Breaking News

ငွေကြေးအမြောက်အမြား အသုံးပြုကာ အာကာသမှ အချက်အလက်ပေါင်းမြောက်မြားစွာ လေ့လာဆန်းစစ်ပေးနိုင်တဲ့ စူပါကွန်ပျူတာစင်တာ တည်ဆောက်ဖို့ ပြင်ဆင်နေတဲ့ ကမ္ဘာ့အင်အားကြီိးနိုင်ငံတစ်နိုင်ငံ။

တရုတ်နိုင်ငံ အာဏာပိုင်အဖွဲ့က အာကာသဆိုင်ရာ အချက်အလက်တွေကို ဆန်းစစ်ဖို့အတွက် ဒေါ်လာ ၃ ဘီလီယံကို အသုံးပြုကာ စူပါကွန်ပျူတာစင်တာကို အာကာသဆိပ်ကမ်း Wenchang မှာ တည်ဆောက်သွားမယ်လို့ ထုတ်ပြန်ကြေငြာခဲ့ပြီး အဆိုပါ စီမံကိန်းအတွက် ယွမ် ၂၀ ဘီလီယံ ( ဒေါ်လာ ၃ ဘီလီယံ) ကို ရင်းနှီးမြှုပ်နှံမယ်လို့ ကနဦး သိရှိရပါတယ်။

တရုတ်အစိုးရအဖွဲ့အနေနဲ့ ယခုနှစ်အတွင်း စတင်တည်ဆောက်မယ့် စူပါကွန်ပျူတာကို အသုံးပြုပြီးတော့ အနာဂါတ်မှာ လေကြောင်းနဲ့ ရေကြောင်းကဏ္ဍတွေအပါအဝင် စက်မှုလုပ်ငန်းတွေအတွက် ကြီးမားတဲ့ သတင်းအချက်အလက်ဝန်ဆောင်မှုတွေ ပေးစွမ်းနိုင်ဖို့ ကြိုးစားသွားမယ်လို့ Hainan Daily သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လာမယ့် ဆယ်စုနှစ်အတွင်းမှာတော့ တရုတ်နိုင်ငံအနေနဲ့ လေယာဉ်ကွင်းတွေမှာ မြန်နှုန်းမြင့်အင်တာနက်ကို ပေးစွမ်းနိုင်ပြီး ကျောက်မီးသွေးတင်ပို့ခြင်းကို ခြေရာခံပေးနိုင်မယ့် စီးပွါးဖြစ် ဂြိုဟ်တုအမြောက်အများကို တင်လွှတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

ဂြိုဟ်တုတင်လွှတ်ဖို့အတွက် လိုအပ်တာတွေကို ဖြည့်ဆည်းပေးနိုင်ရန် တရုတ်နိုင်ငံအနေနဲ့ ဂြိုဟ်တုအများအပြားကို သယ်ဆောင်နိုင်ပြီး ဂြိုဟ်တုတင်လွှတ်နိုင်မယ့် နေရာဒေသပေါင်းများစွာကို တည်ဆောက်ကာ ပိုမိုကြီးမားတဲ့ဒုံးကျည်တွေကိုလည်း တည်ဆောက်သွားမယ်လို့ သိရပါတယ်။ အခုလက်ရှိမှာတော့ တရုတ်နိုင်ငံအတွင်း ဂြိုဟ်တုလွှတ်တင်ဖို့ နေရာ ၄ နေရာရှိကာ ကုန်းတွင်းပိုင်းမှာ သုံးခုနဲ့ ဟိုင်နန်ပြည်နယ် Wenchang မှာ တစ်ခု တည်ရှိပါတယ်။

ပြီးခဲ့တဲ့လအချို့က တရုတ်အစိုးရအနေနဲ့ ဟိုင်နန်ပြည်နယ်မှာရှိတဲ့ ဂြိုဟ်တုလွှတ်တင်ခြင်းနဲ့ ပတ်သက်ပြီး တစ်စတစ်စ များပြားလာတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အာကာသစခန်းအသစ်တစ်ခုကို တည်ဆောက်ဖို့ စီစဉ်နေတယ်ဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ စီးပွါးဖြစ်ဂြိုဟ်တုတွေ လွှတ်တင်ခြင်းနဲ့ပတ်သက်ပြီး အာကာသယာဉ်ပျံသန်းမှုအတွက် သုတေသနများပြုလုပ်ခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတဲ့ ဟိုင်နန်ပြည်နယ်ကိုလည်း တရုတ်အစိုးက ထောက်ပံ့ကူညီပေးနေတယ်လို့ သိရှိရပါတယ်။

<Unicode Version>

 

 

ေငြေၾကးအေျမာက္အျမား အသံုးျပဳကာ အာကာသမွ အခ်က္အလက္ေပါင္းေျမာက္ျမားစြာ ေလ့လာဆန္းစစ္ေပးႏိုင္တ့ဲ စူပါကြန္ပ်ဴတာစင္တာ တည္ေဆာက္ဖို႕ ျပင္ဆင္ေနတ့ဲ ကမာၻ႕အင္အားႀကီိးႏိုင္ငံတစ္ႏိုင္ငံ။

တ႐ုတ္ႏိုင္ငံ အာဏာပိုင္အဖြဲ႕က အာကာသဆိုင္ရာ အခ်က္အလက္ေတြကို ဆန္းစစ္ဖို႔အတြက္ ေဒၚလာ ၃ ဘီလီယံကို အသံုးျပဳကာ စူပါကြန္ပ်ဴတာစင္တာကို အာကာသဆိပ္ကမ္း Wenchang မွာ တည္ေဆာက္သြားမယ္လို႔ ထုတ္ျပန္ေၾကျငာခဲ့ၿပီး အဆိုပါ စီမံကိန္းအတြက္ ယြမ္ ၂၀ ဘီလီယံ ( ေဒၚလာ ၃ ဘီလီယံ) ကို ရင္းႏွီးျမႇဳပ္ႏွံမယ္လို႕ ကနဦး သိရွိရပါတယ္။

တ႐ုတ္အစိုးရအဖြဲ႕အေနနဲ႔ ယခုႏွစ္အတြင္း စတင္တည္ေဆာက္မယ့္ စူပါကြန္ပ်ဴတာကို အသံုးျပဳၿပီးေတာ့ အနာဂါတ္မွာ ေလေၾကာင္းနဲ႔ ေရေၾကာင္းက႑ေတြအပါအဝင္ စက္မႈလုပ္ငန္းေတြအတြက္ ႀကီးမားတဲ့ သတင္းအခ်က္အလက္ဝန္ေဆာင္မႈေတြ ေပးစြမ္းႏိုင္ဖို႔ ႀကိဳးစားသြားမယ္လို႔ Hainan Daily သတင္းဌာနက ေဖာ္ျပခ့ဲပါတယ္။ လာမယ့္ ဆယ္စုႏွစ္အတြင္းမွာေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႕ ေလယာဥ္ကြင္းေတြမွာ ျမန္ႏႈန္းျမင့္အင္တာနက္ကို ေပးစြမ္းႏိုင္ၿပီး ေက်ာက္မီးေသြးတင္ပို႕ျခင္းကို ေျခရာခံေပးႏိုင္မယ့္ စီးပြါးျဖစ္ ၿဂိဳဟ္တုအေျမာက္အမ်ားကို တင္လႊတ္ႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

ၿဂိဳဟ္တုတင္လႊတ္ဖို႕အတြက္ လိုအပ္တာေတြကို ျဖည့္ဆည္းေပးႏိုင္ရန္ တ႐ုတ္ႏိုင္ငံအေနနဲ႕ ၿဂိဳဟ္တုအမ်ားအျပားကို သယ္ေဆာင္ႏိုင္ၿပီး ၿဂိဳဟ္တုတင္လႊတ္ႏိုင္မယ့္ ေနရာေဒသေပါင္းမ်ားစြာကို တည္ေဆာက္ကာ ပိုမိုႀကီးမားတဲ့ဒံုးက်ည္ေတြကိုလည္း တည္ေဆာက္သြားမယ္လို႔ သိရပါတယ္။ အခုလက္ရွိမွာေတာ့ တ႐ုတ္ႏိုင္ငံအတြင္း ၿဂိဳဟ္တုလႊတ္တင္ဖို႕ ေနရာ ၄ ေနရာရွိကာ ကုန္းတြင္းပိုင္းမွာ သံုးခုနဲ႔ ဟိုင္နန္ျပည္နယ္ Wenchang မွာ တစ္ခု တည္ရွိပါတယ္။

ၿပီးခ့ဲတ့ဲလအခ်ိဳ႕က တ႐ုတ္အစိုးရအေနနဲ႕ ဟိုင္နန္ျပည္နယ္မွာရွိတဲ့ ၿဂိဳဟ္တုလႊတ္တင္ျခင္းနဲ႔ ပတ္သက္ၿပီး တစ္စတစ္စ မ်ားျပားလာတ့ဲ လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ အာကာသစခန္းအသစ္တစ္ခုကို တည္ေဆာက္ဖို႔ စီစဥ္ေနတယ္ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားခ့ဲပါတယ္။ စီးပြါးျဖစ္ၿဂိဳဟ္တုေတြ လႊတ္တင္ျခင္းနဲ႔ပတ္သက္ၿပီး အာကာသယာဥ္ပ်ံသန္းမႈအတြက္ သုေတသနမ်ားျပဳလုပ္ျခင္းနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေအာင္ ေဆာင္ရြက္ႏိုင္ဖို႔အတြက္ ႏိုင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈေတြျပဳလုပ္ေနတဲ့ ဟိုင္နန္ျပည္နယ္ကိုလည္း တ႐ုတ္အစိုးက ေထာက္ပံ့ကူညီေပးေနတယ္လို႔ သိရွိရပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro