HomeEntertainmentJames Franco နဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာတဲ့ Seth Rogen

James Franco နဲ့ အနုပညာအလုပ်တွေ ဆက်လက်လုပ်ကိုင်တော့မှာ မဟုတ်တဲ့အကြောင်း ဖွင့်ဟပြောကြားလာတဲ့ Seth Rogen

- Advertisement -

Seth Rogen က James Franco ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့မှုကြောင့် အနာဂါတ်မှာ James နဲ့ လက်တွဲဖြစ်တော့မှာမဟုတ်ဘူးလို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။ Rogen နဲ့ Franco ဟာ Pineapple Express ၊ The End ၊ The Disaster Artist နဲ့ The Interview တို့မှာ အတူတူ ပူးတွဲသရုပ်ဆောင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တုန်းက Franco တစ်ယောက် သရုပ်ဆောင်ကျောင်းသား/ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး သရုပ်ဆောင်တွေဖြစ်တဲ့ Tither-Kaplan နဲ့ Toni Gaal တို့နှစ်ဦးက တရားစွဲဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှာတော့ သဘောတူညီချက်တစ်ခုရရှိခဲ့ပြီး Tither-Kaplan နဲ့ Toni Gaal တို့က တရားစွဲဆိုမှုကို ကျေအေးပေးခဲ့ကြပါတယ်။ အဆိုပါ သဘောတူချက်အပြီးမှာတော့ Rogen ဟာ Franco နဲ့ ဆက်လက်ပြီး လက်တွဲအလုပ်လုပ်ဖို့ အစီအစဉ်မရှိတော့ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ခြင်း ဖြစ်ပါတယ်။

Sunday Times’ Culture မဂ္ဂဇင်းနဲ့ အင်တာဗျူးတစ်ခုအတွင်း Rogen မှ “ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ မတရားညှင်းပန်းနှိပ်စက်ခြင်းနဲ့ အနှောင့်အယှက်ပေးခြင်းကို စက်ဆုပ်ရွံရှာပါတယ်။ တစ်စုံတစ်ယောက်က ဒီအရာတွေကို ကျူးလွန်နေတယ်ဆိုရင်လည်း ဖုံးကွယ်ပေးမှာမဟုတ်သလို တစ်စုံတစ်ယောက်ကို ဒီလိုမျိုး ကျူးလွန်ခံရနိုင်တဲ့ အခြေအနေကိုလည်း တွန်းပို့မှာ မဟုတ်ပါဘူး” ဆိုပြီး ပြောကြားခဲ့ပါတယ်။

- Advertisement -

- Advertisement -

Rogen က Franco ရဲ့လုပ်ရပ်တွေဟာ သူတို့နှစ်ဦးရဲ့ ခင်မင်ရင်းနှီးမှုအပေါ် သက်ရောက်မှုရှိခဲ့ပုံကို “၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးကို ပြန်ကြည့်လိုက်တဲ့အခါမှာ ကျွန်တော်က James နဲ့ ဆက်လက်ပြီးတော့ လက်တွဲအလုပ်လုပ်နေဦးမယ်လို့ မှတ်ချက်ပေးပြောကြားခဲ့ပေမယ့် အခုချိန်မှာတော့ သူနဲ့လက်တွဲပြီး အလုပ်မလုပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်ပါပြီ။” ဆိုပြီး ထပ်လောင်းပြောကြားခဲ့ပါတယ်။

Rogen က James နဲ့ လက်မတွဲတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ဟာ တိုက်ဆိုင်မှုမဟုတ်ကြောင်းကိုလည်း “သူ့ရဲ့ကျူးလွန်မှုဟာ ကျွန်တော်တို့ကြားက ဆက်ဆံရေးနဲ့ အင်တိုက်အားတိုက် လက်တွဲလှုပ်ရှားနိုင်စွမ်းကို ပြောင်းလဲပစ်လိုက်တယ်။” လို့ ၂၀၂၁ ခုနှစ် ၊ မေလ (၁၁) ရက်နေ့မှာ ထုတ်ဝေခဲ့တဲ့ သူ့ရဲ့ “Yearbook” စာအုပ်ကို မိတ်ဆက်တဲ့အချိန်မှာ ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ Seth ရဲ့ အဖေဖြစ်သူက ဆေးခြောက်သုံးစွဲခြင်းဟာ သူ့သားကို အံ့အားသင့်ဖွယ်ကောင်းစွာ ပြောင်းလဲပေးနိုင်ခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပြီး ဆေးခြောက်စသုံးပြီးနောက်မှာပဲ သူ့သားရဲ့ ADHD နဲ့ Tourette ရောဂါကို ကုသပေးနိုင်ခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။ New York Times နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Seth နဲ့ သူ့ရဲ့အဖေ Mark Rogen တို့က ဆေးခြောက်ဟာ ဘယ်လောက်ထိ အသုံးဝင်တယ်ဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။

Mark က “ကျွန်တော်တို့ သူ့ကိုစိတ်တည်ငြိမ်မှုရအောင် စားသောက်နေထိုင်ပုံကို စနစ်တကျ ကြပ်မတ်ထားပေမယ့် ၁၀၀% တော့ မထိရောက်ခဲ့ဘူးပေါ့။ ဒါပေမယ့် ဆေးခြောက်ကို သုံးစွဲခြင်းအားဖြင့် သူ့ရဲ့ဆဲလ်တွေကို ဖြေလျော့စေနိုင်ခဲ့တယ်။ ဆေးခြောက်က ကျွန်တော်တို့ရဲ့ အတွေ့အကြုံကို ပိုကောင်းအောင်လုပ်ပေးနိုင်ခဲ့တဲ့ အထောက်အကူ ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ တချို့လူတွေကတော့ ဒီကိရိယာကို တခြားသူတွေထက် အများကြီး ပိုလိုအပ်တာပေါ့လေ။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

#soshweentertainment

- Advertisement -

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...