ အစိုးရအဖွဲ့အနေနဲ့ ရေပေါ်မြို့ကို တည်ဆောက်ဖို့ စီစဉ်လာပါတော့တယ်။

NASA ရဲ့ အဆိုအရ Maldives ဟာ ကမ္ဘာပေါ်က မြေအနိမ့်ဆုံးဒေသမှာ ဖြစ်တည်နေတဲ့နိုင်ငံဖြစ်ပြီး ပျမ်းမျှပင်လယ်ရေပြင်အထက် ၃.၃ ပေမှာ တည်ရှိနေပါတယ်။ အကယ်၍ ခန့်မှန်းချက်တွေကသာ မှန်ကန်မယ်ဆိုရင် အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်းမှာရှိနေတဲ့ Maldives ဟာ ဒေသခံတွေ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ရေရှည်တည်တံ့တဲ့ အိမ်ယာတွေကို ဖန်တီးတည်ဆောက်ပေးဖို့ လိုအပ်လာတော့မှာပဲဖြစ်ပါတယ်။

Maldives Floating City (MFC) ကို Male မြို့ကနေ မိနစ်အနည်းငယ်သာကွာဝေးတဲ့ ပင်လယ်ထုံးအိုင်အတွင်းမှာ တည်ဆောက်မှာဖြစ်တယ်လို့ ကနဦးသတင်းတွေအရ သိရှိရပါတယ်။ Maldives ရေပေါ်မြို့ရှိ အခြေခံအဆောက်အအုံများ တည်ဆောက်ရာတွင် ကမ္ဘာ့ထိပ်သီးနေရာမှာရှိနေတဲ့ နယ်သာလန်အခြေစိုက် Dutch Docklands က ဒီဇိုင်းရေးဆွဲမှာဖြစ်ပြီး ဒီဇိုင်းပုံစံအနေနဲ့ ဆဋ္ဌဂံဝင်္ကပါနဲ့ဆင်တူသလို သန္တာကျောက်တန်းနဲ့လည်း ဆင်တူနေပါတယ်။ ရေပေါ်စနစ်ကို ဘယ်လိုတည်ငြိမ်အောင် လုပ်မလဲဆိုရင်တော့ အခြေခိုင်တဲ့ ကျွန်းစုစည်းဝိုင်းအတွင်းမှာ ကျောက်ဆူးချထားမယ်လို့ သိရှိရပါတယ်။

ရေပေါ်ကျွန်းစုမြို့ကို ပင်လယ်ထုံးအိုင်ထဲမှာ နေရာချထားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ခိုင်မြဲတဲ့တည်ငြိမ်မှုကို ဖန်တီးနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ရေပေါ်မြို့တစ်မြို့လုံးရဲ့ အကျယ်အဝန်းဟာ ဟက်တာ ၁၀၀ ခန့်ရှိပြီး မြို့အတွင်းက သီးခြားအဆောက်အဦးတွေပေါ်မှာ လူနေအိမ်တွေနဲ့ စီးပွါးဖြစ်လုပ်ငန်းတွေကိုလည်း ထည့်သွင်းတည်ဆောက်သွားမယ်လို့ သိရှိရပါတယ်။ အဆိုပါ ရေပေါ်မြို့ကို Maldives ရဲ့ ရှေးဟောင်းဒေသခံ ဗိသုကာလက်ရာတွေနဲ့ ပင်လယ်ရေးကြောင်းယဉ်ကျေးမှုတွေကို မှီငြမ်းပြီး တည်ဆောက်သွားမယ်လို့ သိရှိရပါတယ်။

ဆဋ္ဌဂံသန္တာကျောက်တန်းပုံ ဖွဲ့စည်းထားတဲ့ အခြေခံအုတ်မြစ်ဟာ ထောင်ချီတဲ့အိမ်တွေကို မ, တည်ပေးထားနိုင်မှာဖြစ်ပြီး စတုရန်းပေ ၁၀၀၀ ခန့်အတွက် ဒေါ်လာ ၂၅၀၀၀၀ တန်ဖိုးရှိ အိမ်တစ်အိမ်စီမှာ ခေါင်မိုးလှေကားထစ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ဒီဇိုင်နာတွေရဲ့ ပြောပြချက်အရ ၄င်းတို့ရဲ့ရည်မှန်းချက်ဟာ ဒေသခံရိုးရာငါးဖမ်းမိသားစုတွေကို ရေပေါ်မြို့မှာ နေထိုင်ခွင့်ရစေဖို့ ဖြစ်တယ်လို့ သိရှိရပြီး ဒေသခံတွေအနေနဲ့ အိမ်ယာစျေးနှုန်းဟာ မြင့်မားလွန်းတာမို့ ထောက်ပံ့ကြေးပေးထားတဲ့ အိမ်ယာကိုသာ ရွေးချယ်ကြလိမ့်မယ်လို့ ခန်းမှန်းရပါတယ်။

အခုချိန်မှာတော့ ကမ္ဘာတစ်ဝှမ်းမှာ ရိုးရာရေပေါ်မြို့တွေ တည်ရှိနေပြီဖြစ်ပေမယ့်လည်း Maldives က ရေပေါ်မြို့ကိုတော့ လူနေအိမ်နဲ့ အခြားသော အခြေခံအဆောက်အအုံတွေနဲ့ ပေါင်းစပ်တည်ဆောက်ထားတဲ့ ထူးခြားတဲ့ပေါင်းစပ်မှုတစ်ခုအဖြစ် မြင်တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါရေပေါ်မြို့ကို ထုံးအိုင်အတားအဆီးနဲ့ ဝန်းရံထားပြီး သာယာအဆင်ပြေတဲ့ အခင်းအကျင်းများစွာကိုလည်း ထည့်သွင်းတည်ဆောက်ပေးသွားမယ်လို့ သိရှိရပါတယ်။

စီမံကိန်းရဲ့ရလဒ်အနေနဲ့ကတော့ ထောင်ချီတဲ့အိမ်တွေ ၊ စီးပွါးဖြစ်နေရာအများအပြားနဲ့ ဒေသခံတွေအတွက် အကျိုးရှိစေမယ့် စာသင်ကျောင်းနဲ့ ဆေးရုံတွေပါဝင်တဲ့ ရေပေါ်မြို့ကြီး ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာတာနဲ့အမျှ ရေပေါ်မြို့ကို ပိုမိုတည်ငြိမ်မှုရရှိစေဖို့ မော်ဂျူးဆက်သွယ်မှုကို ထည့်သွင်းတပ်ဆင်ထားပါတယ်။ အဆိုပါစီမံကိန်းနဲ့အတူ Maldives လိုမျိုး အခြားကျွန်းစုနိုင်ငံတွေဖြစ်တဲ့ Micronesia နဲ့ Nauru တို့ဟာလည်း ၎င်းတို့ရဲ့နယ်နိမိတ်အတွင်းမှာ ရာသီဥတုပြောင်းလဲမှုအန္တရာယ်ကို ကာကွယ်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုလာနိုင်ပါတယ်။

<Unicode Version>

 

 

ကမာၻ႔ပထမဦးဆံုးျဖစ္လာမယ့္ ေရေပၚကၽြန္းစုၿမိဳ႕။

ရာသီဥတုေျပာင္းလဲမႈဟာ ပင္လယ္ေရမ်က္ႏွာျပင္ကို စဥ္ဆက္မျပတ္ ျမင့္တက္လာမႈေတြ ျဖစ္ေပၚေစတာေၾကာင့္ Maldives ကၽြန္းစုႏိုင္ငံဟာလည္း အနာဂါတ္မွာ ျမင့္တက္လာတဲ့ ေရျပင္ေအာက္မွာ ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ ပညာရွင္ေတြက ခန္႔မွန္းသတိေပးၿပီးေနာက္မွာ အစိုးရအဖြဲ႕အေနနဲ႕ ေရေပၚၿမိဳ႕ကို တည္ေဆာက္ဖို႕ စီစဥ္လာပါေတာ့တယ္။

NASA ရဲ႕ အဆိုအရ Maldives ဟာ ကမာၻေပၚက ေျမအနိမ့္ဆံုးေဒသမွာ ျဖစ္တည္ေနတဲ့ႏိုင္ငံျဖစ္ၿပီး ပ်မ္းမွ်ပင္လယ္ေရျပင္အထက္ ၃.၃ ေပမွာ တည္ရွိေနပါတယ္။ အကယ္၍ ခန္႔မွန္းခ်က္ေတြကသာ မွန္ကန္မယ္ဆိုရင္ အိႏၵိယသမုဒၵရာေျမာက္ပိုင္းမွာရွိေနတဲ့ Maldives ဟာ ေဒသခံေတြ ရွင္သန္ရပ္တည္ႏိုင္ဖို႔အတြက္ ေရရွည္တည္တံ့တဲ့ အိမ္ယာေတြကို ဖန္တီးတည္ေဆာက္ေပးဖို႕ လိုအပ္လာေတာ့မွာပဲျဖစ္ပါတယ္။

Maldives Floating City (MFC) ကို Male ၿမိဳ႕ကေန မိနစ္အနည္းငယ္သာကြာေဝးတဲ့ ပင္လယ္ထံုးအိုင္အတြင္းမွာ တည္ေဆာက္မွာျဖစ္တယ္လို႕ ကနဦးသတင္းေတြအရ သိရွိရပါတယ္။ Maldives ေရေပၚၿမိဳ႕ရွိ အေျခခံအေဆာက္အအံုမ်ား တည္ေဆာက္ရာတြင္ ကမာၻ႕ထိပ္သီးေနရာမွာရွိေနတဲ့ နယ္သာလန္အေျခစိုက္ Dutch Docklands က ဒီဇိုင္းေရးဆြဲမွာျဖစ္ၿပီး ဒီဇိုင္းပုံစံအေနနဲ႕ ဆ႒ဂံဝကၤပါနဲ႔ဆင္တူသလို သႏၲာေက်ာက္တန္းနဲ႔လည္း ဆင္တူေနပါတယ္။ ေရေပၚစနစ္ကို ဘယ္လိုတည္ၿငိမ္ေအာင္ လုပ္မလဲဆိုရင္ေတာ့ အေျခခိုင္တဲ့ ကၽြန္းစုစည္းဝိုင္းအတြင္းမွာ ေက်ာက္ဆူးခ်ထားမယ္လို႕ သိရွိရပါတယ္။

ေရေပၚကၽြန္းစုၿမိဳ႕ကို ပင္လယ္ထံုးအိုင္ထဲမွာ ေနရာခ်ထားရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းကေတာ့ ခိုင္ၿမဲတဲ့တည္ၿငိမ္မႈကို ဖန္တီးႏိုင္ဖို႕အတြက္ ျဖစ္ပါတယ္။ ေရေပၚၿမိဳ႕တစ္ၿမိဳ႕လံုးရဲ႕ အက်ယ္အဝန္းဟာ ဟက္တာ ၁၀၀ ခန္႕ရွိၿပီး ၿမိဳ႕အတြင္းက သီးျခားအေဆာက္အဦးေတြေပၚမွာ လူေနအိမ္ေတြနဲ႔ စီးပြါးျဖစ္လုပ္ငန္းေတြကိုလည္း ထည့္သြင္းတည္ေဆာက္သြားမယ္လို႔ သိရွိရပါတယ္။ အဆိုပါ ေရေပၚၿမိဳ႕ကို Maldives ရဲ႕ ေရွးေဟာင္းေဒသခံ ဗိသုကာလက္ရာေတြနဲ႔ ပင္လယ္ေရးေၾကာင္းယဥ္ေက်းမႈေတြကို မွီျငမ္းၿပီး တည္ေဆာက္သြားမယ္လို႕ သိရွိရပါတယ္။

ဆ႒ဂံသႏၲာေက်ာက္တန္းပံု ဖြဲ႕စည္းထားတဲ့ အေျခခံအုတ္ျမစ္ဟာ ေထာင္ခ်ီတဲ့အိမ္ေတြကို မ, တည္ေပးထားႏိုင္မွာျဖစ္ၿပီး စတုရန္းေပ ၁၀၀၀ ခန္႔အတြက္ ေဒၚလာ ၂၅၀၀၀၀ တန္ဖိုးရွိ အိမ္တစ္အိမ္စီမွာ ေခါင္မိုးေလွကားထစ္ေတြလည္း ပါဝင္မွာျဖစ္ပါတယ္။ ဒီဇိုင္နာေတြရဲ႕ ေျပာျပခ်က္အရ ၄င္းတို႔ရဲ႕ရည္မွန္းခ်က္ဟာ ေဒသခံ႐ိုးရာငါးဖမ္းမိသားစုေတြကို ေရေပၚၿမိဳ႕မွာ ေနထိုင္ခြင့္ရေစဖို႔ ျဖစ္တယ္လို႔ သိရွိရၿပီး ေဒသခံေတြအေနနဲ႕ အိမ္ယာေစ်းႏႈန္းဟာ ျမင့္မားလြန္းတာမို႔  ေထာက္ပံ့ေၾကးေပးထားတဲ့ အိမ္ယာကိုသာ ေရြးခ်ယ္ၾကလိမ့္မယ္လို႔ ခန္းမွန္းရပါတယ္။

အခုခ်ိန္မွာေတာ့ ကမာၻတစ္ဝွမ္းမွာ ႐ိုးရာေရေပၚၿမိဳ႕ေတြ တည္ရွိေနၿပီျဖစ္ေပမယ့္လည္း Maldives က ေရေပၚၿမိဳ႕ကိုေတာ့ လူေနအိမ္နဲ႔ အျခားေသာ အေျခခံအေဆာက္အအံုေတြနဲ႔ ေပါင္းစပ္တည္ေဆာက္ထားတဲ့ ထူးျခားတဲ့ေပါင္းစပ္မႈတစ္ခုအျဖစ္ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ အဆိုပါေရေပၚၿမိဳ႕ကို ထံုးအိုင္အတားအဆီးနဲ႔ ဝန္းရံထားၿပီး သာယာအဆင္ေျပတဲ့ အခင္းအက်င္းမ်ားစြာကိုလည္း ထည့္သြင္းတည္ေဆာက္ေပးသြားမယ္လို႕ သိရွိရပါတယ္။

စီမံကိန္းရဲ႕ရလဒ္အေနနဲ႕ကေတာ့ ေထာင္ခ်ီတဲ့အိမ္ေတြ ၊ စီးပြါးျဖစ္ေနရာအမ်ားအျပားနဲ႔ ေဒသခံေတြအတြက္ အက်ိဳးရွိေစမယ့္ စာသင္ေက်ာင္းနဲ႔ ေဆး႐ံုေတြပါဝင္တဲ့ ေရေပၚၿမိဳ႕ႀကီး ေပၚေပါက္လာမွာပဲျဖစ္ပါတယ္။ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္လာတာနဲ႔အမွ် ေရေပၚၿမိဳ႕ကို ပိုမိုတည္ၿငိမ္မႈရရွိေစဖို႔ ေမာ္ဂ်ဴးဆက္သြယ္မႈကို ထည့္သြင္းတပ္ဆင္ထားပါတယ္။ အဆိုပါစီမံကိန္းနဲ႔အတူ Maldives လိုမ်ိဳး အျခားကၽြန္းစုႏိုင္ငံေတြျဖစ္တဲ့ Micronesia နဲ႔ Nauru တို႔ဟာလည္း ၄င္းတို႔ရဲ႕နယ္နိမိတ္အတြင္းမွာ ရာသီဥတုေျပာင္းလဲမႈအႏၲရာယ္ကို ကာကြယ္ဖို႔အတြက္ ဒီနည္းလမ္းကို အသံုးျပဳလာႏိုင္ပါတယ္။

<Zawgyi Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

 

About So Shwe

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro