HomeLifeStyleဓါးတစ်ချောင်း ရင်ဘတ်ထဲ တစ်နှစ်အကြာလောက်ရှိနေခဲ့တာကို သိရှိခဲ့ခြင်းမရှိတဲ့ အမျိုးသား။

ဓါးတစ်ချောင်း ရင်ဘတ်ထဲ တစ်နှစ်အကြာလောက်ရှိနေခဲ့တာကို သိရှိခဲ့ခြင်းမရှိတဲ့ အမျိုးသား။

- Advertisement -

အသက် ၂၅ နှစ်အရွယ် ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဟာ သူ့ရဲ့ရင်ဘတ်ကို ဓါတ်မှန်ရိုက်ပြီးနောက်မှာတော့ ၄ လက်မ အရွယ် ဓါးတစ်ချောင်းရှိနေတာ အံ့အားသင့်ဖွယ် တွေ့မြင်ခဲ့ရပါတယ်။ သတင်းပေးပို့ချက်တစ်ခုအရ Kidapawan မြို့မှာနေထိုင်တဲ့ ဒေသခံ Kent Ryan Tomao ဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က အိမ်ပြန်နေတဲ့အချိန်မှာ ဆယ်ကျော်သက်တစ်စုရဲ့ ဓါးနဲ့ဝိုင်းထိုးတာကို ခံခဲ့ရပါတယ်။

Kent ဟာ သေလုမြောပါးခံစားခဲ့ရပေမယ့် ကံကောင်းစွာနဲ့ပဲ ဆေးရုံကို အချိန်မှီရောက်သွားခဲ့တာမို့ ဆရာဝန်တွေက ဒဏ်ရာကိုချုပ်ပေးခဲ့ပြီး အကိုက်အခဲပျောက်ဆေးတွေ သုံးစွဲခဲ့ရပါတယ်။ ပြန်လည်သက်သာလာပြီးနောက် အလုပ်အသစ်လျှောက်ဖို့အတွက် လိုအပ်ချက်အရ ဓါတ်မှန်ရိုက်ကြည့်တော့မှ Kent ဟာ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဓါးရှိနေဆဲဆိုတာကို သိခဲ့ရပြီး သူ့ရင်ဘတ်ထဲကဓါးဟာ အဆုတ်နဲ့ အကွာအဝေးအနည်းငယ်မှာ ရှိနေတာကိုပါ သိခွင့်ရလိုက်ပါတယ်။

- Advertisement -

- Advertisement -

Kent အနေနဲ့ အေးမြတဲ့ရာသီဥတုမှာ ရင်ဘတ်အောင့်တဲ့ဝေဒနာကို မကြာခဏခံစားနေရတာမို့ စိတ်ထဲမှာ မသင်္ကာဖြစ်နေခဲ့ကြောင်း ဝန်ခံခဲ့ပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ဓါးရှိနေတယ်လို့တော့ လုံးဝမခန့်မှန်းမိဘူးလို့ ဆိုလာပါတယ်။ Kent က “နာကျင်မှုဟာ အရမ်းဆိုးရွားနေတာမျိုးမဟုတ်တော့ ဆရာဝန်ဆီလည်း မသွားဖြစ်ခဲ့ဘူး။ ဒီတိုင်းပဲ နာကျင်မှုလျော့သွားတဲ့အထိ စောင့်နေလိုက်တာပေါ့။ အခုချိန်မှာတော့ ဝေဒနာခံစားရခြင်းရဲ့ အကြောင်းအရင်းအမှန်ကို သိသွားပြီဆိုတော့ အတော်လေး စိတ်သက်သာသွားပါပြီ။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

Kent တစ်ယောက် သူ့ကိုကုသပေးခဲ့တဲ့ ဆရာဝန်တွေအပေါ်ကိုတော့ အတော်လေး စိတ်ဆိုးနေတာကို နားလည်ပေးလို့ရပါတယ်။ Kent ပြောပြချက်အရတော့ ဆရာဝန်တွေက ပြီးခဲ့တဲ့နှစ်တုန်းက သူ့ရဲ့ဒဏ်ရာကို သေချာမစစ်ဆေးခဲ့ပုံအရဆိုရင် ဆရာဝန်တွေကိုယ်တိုင်ကလည်း သူတို့မှားထားတာရှိလို့ အသံတိတ်နေပုံ ရပါတယ်။ အခုချိန်မှာတော့ Kent က ဆရာဝန်တွေကို တရားစွဲဆိုတာမျိုး မလုပ်ချင်ဘဲ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ဓါးကိုသာ အထိအခိုက်အနည်းဆုံးဖြစ်အောင် ဂရုစိုက်ပြီး ထုတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။

Agusan Del Sur မောင်းတူဖော်ရေးကုမ္ပဏီမှာ အလုပ်ဝင်နိုင်ဖို့ ခန္ဓာကိုယ်ကျန်းမာနေဖို့ လိုအပ်တယ်လို့ Kent တစ်ယောက် ယူဆထားတာပဲဖြစ်ပါတယ်။ ၄ လက်မအရွယ်လောက်ရှိတဲ့ ဓါးတစ်လက်က ခန္ဓာကိုယ်ထဲမှာ ၁ နှစ်လောက်ရှိနေခဲ့တာတောင် ဆိုးရွားပြင်းထန်တဲ့ဝေဒနာကို မခံစားခဲ့ရဘဲ အခုချိန်ထိ အသက်ရှင်နေနိုင်သေးတာမို့ Kent ဟာ ကံအကောင်းဆုံးသော လူသားတွေထဲက တစ်ယောက်လို့ ဆိုရပါမယ်။

<Unicode  Version>

 

 

ဓါးတစ္ေခ်ာင္း ရင္ဘတ္ထဲ တစ္ႏွစ္အၾကာေလာက္ရွိေနခဲ့တာကို သိရွိခ့ဲျခင္းမရွိတ့ဲ အမ်ိဳးသား။

အသက္ ၂၅ ႏွစ္အရြယ္ ဖိလစ္ပိုင္ႏိုင္ငံသားတစ္ေယာက္ဟာ သူ႕ရဲ႕ရင္ဘတ္ကို ဓါတ္မွန္႐ိုက္ၿပီးေနာက္မွာေတာ့ ၄ လက္မ အရြယ္ ဓါးတစ္ေခ်ာင္းရွိေနတာ အံ့အားသင့္ဖြယ္ ေတြ႕ျမင္ခဲ့ရပါတယ္။ သတင္းေပးပို႔ခ်က္တစ္ခုအရ Kidapawan ၿမိဳ႕မွာေနထိုင္တဲ့ ေဒသခံ Kent Ryan Tomao ဟာ လြန္ခဲ့တဲ့ ၁ ႏွစ္ေက်ာ္ေလာက္က အိမ္ျပန္ေနတဲ့အခ်ိန္မွာ ဆယ္ေက်ာ္သက္တစ္စုရဲ႕ ဓါးနဲ႔ဝိုင္းထိုးတာကို ခံခဲ့ရပါတယ္။

Kent ဟာ ေသလုေျမာပါးခံစားခဲ့ရေပမယ့္ ကံေကာင္းစြာနဲ႔ပဲ ေဆး႐ံုကို အခ်ိန္မွီေရာက္သြားခဲ့တာမို႔ ဆရာဝန္ေတြက ဒဏ္ရာကိုခ်ဳပ္ေပးခဲ့ၿပီး အကိုက္အခဲေပ်ာက္ေဆးေတြ သုံးစြဲခဲ့ရပါတယ္။ ျပန္လည္သက္သာလာၿပီးေနာက္ အလုပ္အသစ္ေလွ်ာက္ဖို႕အတြက္ လိုအပ္ခ်က္အရ ဓါတ္မွန္႐ိုက္ၾကည့္ေတာ့မွ Kent ဟာ သူ႕ရဲ႕ခႏၶာကိုယ္ထဲမွာ ဓါးရွိေနဆဲဆိုတာကို သိခဲ့ရၿပီး သူ႕ရင္ဘတ္ထဲကဓါးဟာ အဆုတ္နဲ႔ အကြာအေဝးအနည္းငယ္မွာ ရွိေနတာကိုပါ သိခြင့္ရလိုက္ပါတယ္။

Kent အေနနဲ႕ ေအးျမတဲ့ရာသီဥတုမွာ ရင္ဘတ္ေအာင့္တဲ့ေဝဒနာကို မၾကာခဏခံစားေနရတာမို႔ စိတ္ထဲမွာ မသကၤာျဖစ္ေနခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး သူ႕ရဲ႕ခႏၶာကိုယ္ထဲမွာ ဓါးရွိေနတယ္လို႔ေတာ့ လံုးဝမခန္႔မွန္းမိဘူးလို႔ ဆိုလာပါတယ္။ Kent က “နာက်င္မႈဟာ အရမ္းဆိုးရြားေနတာမ်ိဳးမဟုတ္ေတာ့ ဆရာဝန္ဆီလည္း မသြားျဖစ္ခဲ့ဘူး။ ဒီတိုင္းပဲ နာက်င္မႈေလ်ာ့သြားတဲ့အထိ ေစာင့္ေနလိုက္တာေပါ့။ အခုခ်ိန္မွာေတာ့ ေဝဒနာခံစားရျခင္းရဲ႕ အေၾကာင္းအရင္းအမွန္ကို သိသြားၿပီဆိုေတာ့ အေတာ္ေလး စိတ္သက္သာသြားပါၿပီ။” လို႔ ဆိုခဲ့ပါတယ္။

Kent တစ္ေယာက္ သူ႕ကိုကုသေပးခဲ့တဲ့ ဆရာဝန္ေတြအေပၚကိုေတာ့ အေတာ္ေလး စိတ္ဆိုးေနတာကို နားလည္ေပးလို႔ရပါတယ္။ Kent ေျပာျပခ်က္အရေတာ့ ဆရာဝန္ေတြက ၿပီးခ့ဲတ့ဲႏွစ္တုန္းက သူ႕ရဲ႕ဒဏ္ရာကို ေသခ်ာမစစ္ေဆးခဲ့ပံုအရဆိုရင္ ဆရာဝန္ေတြကိုယ္တိုင္ကလည္း သူတို႔မွားထားတာရွိလို႔ အသံတိတ္ေနပံု ရပါတယ္။ အခုခ်ိန္မွာေတာ့ Kent က ဆရာဝန္ေတြကို တရားစြဲဆိုတာမ်ိဳး မလုပ္ခ်င္ဘဲ သူ႕ရဲ႕ခႏၶာကိုယ္ထဲမွာရွိေနတဲ့ ဓါးကိုသာ အထိအခိုက္အနည္းဆံုးျဖစ္ေအာင္ ဂ႐ုစိုက္ၿပီး ထုတ္ေပးေစခ်င္တယ္လို႔ ဆိုပါတယ္။

Agusan Del Sur ေမာင္းတူေဖာ္ေရးကုမၸဏီမွာ အလုပ္ဝင္ႏိုင္ဖို႔ ခႏၶာကိုယ္က်န္းမာေနဖို႔ လိုအပ္တယ္လို႔ Kent တစ္ေယာက္ ယူဆထားတာပဲျဖစ္ပါတယ္။ ၄ လက္မအရြယ္ေလာက္ရွိတဲ့ ဓါးတစ္လက္က ခႏၶာကိုယ္ထဲမွာ ၁ ႏွစ္ေလာက္ရွိေနခဲ့တာေတာင္ ဆိုးရြားျပင္းထန္တဲ့ေဝဒနာကို မခံစားခဲ့ရဘဲ အခုခ်ိန္ထိ အသက္ရွင္ေနႏိုင္ေသးတာမို႔ Kent ဟာ ကံအေကာင္းဆံုးေသာ လူသားေတြထဲက တစ္ေယာက္လို႔ ဆိုရပါမယ္။

<Zawgyi  Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read