Breaking News

Video Interview လုပ်တဲ့အခါမှာသိရှိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်များ။

ပုံမှန်အားဖြင့် အလုပ်လျှောက်ပြီး အင်တာဗျူးလုပ်တဲ့အခါ အပြင်မှာပဲ လူချင်းတွေ့ပြီး အင်တာဗျူးလေ့ရှိပေမယ့် ကိုဗစ်ကာလအတွင်း ပြောင်းလဲလာသည့် နေထိုင်မှုဘဝပုံစံအရ Work From Home လုပ်ရခြင်း၊ အစည်းအဝေးလုပ်တဲ့အခါ၊ အင်တာဗျူးလုပ်တဲ့အခါမှာ Zoom ဒါမှမဟုတ် Google Meet-up တစ်ခုခုကို အသုံးပြုခြင်းတို့ ပိုမိုတွင်ကျယ်လာခဲ့ပါတယ်။ ပုံမှန်အားဖြင့် အပြင်မှာအင်တာဗျူးသွားတွေ့တဲ့အခါ လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်များကို ကြိုတင်လေ့လာခြင်း၊ သပ်သပ်ရပ်ရပ်ဝတ်စားဆင်ယင်ခြင်းတို့ကို ပြင်ဆင်သွားနိုင်ပေမယ့် Video Interview လုပ်တဲ့နေရာမှာ တော်တော်များများက အတွေ့အကြုံများများစားစား မရှိသေးတာကြောင့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို Soshwe ရဲ့ ပရိသတ်များအတွက် တင်ဆက်ပေးလိုက်ရပါတယ်။

 

၁။ ကြိုတင်ပြင်ဆင်ပါ။

သင်က ကင်မရာကြောက်တတ်သူတစ်ယောက်ဖြစ်တယ်၊ စတိတ်စင်ကြောက်တတ်သူတစ်ယောက် ဖြစ်တယ်ဆိုရင် တကယ့် Video Interview မလုပ်ခင်မှာ သင်တစ်ယောက်တည်း စကားပြောကြည့်ပြီး Video နဲ့ မှတ်တမ်းတင်ရိုက်ကူးထားပါ။ အဆိုပါ Video ထဲမှာ သင့်ရဲ့ဇာတ်လမ်း၊ ဖြတ်သန်းလာခဲ့တဲ့ဘဝဇာတ်ကြောင်းနဲ့ အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်သည့် ရည်မှန်းချက်များကို ထည့်သွင်းပြောကြားပေးပါ။ ပြီးနောက် အဆိုပါဗီဒီယိုကို သင့်ရဲ့ LinkedIn Profile ၌ ထည့်သွင်းထားပါ။ ထိုအရာက အလုပ်ခေါ်ဆိုသူများအတွက် ထူးခြားဆန်းပြားသည့် ခံစားမှုတစ်ခုကို ပေးစွမ်းနိုင်မှာဖြစ်ပြီး Video Interview လုပ်တဲ့အခါမှာလည်း သင့်အတွက် ထူးထူးဆန်းဆန်း ကြောက်စရာရှိတော့မှာမဟုတ်ပါဘူး။

 

၂။ ကောင်းမွန်စွာဝတ်စားဆင်ယင်ပါ။

အပြင်မှာအင်တာဗျူးသွားမတွေ့ရသည့်တိုင် Video Interview လုပ်တဲ့အခါမှာလည်း အလုပ်နဲ့ကိုက်ညီမည့် အဝတ်အစားမျိုးကို သပ်သပ်ရပ်ရပ်နဲ့ ပရော်ဖက်ရှင်နယ်ကျကျ ဝတ်စားဆင်ယင်ထားဖို့ လိုအပ်ပါတယ်။

 

၃။ သင့်မျက်လုံးနဲ့ကင်မရာကို တစ်တန်းတည်းထားပါ။

Video Interview တွေမှာ အများဆုံးပြုလုပ်မိတဲ့ အမှားအယွင်းက ကင်မရာနဲ့မျက်လုံးအနေအထား တစ်တန်းတည်းမကျတာပါပဲ။ ကင်မရာအနေအထားက အလွန်နိမ့်လွန်း၊ မြင့်လွန်းပြီး တစ်ဖက်က Interviewer က သင့်ကိုကောင်းကောင်းမမြင်ရရင် အဆင်မပြေပါဘူး။ အဲ့ဒါကြောင့် သင့်ရဲ့မျက်လုံး၊ ဦးခေါင်းနဲ့ ကင်မရာအနေအထားက တစ်တန်းတည်းကျနေဖို့ လိုအပ်ပါတယ်။

 

၄။ အလင်းရောင်ရသည့်နေရာနဲ့ မျက်နှာချင်းဆိုင်နေပါ။

သင့်အနောက်မှ အလင်းရောင်ခပ်စူးစူးကျနေတာမျိုးက သင့်အတွက်ရော၊ Interviewer အတွက်ရော အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် Video Interview လုပ်တဲ့အခါမှာ အလင်းရောင်ရသည့်နေရာမှာ မျက်နှာချင်းဆိုင် နေပေးသင့်ပါတယ်။

 

၅။ ကြုံတွေ့ရမည့် အနှောင့်အယှက်များကို တည်ငြိမ်စွာဖြေရှင်းပါ။

Video Interview လုပ်နေချိန်မှာ အင်တာနက်လိုင်းကျသွားတာမျိုး၊ ဘေးမှဆူညံသံတစ်ခုခု ဝင်လာတာမျိုး အစရှိသည့် အခြေအနေတွေအပေါ်မှာ တည်ငြိမ်စွာဖြေရှင်းနိုင်ရန် ကြိုတင်စဉ်းစားထားပါ။ အလွန်အမင်း ထိတ်လန့်တာမျိုး၊ ပျာယာခတ်သွားတာမျိုး မဖြစ်ပါစေနဲ့။ လက်ရှိအနေအထားအရ တစ်ဖက်က Interviewer များအနေနဲ့လည်း ထိုကဲ့သို့သော အခြေအနေများကို ကောင်းစွာနားလည်ပေးနိုင်လေ့ရှိပါတယ်။

 

၆။ သင့်ကိုယ်သင် ပြန်မကြည့်ပါနဲ့။

Video Interview လုပ်တဲ့အခါ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ သင့်ရဲ့မျက်နှာလည်း ပြန်ပေါ်လေ့ရှိပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးအဲ့ဒီနေရာကို ပြန်စိုက်ကြည့်နေတာမျိုးမလုပ်ပါနဲ့။ သင်က စကားပြောတဲ့အခါ Interviewer ကို သေချာကြည့်ပြီး ပြောဆိုသင့်သလို တစ်ဖက်ကပြန်ပြောလာချိန်မှာလည်း ကွန်ပျူတာမျက်နှာပြင်ပေါ်က Interviewer ကိုပဲကြည့်ပြီး ဂရုတစိုက်နားထောင်သင့်ပါတယ်။

 

၇။ Background ကို ပုံမှန်ပဲထားပါ။

အခုနောက်ပိုင်း Video Call တွေမှာ နောက်ခံအနေအထားကို ပုံစံအမျိုးမျိုးပြောင်းသုံးနိုင်လာပြီဖြစ်ပါတယ်။ ဒါပေမယ့် Video Interview လုပ်တဲ့အခါမှာတော့ အရောင်တစ်ခုခုကိုပဲ Solid ထားတာမျိုး ဒါမှမဟုတ် သဘာဝအနေအထားအတိုင်းရှိတဲ့ နောက်ခံကိုသာ အသုံးပြုတာမျိုး ပြုလုပ်သင့်ပါတယ်။

 

၈။ Follow Up လိုက်ပါ။

Video Interview ပြီးသွားတဲ့အခါမှာ ပေါ့ပေါ့ပါးပါးမနေဘဲ သင့်ရဲ့ Interview အတွက် လိုအပ်တဲ့စုံစမ်းမေးမြန်းမှုတွေနဲ့ Follow Up လိုက်သင့်ပါတယ်။ ရက်အနည်းငယ်ကြာတဲ့အထိ အင်တာဗျူးနဲ့ပတ်သက်ပြီး အကြောင်းမပြန်ဘူးဆိုရင် သင့်ဘက်က Follow Up လိုက်ဖို့ လိုအပ်ပါတယ်။ ထိုကဲ့သို့ Follow Up လိုက်သည့်အခါမှာလည်း အီးမေးလ်တစ်စောင်ကို ပရော်ဖက်ရှင်နယ်ဆန်ဆန် ပေးပို့ပြီး Follow Up လိုက်ခြင်းက ပိုမိုကောင်းမွန်ကြောင်း အကြံပေးလိုက်ရပါတယ်။

<Unicode Version>

 

 

Video Interview လုပ္တဲ့အခါမွာသိရွိထားသင့္တဲ့ ေဆာင္ရန္၊ ေရွာင္ရန္မ်ား။

ပုံမွန္အားျဖင့္ အလုပ္ေလၽွာက္ၿပီး အင္တာဗ်ဴးလုပ္တဲ့အခါ အျပင္မွာပဲ လူခ်င္းေတြ႕ၿပီး အင္တာဗ်ဴးေလ့ရွိေပမယ့္ ကိုဗစ္ကာလအတြင္း ေျပာင္းလဲလာသည့္ ေနထိုင္မႈဘဝပုံစံအရ Work From Home လုပ္ရျခင္း၊ အစည္းအေဝးလုပ္တဲ့အခါ၊ အင္တာဗ်ဴးလုပ္တဲ့အခါမွာ Zoom ဒါမွမဟုတ္ Google Meet-up တစ္ခုခုကို အသုံးျပဳျခင္းတို႔ ပိုမိုတြင္က်ယ္လာခ့ဲပါတယ္။ ပုံမွန္အားျဖင့္ အျပင္မွာအင္တာဗ်ဴးသြားေတြ႕တဲ့အခါ လုပ္ငန္းနဲ႔ပတ္သက္တဲ့ အခ်က္အလက္မ်ားကို ႀကိဳတင္ေလ့လာျခင္း၊ သပ္သပ္ရပ္ရပ္ဝတ္စားဆင္ယင္ျခင္းတို႔ကို ျပင္ဆင္သြားနိုင္ေပမယ့္ Video Interview လုပ္တဲ့ေနရာမွာ ေတာ္ေတာ္မ်ားမ်ားက အေတြ႕အၾကဳံမ်ားမ်ားစားစား မရွိေသးတာေၾကာင့္ ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္မ်ားကို Soshwe ရဲ႕ ပရိသတ္မ်ားအတြက္ တင္ဆက္ေပးလိုက္ရပါတယ္။

 

၁။ ႀကိဳတင္ျပင္ဆင္ပါ။

သင္က ကင္မရာေၾကာက္တတ္သူတစ္ေယာက္ျဖစ္တယ္၊ စတိတ္စင္ေၾကာက္တတ္သူတစ္ေယာက္ ျဖစ္တယ္ဆိုရင္ တကယ့္ Video Interview မလုပ္ခင္မွာ သင္တစ္ေယာက္တည္း စကားေျပာၾကည့္ၿပီး Video နဲ႔ မွတ္တမ္းတင္ရိုက္ကူးထားပါ။ အဆိုပါ Video ထဲမွာ သင့္ရဲ႕ဇာတ္လမ္း၊ ျဖတ္သန္းလာခဲ့တဲ့ ဘဝဇာတ္ေၾကာင္းနဲ႔ အသက္ေမြးဝမ္းေက်ာင္းနဲ႔ပတ္သက္သည့္ ရည္မွန္းခ်က္မ်ားကို ထည့္သြင္းေျပာၾကားေပးပါ။ ၿပီးေနာက္ အဆိုပါဗီဒီယိုကို သင့္ရဲ႕ LinkedIn Profile ၌ ထည့္သြင္းထားပါ။ ထိုအရာက အလုပ္ေခၚဆိုသူမ်ားအတြက္ ထူးျခားဆန္းျပားသည့္ ခံစားမႈတစ္ခုကို ေပးစြမ္းနိုင္မွာျဖစ္ၿပီး Video Interview လုပ္တဲ့အခါမွာလည္း သင့္အတြက္ ထူးထူးဆန္းဆန္း ေၾကာက္စရာရွိေတာ့မွာမဟုတ္ပါဘူး။

 

၂။ ေကာင္းမြန္စြာဝတ္စားဆင္ယင္ပါ။

အျပင္မွာအင္တာဗ်ဴးသြားမေတြ႕ရသည့္တိုင္ Video Interview လုပ္တဲ့အခါမွာလည္း အလုပ္နဲ႔ကိုက္ညီမည့္ အဝတ္အစားမ်ိဳးကို သပ္သပ္ရပ္ရပ္နဲ႔ ပေရာ္ဖက္ရွင္နယ္က်က် ဝတ္စားဆင္ယင္ထားဖို႔ လိုအပ္ပါတယ္။

 

၃။ သင့္မ်က္လုံးနဲ႔ကင္မရာကို တစ္တန္းတည္းထားပါ။

Video Interview ေတြမွာ အမ်ားဆုံးျပဳလုပ္မိတဲ့ အမွားအယြင္းက ကင္မရာနဲ႔မ်က္လုံးအေနအထား တစ္တန္းတည္းမက်တာပါပဲ။ ကင္မရာအေနအထားက အလြန္နိမ့္လြန္း၊ ျမင့္လြန္းၿပီး တစ္ဖက္က Interviewer က သင့္ကိုေကာင္းေကာင္းမျမင္ရရင္ အဆင္မေျပပါဘူး။ အဲ့ဒါေၾကာင့္ သင့္ရဲ့မ်က္လုံး၊ ဦးေခါင္းနဲ႔ ကင္မရာအေနအထားက တစ္တန္းတည္းက်ေနဖို႔ လိုအပ္ပါတယ္။

 

၄။ အလင္းေရာင္ရသည့္ေနရာနဲ႔ မ်က္ႏွာခ်င္းဆိုင္ေနပါ။

သင့္အေနာက္မွ အလင္းေရာင္ခပ္စူးစူးက်ေနတာမ်ိဳးက သင့္အတြက္ေရာ၊ Interviewer အတြက္ေရာ အဆင္ေျပမွာ မဟုတ္ပါဘူး။ အဲ့ဒါေၾကာင့္ Video Interview လုပ္တဲ့အခါမွာ အလင္းေရာင္ရသည့္ေနရာမွာ မ်က္ႏွာခ်င္းဆိုင္ ေနေပးသင့္ပါတယ္။

 

၅။ ၾကဳံေတြ႕ရမည့္ အေႏွာင့္အယွက္မ်ားကို တည္ၿငိမ္စြာေျဖရွင္းပါ။

Video Interview လုပ္ေနခ်ိန္မွာ အင္တာနက္လိုင္းက်သြားတာမ်ိဳး၊ ေဘးမွဆူညံသံတစ္ခုခု ဝင္လာတာမ်ိဳး အစရွိသည့္ အေျခအေနေတြအေပၚမွာ တည္ၿငိမ္စြာေျဖရွင္းနိုင္ရန္ ႀကိဳတင္စဥ္းစားထားပါ။ အလြန္အမင္း ထိတ္လန္႔တာမ်ိဳး၊ ပ်ာယာခတ္သြားတာမ်ိဳး မျဖစ္ပါေစနဲ႔။ လက္ရွိအေနအထားအရ တစ္ဖက္က Interviewer မ်ားအေနနဲ႔လည္း ထိုကဲ့သို႔ေသာ အေျခအေနမ်ားကို ေကာင္းစြာနားလည္ေပးနိုင္ေလ့ရွိပါတယ္။

 

၆။ သင့္ကိုယ္သင္ ျပန္မၾကည့္ပါနဲ႔။

Video Interview လုပ္တဲ့အခါ ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚမွာ သင့္ရဲ့မ်က္ႏွာလည္း ျပန္ေပၚေလ့ရွိပါတယ္။ ဒါေပမယ့္ တစ္ခ်ိန္လုံးအဲ့ဒီေနရာကို ျပန္စိုက္ၾကည့္ေနတာမ်ိဳးမလုပ္ပါနဲ႔။ သင္က စကားေျပာတဲ့အခါ Interviewer ကို ေသခ်ာၾကည့္ၿပီး ေျပာဆိုသင့္သလို တစ္ဖက္ကျပန္ေျပာလာခ်ိန္မွာလည္း ကြန္ပ်ဴတာမ်က္ႏွာျပင္ေပၚက Interviewer ကိုပဲၾကည့္ၿပီး ဂ႐ုတစိုက္နားေထာင္သင့္ပါတယ္။

 

၇။ Background ကို ပုံမွန္ပဲထားပါ။

အခုေနာက္ပိုင္း Video Call ေတြမွာ ေနာက္ခံအေနအထားကို ပုံစံအမ်ိဳးမ်ိဳးေျပာင္းသုံးနိုင္လာၿပီျဖစ္ပါတယ္။ ဒါေပမယ့္ Video Interview လုပ္တဲ့အခါမွာေတာ့ အေရာင္တစ္ခုခုကိုပဲ Solid ထားတာမ်ိဳး ဒါမွမဟုတ္ သဘာဝအေနအထားအတိုင္းရွိတဲ့ ေနာက္ခံကိုသာ အသုံးျပဳတာမ်ိဳး ျပဳလုပ္သင့္ပါတယ္။

 

၈။ Follow Up လိုက္ပါ။

Video Interview ၿပီးသြားတဲ့အခါမွာ ေပါ့ေပါ့ပါးပါးမေနဘဲ သင့္ရဲ႕ Interview အတြက္ လိုအပ္တဲ့စုံစမ္းေမးျမန္းမႈေတြနဲ႔ Follow Up လိုက္သင့္ပါတယ္။ ရက္အနည္းငယ္ၾကာတဲ့အထိ အင္တာဗ်ဴးနဲ႔ပတ္သက္ၿပီး အေၾကာင္းမျပန္ဘူးဆိုရင္ သင့္ဘက္က Follow Up လိုက္ဖို႔ လိုအပ္ပါတယ္။ ထိုကဲ့သို႔ Follow Up လိုက္သည့္အခါမွာလည္း အီးေမးလ္တစ္ေစာင္ကို ပေရာ္ဖက္ရွင္နယ္ဆန္ဆန္ ေပးပို႔ၿပီး Follow Up လိုက္ျခင္းက ပိုမိုေကာင္းမြန္ေၾကာင္း အႀကံေပးလိုက္ရပါတယ္။

<Zawgyi Version>

 

#soshweeducation

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro