HomeTechမာ့ခ်ဇူကာဘက်ရဲ့ဖုန်းနံပါတ်ပါ ပေါက်ကြားလာသည်အထိဆိုးရွားခဲ့သည့် Facebook ရဲ့လုံခြုံရေးစနစ်။

မာ့ခ်ဇူကာဘက်ရဲ့ဖုန်းနံပါတ်ပါ ပေါက်ကြားလာသည်အထိဆိုးရွားခဲ့သည့် Facebook ရဲ့လုံခြုံရေးစနစ်။

- Advertisement -

ကမ္ဘာပေါ်ရှိ သန်းနဲ့ချီသည့်လူသားများအားလုံးကို ဆွဲဆောင်ထားနိုင်သော ဆိုရှယ်မီဒီယာတစ်ခုဖြစ်သည့် Facebook အနေဖြင့် ၎င်းတို့ပလက်ဖောင်းပေါ်မှ အသုံးပြုနေသူများရဲ့ အချက်အလက်များနဲ့ပတ်သက်၍ အမြဲတမ်း အငြင်းပွားဖွယ်ရာများ ဖြစ်ပွားလေ့ရှိပါတယ်။ ဒေါ်နယ်ထရမ့် အနိုင်ရရှိခဲ့ဖူးသည့် အမေရိကန်သမ္မတရွေးကောက်ပွဲ၌လည်း Facebook မှတစ်ဆင့် မဲပေးသူများရဲ့ အချက်အလက်များကို အသုံးချကာ မဲဆွယ်ခဲ့ကြောင်း၊ တစ်နည်းအားဖြင့် မဲရလဒ်ကို အလှည့်အပြောင်းဖြစ်စေခဲ့ကြောင်း စွပ်စွဲချက်များအပေါ်၌လည်း မာ့ခ်ဇူကာဘက်တစ်ယောက် အသည်းအသန် ဖြေရှင်းခဲ့ရပါသေးတယ်။ အသုံးပြုသူများရဲ့ အချက်အလက်များ မကြာခဏပေါက်ကြားလေ့ရှိသည့် Facebook ရဲ့  အချက်အလက်ပေါက်ကြားမှုက အသုံးပြုသူများအတွက်တင်မကဘဲ Facebook ရဲ့အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘက်အတွက်ပါ အကြီးအကျယ် ဒုက္ခရောက်စေခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ၊ ဇန်နဝါရီလတည်းက သိမ်းဆည်းထားခဲ့သည့် ဖုန်းနံပါတ်များနဲ့ Facebook အကောင့်များကို Hacker များက ခိုးယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါအချက်အလက်များ၌ မာ့ခ်ဇူကာဘက်ရဲ့ ဖုန်းနံပါတ်လည်း ပါဝင်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုပေါက်ကြားမှု၌ အသုံးပြုသူပေါင်း သန်း (၅၀၀) ကျော်ရဲ့ အချက်အလက်များ ပါဝင်ခဲ့ကြောင်း လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတစ်ဦးကဆိုခဲ့ပေမယ့် Facebook ကမူ အလွန်ဟောင်းနွမ်းနေသည့် အချက်အလက်များသာ ပေါက်ကြားခဲ့ခြင်းဖြစ်ကြောင်း ဆိုထားပါတယ်။

- Advertisement -

အခြားတစ်ဖက်၌လည်း လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူတစ်ယောက်ပင်ဖြစ်သည့် ဒေ့ဗ်ဝေါ်လ်ကာက “အချက်အလက်ပေါက်ကြားခဲ့တဲ့ အသုံးပြုသူပေါင်း (၅၃၃) သန်းထဲမှာ မာ့ခ်ဇူကာဘက်လည်း ပါဝင်ခဲ့ပါတယ်။ ဂျာနယ်လစ်တွေအနေနဲ့ Facebook ဆီကနေ ကြေညာချက်တွေ၊ အတည်ပြုချက်တွေလိုချင်ရင် ပေါက်ကြားနေတဲ့ မာ့ခ်ဇူကာဘက်ရဲ့ ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုလိုက်ပါ။” ဟု ၎င်းရဲ့တွစ်တာ၌ ရေးသားဖော်ပြခဲ့သလို မာ့ခ်ဇူကာဘတ်ရဲ့ နာမည်နဲ့ဖုန်းနံပါတ်တို့ကို Screenshot ရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကိုလည်း တင်ထားခဲ့ပါတယ်။

- Advertisement -

Facebook အနေဖြင့် ၎င်းတို့ရဲ့ပလက်ဖောင်းပေါ်မှ အသုံးပြုသူများကို စည်းကမ်းမျိုးစုံသတ်မှတ်ကာ ထိန်းကျောင်းလေ့ရှိသော်လည်း ၎င်းတို့အတွက်အရေးပါသည့် ကိုယ်ရေးအချက်အလက်များကိုမူ သေချာစွာထိန်းသိမ်းနိုင်ခြင်းမရှိဘဲ ကိုယ်ရေးအချက်အလက်များပေါက်ကြားမှုက မကြာခဏ ဖြစ်ပွားနေခြင်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယခုပေါက်ကြားခဲ့သည့် အချက်အလက်များကို ထိန်းသိမ်းထားသည့် Database ရဲ့လုံခြုံရေးက အင်မတန်အားနည်းနေပြီး အခြေခံကျွမ်းကျင်သူများပင် အလွယ်တကူ ဖောက်ထွင်းဝင်ရောက်နိုင်ကြောင်း Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

- Advertisement -

<Unicode Version>

 

 

မာ့ခ္ဇူကာဘက္ရဲ႕ဖုန္းနံပါတ္ပါ ေပါက္ၾကားလာသည္အထိ ဆိုးရြားခဲ့သည့္ Facebook ရဲ႕လုံျခဳံေရးစနစ္။

ကမာၻေပၚရွိ သန္းနဲ႔ခ်ီသည့္လူသားမ်ားအားလုံးကို ဆြဲေဆာင္ထားႏိုင္ေသာ ဆိုရွယ္မီဒီယာတစ္ခုျဖစ္သည့္ Facebook အေနျဖင့္ ၎တို႔ပလက္ေဖာင္းေပၚမွ အသုံးျပဳေနသူမ်ားရဲ႕ အခ်က္အလက္မ်ားနဲ႔ပတ္သက္၍ အၿမဲတမ္း အျငင္းပြားဖြယ္ရာမ်ား ျဖစ္ပြားေလ့ရွိပါတယ္။ ေဒၚနယ္ထရမ့္ အႏိုင္ရရွိခဲ့ဖူးသည့္ အေမရိကန္သမၼတေ႐ြးေကာက္ပြဲ၌လည္း Facebook မွတစ္ဆင့္ မဲေပးသူမ်ားရဲ႕ အခ်က္အလက္မ်ားကို အသုံးခ်ကာ မဲဆြယ္ခဲ့ေၾကာင္း၊ တစ္နည္းအားျဖင့္ မဲရလဒ္ကို အလွည့္အေျပာင္းျဖစ္ေစခဲ့ေၾကာင္း စြပ္စြဲခ်က္မ်ားအေပၚ၌လည္း မာ့ခ္ဇူကာဘက္တစ္ေယာက္ အသည္းအသန္ ေျဖရွင္းခဲ့ရပါေသးတယ္။ အသုံးျပဳသူမ်ားရဲ႕ အခ်က္အလက္မ်ား မၾကာခဏေပါက္ၾကားေလ့ရွိသည့္ Facebook ရဲ႕ အခ်က္အလက္ေပါက္ၾကားမႈက အသုံးျပဳသူမ်ားအတြက္တင္မကဘဲ Facebook ရဲ႕အမႈေဆာင္အရာရွိခ်ဳပ္ မာ့ခ္ဇူကာဘက္အတြက္ပါ အႀကီးအက်ယ္ ဒုကၡေရာက္ေစခဲ့ပါတယ္။

၂၀၂၁ ခုနွစ္ ၊ ဇန္နဝါရီလတည္းက သိမ္းဆည္းထားခဲ့သည့္ ဖုန္းနံပါတ္မ်ားနဲ႔ Facebook အေကာင့္မ်ားကို Hacker မ်ားက ခိုးယူနိုင္ခဲ့ျခင္းျဖစ္ၿပီး အဆိုပါအခ်က္အလက္မ်ား၌ မာ့ခ္ဇူကာဘက္ရဲ႕ ဖုန္းနံပါတ္လည္း ပါဝင္ခဲ့ျခင္းျဖစ္ပါတယ္။ ယခုေပါက္ၾကားမႈ၌ အသုံးျပဳသူေပါင္း သန္း (၅၀၀) ေက်ာ္ရဲ႕ အခ်က္အလက္မ်ား ပါဝင္ခဲ့ေၾကာင္း လုံျခဳံေရးဆိုင္ရာကၽြမ္းက်င္သူတစ္ဦးကဆိုခဲ့ေပမယ့္ Facebook ကမူ အလြန္ေဟာင္းႏြမ္းေနသည့္ အခ်က္အလက္မ်ားသာ ေပါက္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း ဆိုထားပါတယ္။

အျခားတစ္ဖက္၌လည္း လုံျခဳံေရးဆိုင္ရာကၽြမ္းက်င္သူတစ္ေယာက္ပင္ျဖစ္သည့္ ေဒ့ဗ္ေဝၚလ္ကာက “အခ်က္အလက္ေပါက္ၾကားခဲ့တဲ့ အသုံးျပဳသူေပါင္း (၅၃၃) သန္းထဲမွာ မာ့ခ္ဇူကာဘက္လည္း ပါဝင္ခဲ့ပါတယ္။ ဂ်ာနယ္လစ္ေတြအေနနဲ႔ Facebook ဆီကေန ေၾကညာခ်က္ေတြ၊ အတည္ျပဳခ်က္ေတြလိုခ်င္ရင္ ေပါက္ၾကားေနတဲ့ မာ့ခ္ဇူကာဘက္ရဲ႕ ဖုန္းနံပါတ္ကို တိုက္ရိုက္ေခၚဆိုလိုက္ပါ။” ဟု ၎ရဲ့တြစ္တာ၌ ေရးသားေဖာ္ျပခဲ့သလို မာ့ခ္ဇူကာဘတ္ရဲ႕ နာမည္နဲ႔ဖုန္းနံပါတ္တို႔ကို Screenshot ရိုက္ထားသည့္ ဓာတ္ပုံတစ္ပုံကိုလည္း တင္ထားခဲ့ပါတယ္။

Facebook အေနျဖင့္ ၎တို႔ရဲ႕ပလက္ေဖာင္းေပၚမွ အသုံးျပဳသူမ်ားကို စည္းကမ္းမ်ိဳးစုံသတ္မွတ္ကာ ထိန္းေက်ာင္းေလ့ရွိေသာ္လည္း ၎တို႔အတြက္အေရးပါသည့္ ကိုယ္ေရးအခ်က္အလက္မ်ားကိုမူ ေသခ်ာစြာထိန္းသိမ္းႏိုင္ျခင္းမရွိဘဲ ကိုယ္ေရးအခ်က္အလက္မ်ားေပါက္ၾကားမႈက မၾကာခဏ ျဖစ္ပြားေနျခင္းလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ ယခုေပါက္ၾကားခဲ့သည့္ အခ်က္အလက္မ်ားကို ထိန္းသိမ္းထားသည့္ Database ရဲ႕လုံၿခဳံေရးက အင္မတန္အားနည္းေနၿပီး အေျခခံကြၽမ္းက်င္သူမ်ားပင္ အလြယ္တကူ ေဖာက္ထြင္းဝင္ေရာက္ႏိုင္ေၾကာင္း Bloomberg သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read