HomeLifeStyle၁၉ နှစ်ကြာမှ အမြင်အာရုံ ပြန်လည်ရရှိခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်။

၁၉ နှစ်ကြာမှ အမြင်အာရုံ ပြန်လည်ရရှိခဲ့တဲ့ အမျိုးသားတစ်ယောက်ရဲ့ ကြည်နူးပျော်ရွှင်ဖွယ်ရာ အဖြစ်အပျက်။

- Advertisement -

နှစ်ပေါင်း ၂၀ နီးပါးလောက် မျက်မမြင်အဖြစ် နေထိုင်လာရင်းကနေ အမြင်အာရုံပြန်ရရှိလာတာကြောင့် ဝမ်းသာမျက်ရည်ကျနေတဲ့ ကြည်နူးဖွယ်အမှတ်တရ အခိုက်အတန့်လေးကို မှတ်တမ်းတင်ရိ်ုက်ကူးထားတဲ့ ဗီဒီယိုဟာ လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ နေ့ချင်းညချင်း ပျံ့နှံ့သွားပါတော့တယ်။ သတင်းပေးပို့ချက်အရ မှတ်တမ်းတင်ဗီဒီယိုကို ဖိလစ်ပိုင်နိုင်ငံ Pampanga ဒေသက ဆေးခန်းတစ်ခုမှာ ၂၀၂၁ ၊ မတ််လ ၁၂ ရက်နေ့က ရိုက်ကူးခဲ့တာဖြစ်ပြီး ခွဲစိတ်မှုဟာလည်း ၇ မိနစ်သာ ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ဗီဒီယိုထဲမှာတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသားဟာ အလွန်အမင်းပျော်ရွှင်ကြည်နူးမှုကို ခံစားရတာကြောင့် မျက်ရည်မထိန်းနိုင်တဲ့အထိ ဖြစ်သွားတာကို မြင်တွေ့ရမှာပါ။

- Advertisement -

အပြည်ပြည်ဆိုင်ရာ အမြင်အာရုံစင်တာက ဒေါက်တာ Noel Jusay Lacsama ကလည်း “ဒါဟာ အရမ်းကို အဖိုးတန်တဲ့ အခိုက်အတန့်လေးပါ။ လူနာဟာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီးတော့မှ အမြင်အာရုံကို ပြန်လည်ရရှိခဲ့တာပါ။ ကျွန်တော်တို့ရဲ့လူနာဟာ မျက်စိနှစ်ဖက်လုံး အမြင်အာရုံ မကွယ်ပျောက်သွားခင်အချိန်မှာ မျက်စိအတွင်းတိမ်ဖြစ်တာကို ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကံကောင်းချင်တော့ ရက်ရောတဲ့အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့အစည်းက သူ့အတွက်လိုအပ်တဲ့ ခွဲစိတ်မှုမျိုးကို ပြုလုပ်ပေးဖို့ ကူညီပေးခဲ့ပါတယ်။” လို့ ပြောပြခဲ့ပါတယ်။

- Advertisement -

အမြင်အာရုံကို ပြန်လည်ရရှိခဲ့တဲ့ လူနာကတော့ ဆရာဝန်ကို လက်ဆွဲနှုတ်ဆက်ပြီး နွေးထွေးစွာ ပွေ့ဖက်ခဲ့ပါတယ်။ အဆိုပါအမျိုးသားဟာ “ဘုရားသခင်က လူသားတွေကို တစ်ဦးကိုတစ်ဦး ကူညီဖေးမနိုင်ဖို့ အသိပညာတွေကို ထည့်ပေးထားတယ်။ အခုချိန်မှာတော့ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ဆရာဝန် Noel ကိုလည်း ကျေးဇူးတင်ပါတယ်။ ဘုရားသခင်က ကျွန်တော်တို့ကို ဖန်ဆင်းခဲ့တာဟာ ဘုရားဝတ်ပြုဆုတောင်းပြီး ကောင်းတဲ့အရာတွေကို လုပ်ဖို့ပါ။” လို့ ဝမ်းသာမျက်ရည်ကျရင်း ပြောပြခဲ့ပါတယ်။

- Advertisement -

https://www.facebook.com/watch/?v=462935398486198

အဆိုပါအမျိုးသားရဲ့ ဇနီးဖြစ်သူကတော့ “ကျွန်မ အမျိုးသားဟာ ညာဘက်မျက်လုံးရဲ့ အမြင်အာရုံကို အရင်ဆုံးရှုံးခဲ့ပြီးမှ ဘယ်ဘက်မျက်လုံးရဲ့ အမြင်အာရုံကလည်း တဖြည်းဖြည်း ဆုံးရှုံးသွားတာပါ။ အစတုန်းကတော့ ကျွန်မ အတော်လေးကို မျှော်လင့်ချက်မဲ့သွားတာ။ ဒါပေမယ့် သူကတော့ ဒီဆေးခန်းမှာ အကောင်းဆုံးသော ဆရာဝန်တွေရှိတယ်ဆိုတာကို ယုံကြည်ထားလို့ တခြားမှာ ဆေးခန်းသွားမပြဘဲ အမြဲဒီမှာပဲ ဆေးခန်းလာပြနေခဲ့တာပါ။ ရေဒီယိုကနေတဆင့် ဆရာဝန်တွေရဲ့ ခွဲစိတ်ကုသမှု အစီအစဉ်ကို ကြားပြီးနောက်မှာတော့ ကျွန်မ အမျိုးသားရဲ့ အမြင်အာရုံ ပြန်ရလာမယ်ဆိုတဲ့ မျှော်လင့်ချက်လေး ရခဲ့တာပါ။” လို့ ဆိုပါတယ်။

<Unicode Version>

 

 

၁၉ ႏွစ္ၾကာမွ အျမင္အာရံု ျပန္လည္ရရွိခ့ဲတ့ဲ အမ်ိဳးသားတစ္ေယာက္ရဲ႕ ၾကည္ႏူးေပ်ာ္ရႊင္ဖြယ္ရာ အျဖစ္အပ်က္။

ႏွစ္ေပါင္း ၂၀ နီးပါးေလာက္ မ်က္မျမင္အျဖစ္ ေနထိုင္လာရင္းကေန အျမင္အာ႐ံုျပန္ရရွိလာတာေၾကာင့္ ဝမ္းသာမ်က္ရည္က်ေနတဲ့ ၾကည္ႏူးဖြယ္အမွတ္တရ အခိုက္အတန္႔ေလးကို မွတ္တမ္းတင္႐ိ္ုက္ကူးထားတဲ့ ဗီဒီယိုဟာ လူမႈကြန္ရက္ စာမ်က္ႏွာေတြေပၚမွာ ေန႔ခ်င္းညခ်င္း ပ်ံ႕ႏွံ႔သြားပါေတာ့တယ္။ သတင္းေပးပို႔ခ်က္အရ မွတ္တမ္းတင္ဗီဒီယိုကို ဖိလစ္ပိုင္ႏိုင္ငံ Pampanga ေဒသက ေဆးခန္းတစ္ခုမွာ ၂၀၂၁ ၊ မတ္္လ ၁၂ ရက္ေန႔က ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ခြဲစိတ္မႈဟာလည္း ၇ မိနစ္သာ ၾကာျမင့္ခဲ့တယ္လို႔ သိရပါတယ္။ ဗီဒီယိုထဲမွာေတာ့ အသက္ ၆၅ ႏွစ္အရြယ္ အမ်ိဳးသားဟာ အလြန္အမင္းေပ်ာ္ရႊင္ၾကည္ႏူးမႈကို ခံစားရတာေၾကာင့္ မ်က္ရည္မထိန္းႏိုင္တဲ့အထိ ျဖစ္သြားတာကို ျမင္ေတြ႕ရမွာပါ။

အျပည္ျပည္ဆိုင္ရာ အျမင္အာ႐ံုစင္တာက ေဒါက္တာ Noel Jusay Lacsama ကလည္း “ဒါဟာ အရမ္းကို အဖိုးတန္တဲ့ အခိုက္အတန္႔ေလးပါ။ လူနာဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္ၿပီးေတာ့မွ အျမင္အာ႐ံုကို ျပန္လည္ရရွိခဲ့တာပါ။ ကၽြန္ေတာ္တို႔ရဲ႕လူနာဟာ မ်က္စိႏွစ္ဖက္လံုး အျမင္အာ႐ံု မကြယ္ေပ်ာက္သြားခင္အခ်ိန္မွာ မ်က္စိအတြင္းတိမ္ျဖစ္တာကို ၾကံဳေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ကံေကာင္းခ်င္ေတာ့ ရက္ေရာတဲ့အလွဴရွင္ေတြနဲ႔ ပရဟိတအဖြဲ႕အစည္းက သူ႕အတြက္လိုအပ္တဲ့ ခြဲစိတ္မႈမ်ိဳးကို ျပဳလုပ္ေပးဖို႔ ကူညီေပးခဲ့ပါတယ္။” လို႔ ေျပာျပခဲ့ပါတယ္။

အျမင္အာ႐ံုကို ျပန္လည္ရရွိခဲ့တဲ့ လူနာကေတာ့ ဆရာဝန္ကို လက္ဆြဲႏႈတ္ဆက္ၿပီး ေႏြးေထြးစြာ ေပြ႕ဖက္ခဲ့ပါတယ္။ အဆိုပါအမ်ိဳးသားဟာ “ဘုရားသခင္က လူသားေတြကို တစ္ဦးကိုတစ္ဦး ကူညီေဖးမႏိုင္ဖို႔ အသိပညာေတြကို ထည့္ေပးထားတယ္။ အခုခ်ိန္မွာေတာ့ ဘုရားသခင္ကို ေက်းဇူးတင္ၿပီး ဆရာဝန္ Noel ကိုလည္း ေက်းဇူးတင္ပါတယ္။ ဘုရားသခင္က ကၽြန္ေတာ္တို႔ကို ဖန္ဆင္းခဲ့တာဟာ ဘုရားဝတ္ျပဳဆုေတာင္းၿပီး ေကာင္းတဲ့အရာေတြကို လုပ္ဖို႔ပါ။” လို႔ ဝမ္းသာမ်က္ရည္က်ရင္း ေျပာျပခဲ့ပါတယ္။

https://www.facebook.com/watch/?v=462935398486198

အဆိုပါအမ်ိဳးသားရဲ႕ ဇနီးျဖစ္သူကေတာ့ “ကၽြန္မ အမ်ိဳးသားဟာ ညာဘက္မ်က္လံုးရဲ႕ အျမင္အာ႐ံုကို အရင္ဆံုး႐ႈံးခဲ့ၿပီးမွ ဘယ္ဘက္မ်က္လံုးရဲ႕ အျမင္အာ႐ံုကလည္း တျဖည္းျဖည္း ဆံုး႐ႈံးသြားတာပါ။ အစတုန္းကေတာ့ ကၽြန္မ အေတာ္ေလးကို ေမွ်ာ္လင့္ခ်က္မဲ့သြားတာ။ ဒါေပမယ့္ သူကေတာ့ ဒီေဆးခန္းမွာ အေကာင္းဆံုးေသာ ဆရာဝန္ေတြရွိတယ္ဆိုတာကို ယံုၾကည္ထားလို႔ တျခားမွာ ေဆးခန္းသြားမျပဘဲ အၿမဲဒီမွာပဲ ေဆးခန္းလာျပေနခဲ့တာပါ။ ေရဒီယိုကေနတဆင့္ ဆရာဝန္ေတြရဲ႕ ခြဲစိတ္ကုသမႈအစီအစဥ္ကို ၾကားၿပီးေနာက္မွာေတာ့ ကၽြန္မ အမ်ိဳးသားရဲ႕ အျမင္အာ႐ံု ျပန္ရလာမယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလး ရခဲ့တာပါ။” လို႔ ဆိုပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likenadshare

- Advertisement -

Must Read