HomeOtherAnimalsကလေးတစ်ယောက်အရွယ်အစားလောက် ကြီးမားတဲ့ဖားကို ရှာတွေ့ခဲ့တဲ့ ရွာသားများ။

ကလေးတစ်ယောက်အရွယ်အစားလောက် ကြီးမားတဲ့ဖားကို ရှာတွေ့ခဲ့တဲ့ ရွာသားများ။

- Advertisement -

ပစိဖိတ်ကျွန်းဒေသမှ ရွာသားတွေဟာ ကလေးငယ် အရွယ်အစားလောက်ရှိတဲ့ ဖားတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အတော်လေးကို အံ့အားသင့်သွားကြပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သစ်စက်ရုံပိုင်ရှင် Jimmy Hugo က Solomon ကျွန်းပေါ်ရှိ Honiara ဆင်ခြေဖုံးမှာ အမဲလိုက်နေရင်း အဆိုပါကြီးမားတဲ့ဖားတစ်ကောင်ကို ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။ ဗီဒီယိုမှတ်တမ်းအရ Jimmy တစ်ယောက် ယခင်တုန်းကလည်း တွားသွားသတ္တဝါတစ်ကောင်ဖြစ်တဲ့ Cornufer Guppyi ဖားကို အနီးအနားက ချုံပုတ်ထဲမှာ တွေ့ရှိခဲ့ပြီး ဓါတ်ပုံကိုကြည့်မယ်ဆိုရင်တော့ ဖားရဲ့ခန္ဓာကိုယ်အရှည်ဟာ ၁၀ လက်မအထိရှည်ကာ ကလေးငယ်တစ်ယောက်ရဲ့ ခန္ဓာကိုယ်တစ်ဝက်လောက်အထိ ရှိပါတယ်။

Jimmy က “ကျွန်တော့်မျက်စိနဲ့ မြင်တွေ့ခဲ့ရတာတောင် မယုံနိုင်ဘူး။ ကျွန်တော့ဘဝမှာ မြင်ခဲ့ဖူးသမျှ ဖားတွေထဲမှာတော့ ဒီဖားက အကြီးဆုံးပဲ။ ဒီဖားရဲ့ အရွယ်အစားက ကလေးတစ်ယောက်ရဲ့ အရွယ်အစားနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ကတော့ ဒီဖားတွေကို ချုံတိုးကြက်လို့ ခေါ်ကြပါတယ်။ တချို့ရွာသားတွေက ဒီဖားတွေကို ကြက်သားထက် ပိုကြိုက်ကြပြီး ဒီဖားတွေက ဖမ်းရတာလည်း အတော်ခက်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

- Advertisement -

“ခွေးနှစ်ကောင်က ဒီဖားကို ဖမ်းမိသွားပြီး ချုံပုတ်ထဲမှာ ကစားနေတာ။ အဲ့အချိန်မှာပဲ ဓါတ်ပုံရိုက်ပြီး မှတ်တမ်းတင်လိုက်တာပေါ့။ ဒီတစ်ကောင်ကတော့ သေသွားပြီဆိုတော့ ကျွန်တော်တို့ စားလိုက်ကြပါတယ်။ အကယ်၍များ နောက်တစ်ခါထပ်တွေ့ခဲ့မယ်ဆိုရင်တော့ အသက်ရှင်လျက်ပဲ ထားထားမိမှာပါ။” လို့ ဆိုခဲ့ပါတယ်။

Cornufer Guppyi ဖားတွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဖားတွေဖြစ်ပြီး Solomon ကျွန်းနဲ့ Bismarck ကျွန်းစုက New Britain မှာ တွေ့မြင်ရလေ့ရှိပါတယ်။ ဖားတွေရဲ့ အရေအတွက်က သိသိသာသာ ကျဆင်းလာတဲ့ အကြောင်းအရင်းကလည်း သစ်ထုတ်လုပ်ခြင်းနဲ့ ရပ်ရွာအခြေချ နေထိုင်သူတွေအနေနဲ့ ဖားလေးတွေရဲ့ သဘာဝနေထိုင်ကျက်စားရာ နေရာတွေကိုပါ တိုးချဲ့နေထိုင်လာကြလို့ပဲ ဖြစ်ပါတယ်။

အနီးအနားမှာရှိတဲ့ စမ်းချောင်းတွေမှာ ဒေသခံတွေအနေနဲ့ ဆပ်ပြာတွေအသုံးပြုပြီး အဝတ်လျှော်ကြတဲ့အခါမှာ ဆပ်ပြာမှာပါဝင်တဲ့ ဓါတုပစ္စည်းတွေက ဖားတွေရဲ့ အရေပြားကို ထိခိုက်စေပါတယ်။

<Unicode Version>

 

#soshweanimals

- Advertisement -

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

20 − one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...