Breaking News
တောင်ခုတ်ဓါးကို အသုံးပြုပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးတဲ့ Cuba က နတ်ဆရာ။
Cuba နိုင်ငံ Havana မှ “ဝိညာဉ်ရေးရာကုသပေးသူ” လို့ နာမည်ကြီးနေတဲ့ Jorge Goliat ဆိုသူဟာ တောင်ခုတ်ဓါးကို အသုံးပြုပြီး ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလေ့ရှိတာကို လူအများက သတိပြုမိလာပြီး အင်တာနက်အသုံးပြုသူတွေရဲ့ အာရုံစိုက်မှုကို ရရှိလာပါတယ်။
Jorge Goliat ရဲ့ ပြောပြချက်အရတော့ လွန်ခဲ့တဲ့နှစ် ၃၀ တုန်းက နတ်ကောင်းနတ်မြတ်တစ်ပါးဟာ သူ့ဆီကိုရောက်ရှိလာကာ လူသားတွေရဲ့ဝေဒနာတွေကို တောင်ခုတ်ဓါးအသုံးပြုပြီး ကုသပေးလို့ရတဲ့ နည်းလမ်းတွေ သင်ကြားပေးခဲ့တယ်လို့ သိရှိရပါတယ်။ အခုလက်ရှိမှာတော့ Jorge Goliat ဟာ တစ်ရက်အတွင်း ဝေဒနာရှင် အယောက် ၁၂၀ ကနေ ၁၅၀ ကို မေ့ဆေးမသုံးဘဲ ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးနေရပါတယ်။
သတင်းဌာနတစ်ခုနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးထဲမှာတော့ Jorge Goliat က “သူတို့လမ်းမလျှောက်နိုင်ရင် လမ်းလျှောက်ပြီးထွက်သွားကြတာ။ မရွေ့လျားနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ရွေ့လျားနိုင်သွားတယ်။ အစကတည်းက ဘဝကြီးဟာ ခက်ခဲပြီးသားမို့ လူတွေအားလုံးကို အကူအညီမဲ့နေသလိုမျိုး မခံစားစေချင်ဘူး။ Covid-19 လို ကပ်ရောဂါမျိုးကိုတော့ ရှောင်ရှားလို့ မရဘူးပေါ့လေ။ ဒါပေမယ့်လည်း Covid-19 ကပ်ရောဂါကြောင့်တော့ လူတွေနဲ့ ကလေးငယ်လေးတွေကို လွယ်လွယ်နဲ့ သေခွင့်မပြုနိုင်ဘူး။” လို့ ဆိုခဲ့ပါတယ်။
ကွဲပြားခြားနားတဲ့ ဆေးဘက်ဆိုင်ရာ စိုးရိမ်ပူပန်မှုတွေကြောင့် ရောဂါဝေဒနာကို ခံစားနေရတဲ့သူတွေဟာ Jorge Goliat ကို အဆက်မပြတ် ရှာဖွေနေခဲ့ကြပါတယ်။ ပနားမားမှာ နေထိုင်တဲ့စုံတွဲတစ်တွဲဟာ သားဖွားခြင်းဆိုင်ရာပြဿနာကြောင့် သမာရိုးကျဆေးဝါးတွေကို မှီဝဲအသုံးပြုခဲ့ပေမယ့် ကလေးမွေးဖွားနိုင်ခဲ့ခြင်းမရှိဘဲ Jorge Goliat နဲ့ တွေ့ဆုံပြီးနောက်မှာတော့ ပထမဦးဆုံးရင်သွေးလေးကို စတင်ကို်ယ်ဝန်ဆောင်နိုင်ခဲ့ပါတယ်။ Jorge Goliat ဆီကနေ ကုသမှုခံယူခဲ့တဲ့ Leonides Lara ဆိုသူဟာလည်း “အစပိုင်းမှာတော့ ယုံကြည်ဖို့ခက်ခဲပေမယ့် Jorge Goliat နဲ့ စကားပြောကြည့်ပြီးတဲ့အခါမှာတော့ မယုံကြည်နိုင်ခဲ့တဲ့ဟာတွေက အမှန်တကယ် ဖြစ်ပေါ်လာခဲ့တာပါ။” လို့ သူ့ရဲ့အတွေ့အကြုံကို မျှဝေပြောကြားခဲ့ပါတယ်။
ရဲအရာရှိတွေက Jorge Goliat ရဲ့ ဆေးခန်းကို လာရောက်စုံစမ်းတဲ့အခါမှာတော့ Jorge Goliat က သူဟာ ဘာအမှားမှ မလုပ်ထားတာကြောင့် ရဲတွေကို ကြည်ဖြူစွာ စစ်ဆေးခွင့်ပေးခဲ့ပါတယ်။ အပေါ်မှာပြောခဲ့တာတွေဟာ ယုံကြည်ဖို့လည်း ခက်ခဲသလို တိကျသေချာတဲ့ သက်သေသာဓကတွေ ရှိနေတာကြောင့် မယုံကြည်လို့လည်း မဖြစ်ပြန်ဘူးနော် . . .
<Unicode Version>
<Zawgyi Version>
#soshwelifestyle
#soshweforyourdaiyllife
#likeandshare
About So Shwe
Check Also
ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။
တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို …
Leave a Reply
Your email address will not be published.
instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro