Breaking News

ငယ်စဉ်တုန်းက ကယ်တင်ပေးခဲ့တဲ့ လူသားတွေနဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ ချင်ပန်ဇီမျောက်လေးရဲ့ အ့ံအားသင့်ဖွယ်ဗီဒီယိုဖိုင်။

Limbani ဟာ လူအများစု ပုံမှန်မြင်ဖူးနေကျ ချင်ပန်ဇီမျောက် တစ်ကောင်မဟုတ်ပါဘူး။ သူဟာ Follower ၇၂၀,၀၀၀ ကျော်ရှိတဲ့ အင်စတာဂရမ်အကောင့်ကို ပိုင်ဆိုင်ထားပြီး လူအများရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ မျောက်ကလေးတစ်ကောင်ဖြစ်ကာ မကြာသေးခင်ကပဲ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ အင်တာနက်အသုံးပြုသူတွေရဲ့ စိတ်နှလုံးကို နွေးထွေးစေခဲ့တဲ့ ဗီဒီယိုအသစ်တစ်ခု တင်ထားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုထဲမှာတော့ သူငယ်စဉ်ဘဝကတည်းက ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့တဲ့ Tania နဲ့ Jorge Sanchez တို့နဲ့ ပြန်လည်တွေ့ဆုံခဲ့တဲ့ စိတ်နှလုံးချမ်းမြေ့ဖွယ်မြင်ကွင်းကို တွေ့မြင်ရမှာပါ။

Limbani လေးဟာ Miami က သတ္တဗေဒတောရိုင်းတိရစ္ဆာန်ဖောင်ဒေးရှင်း (ZWF) သို့ မပြောင်းရွှေ့ခင်တုန်းက မွေးရာပါ အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရတာကြောင့် Tania နဲ့ Jorge Sanchez တို့စုံတွဲအနေနဲ့ Limbani လေးရဲ့ရောဂါကို ကုသပေးရင်း သူတို့ရဲ့ရင်သွေးတဖွယ် ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ပေးခဲ့ပါတယ်။ “လူသားတွေရဲ့ အကူအညီမပါဘဲနဲ့ ခေတ်သစ်ဆေးကုသနည်းတွေနဲ့ ကုသမှုခံယူခြင်း မပြုလုပ်ပါက Limbani လေးဟာ အခုချိန်မှာ အသက်ရှင်နေဦးမှာမဟုတ်ဘူး။” လို့ ZWF က တာဝန်ရှိသူတစ်ဦးက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Limbani ဟာ Tania နဲ့ Jorge Sanchez တို့စုံတွဲကို မြင်မြင်ချင်း မှတ်မိသွားတာကို ကြည့်မယ်ဆိုရင် သူငယ်စဉ်တုန်းက အဖြစ်အပျက်တွေကို မမေ့သေးဘူးဆိုတာ အသေအချာပဲဖြစ်ပါတယ်။ ZWF ရဲ့ပြောကြားချက်အရ “Limbani ဟာ Tania နဲ့ Jorge တို့နဲ့ လပေါင်းများစွာ ဝေးကွာခဲ့ပေမယ့်လည်း သူ့ရဲ့တုံ့ပြန်ပုံကတော့ အရင်အတိုင်းပါပဲ။ ZWF တစ်ခုလုံးကလည်း Limbani ကို ချစ်ခင်ကြပါတယ်။” လို့ ပြောပြခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ Limbani ဟာ Tania နဲ့ Jorge Sanchez တို့ကို မြင်မြင်ချင်းမှာပဲ ပျော်ရွှင်စွာ ပြေးဖက်တဲ့မြင်ကွင်းလေးကို တွေ့မြင်ရမှာပဲဖြစ်ပြီး အချိန်ကာလများစွာ ကုန်လွန်သွားပေမယ့်လည်း ချစ်ခြင်းမေတ္တာတွေဟာ နွေးထွေးစွာ ရှင်သန်နေဆဲဆိုတာကို Limbani လေးက သက်သေပြခဲ့ပါတယ်။

https://www.instagram.com/tv/CNMAL_uFowv/

Instagram မှာတင်ထားတဲ့ လူတွေရဲ့နှလုံးသားကို နွေးထွေးစေခဲ့တဲ့ မှတ်တမ်းတင်ဗီဒီယိုကို ကြည့်ရှုသူပေါင်း ၄၀၀,၀၀၀ ကျော်ရှိခဲ့ပြီး အသုံးပြုသူတွေဟာလည်း သူတို့ရဲ့ထင်မြင်ချက်တွေကို မျှဝေခေဲ့ကြပါတယ်။ အသုံးပြုသူတစ်ယောက်က “ငါ့နှလုံးသားတွေ အရည်ပျော်ကုန်ပါပြီ” လို့မှတ်ချက်ပေးခဲ့ပြီိး နောက်တစ်ဦးကတော့ “ဒီဗီဒီယိုကို ခဏခဏကြည့်ပြီး ငိုတာကို မရပ်နိုင်တော့ဘူး။” လို့ ရေးသားခဲ့ပါတယ်။ Instagram မှာတင်ထားတဲ့ Limbani နဲ့ ပတ်သက်တဲ့ဗီဒီယိုအရ ZWF အနေနဲ့ ရှားပါးလာပြီး မျိုးတုန်းပျောက်ကွယ်သွားနိုင်ချေရှိတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး လူထုကို သတိပေးလိုတာကြောင့် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

<Unicode Version>

 

 

 

ငယ္စဥ္တုန္းက ကယ္တင္ေပးခဲ့တဲ့ လူသားေတြနဲ႔ ျပန္လည္ေတြ႕ဆုံခ့ဲတ့ဲ ခ်င္ပန္ဇီေမ်ာက္ေလးရဲ႕ အ့ံအားသင့္ဖြယ္ဗီဒီယိုဖိုင္။

Limbani ဟာ လူအမ်ားစု ပံုမွန္ျမင္ဖူးေနက် ခ်င္ပန္ဇီေမ်ာက္ တစ္ေကာင္မဟုတ္ပါဘူး။ သူဟာ Follower ၇၂၀,၀၀၀ ေက်ာ္ရွိတဲ့ အင္စတာဂရမ္အေကာင့္ကို ပိုင္ဆိုင္ထားၿပီး လူအမ်ားရဲ႕ ခ်စ္ခင္မႈကို ရရွိထားတဲ့ ေမ်ာက္ကေလးတစ္ေကာင္ျဖစ္ကာ မၾကာေသးခင္ကပဲ သူ႕ရဲ႕အင္စတာဂရမ္အေကာင့္မွာ အင္တာနက္အသံုးျပဳသူေတြရဲ႕ စိတ္ႏွလံုးကို ေႏြးေထြးေစခဲ့တဲ့ ဗီဒီယိုအသစ္တစ္ခု တင္ထားခဲ့ပါတယ္။ အဆိုပါ ဗီဒီယိုထဲမွာေတာ့ သူငယ္စဥ္ဘဝကတည္းက ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့တဲ့ Tania နဲ႔ Jorge Sanchez တို႔နဲ႔ ျပန္လည္ေတြ႕ဆုံခ့ဲတ့ဲ စိတ္ႏွလုံးခ်မ္းေျမ႕ဖြယ္ျမင္ကြင္းကို ေတြ႕ျမင္ရမွာပါ။

Limbani ေလးဟာ Miami က သတၱေဗဒေတာ႐ိုင္းတိရစာၦန္ေဖာင္ေဒးရွင္း (ZWF) သို႕ မေျပာင္းေရႊ႕ခင္တုန္းက ေမြးရာပါ အဆုတ္ေရာင္ေရာဂါကို ခံစားေနခဲ့ရတာေၾကာင့္ Tania နဲ႔ Jorge Sanchez တို႔စံုတြဲအေနနဲ႕ Limbani ေလးရဲ႕ေရာဂါကို ကုသေပးရင္း သူတို႔ရဲ႕ရင္ေသြးတဖြယ္ ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ ဂ႐ုတစိုက္ ထိန္းသိမ္းေစာင့္ေရွာက္ေပးခဲ့ပါတယ္။ “လူသားေတြရဲ႕ အကူအညီမပါဘဲနဲ႔ ေခတ္သစ္ေဆးကုသနည္းေတြနဲ႔ ကုသမႈခံယူျခင္း မျပဳလုပ္ပါက Limbani ေလးဟာ အခုခ်ိန္မွာ အသက္ရွင္ေနဦးမွာမဟုတ္ဘူး။” လို႔ ZWF က တာဝန္ရွိသူတစ္ဦးက အင္တာဗ်ဴးတစ္ခုမွာ ေျပာၾကားခ့ဲပါတယ္။

Limbani ဟာ Tania နဲ႔ Jorge Sanchez တို႔စုံတြဲကို ျမင္ျမင္ခ်င္း မွတ္မိသြားတာကို ၾကည့္မယ္ဆိုရင္ သူငယ္စဥ္တုန္းက အျဖစ္အပ်က္ေတြကို မေမ့ေသးဘူးဆိုတာ  အေသအခ်ာပဲျဖစ္ပါတယ္။ ZWF  ရဲ႕ေျပာၾကားခ်က္အရ “Limbani ဟာ Tania နဲ႔ Jorge တို႔နဲ႕ လေပါင္းမ်ားစြာ ေဝးကြာခ့ဲေပမယ့္လည္း သူ႕ရဲ႕တုံ႕ျပန္ပံုကေတာ့ အရင္အတိုင္းပါပဲ။ ZWF တစ္ခုလံုးကလည္း Limbani ကို ခ်စ္ခင္ၾကပါတယ္။” လို႔ ေျပာျပခဲ့ပါတယ္။ ဗီဒီယိုထဲမွာေတာ့ Limbani ဟာ Tania နဲ႔ Jorge Sanchez တို႔ကို ျမင္ျမင္ခ်င္းမွာပဲ ေပ်ာ္ရႊင္စြာ ေျပးဖက္တ့ဲျမင္ကြင္းေလးကို ေတြ႕ျမင္ရမွာပဲျဖစ္ၿပီး အခ်ိန္ကာလမ်ားစြာ ကုန္လြန္သြားေပမယ့္လည္း ခ်စ္ျခင္းေမတၱာေတြဟာ ေႏြးေထြးစြာ ရွင္သန္ေနဆဲဆိုတာကို Limbani ေလးက သက္ေသျပခဲ့ပါတယ္။

https://www.instagram.com/tv/CNMAL_uFowv/

Instagram မွာတင္ထားတဲ့ လူေတြရဲ႕ႏွလံုးသားကို ေႏြးေထြးေစခဲ့တဲ့ မွတ္တမ္းတင္ဗီဒီယိုကို ၾကည့္႐ႈသူေပါင္း ၄၀၀,၀၀၀ ေက်ာ္ရွိခဲ့ၿပီး အသံုးျပဳသူေတြဟာလည္း သူတို႔ရဲ႕ထင္ျမင္ခ်က္ေတြကို မွ်ေဝေခဲ့ၾကပါတယ္။ အသံုးျပဳသူတစ္ေယာက္က “ငါ့ႏွလံုးသားေတြ အရည္ေပ်ာ္ကုန္ပါၿပီ” လို႕မွတ္ခ်က္ေပးခ့ဲၿပီိး ေနာက္တစ္ဦးကေတာ့ “ဒီဗီဒီယိုကို ခဏခဏၾကည့္ၿပီး ငိုတာကို မရပ္ႏိုင္ေတာ့ဘူး။” လို႔ ေရးသားခဲ့ပါတယ္။ Instagram မွာတင္ထားတဲ့ Limbani နဲ႔ ပတ္သက္တဲ့ဗီဒီယိုအရ ZWF အေနနဲ႕ ရွားပါးလာၿပီး မ်ိဳးတုန္းေပ်ာက္ကြယ္သြားႏိုင္ေခ်ရွိတဲ့ တိရစာၦန္ေတြနဲ႔ ပတ္သက္ၿပီး လူထုကို သတိေပးလိုတာေၾကာင့္ျဖစ္ေၾကာင္း အသိေပးေျပာၾကားခ့ဲပါတယ္။

<Zawgyi Version>

 

#soshweanimal

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

အချစ်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် ပန်ဒါဝက်ဝံနှစ်ကောင်။

အချစ်ကိုရဖို့ တိုက်ပွဲဝင်တယ်ဆိုတာက လူ့ဘောင်လောကထဲမှာတင်မဟုတ်ဘဲ တိရစ္ဆာန်လောကမှာလည်း ဒါက သဘာဝတရားအဖြစ် တည်ရှိနေဆဲအရာတစ်ခုပါ။ အချစ်အတွက် အသက်ပင်သေသေ တိုက်ပွဲဝင်ပစ်မယ်လို့ ကြုံးဝါးရင်း ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့လူသားတွေရှိသလို ပန်ဒါဝက်ဝံအထီးနှစ်ကောင်ကလည်း ပန်ဒါဝက်ဝံအမတစ်ကောင်ရဲ့ မေတ္တာနဲ့အာရုံစိုက်မှုတွေကိုရရှိဖို့ …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro