HomeLifeStyleမီလီယံနာသူဌေး (၁၇၇) ယောက်ကို အင်တာဗျူးပြုလုပ်ပြီးနောက် တူညီသည့်အကျင့်စရိုက်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့အမျိုးသား။

မီလီယံနာသူဌေး (၁၇၇) ယောက်ကို အင်တာဗျူးပြုလုပ်ပြီးနောက် တူညီသည့်အကျင့်စရိုက်များကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့အမျိုးသား။

- Advertisement -

လူသားတိုင်းရဲ့ဘဝမှာ သာမန်လူတိုင်းမရရှိနိုင်သည့် ကြုံတောင့်ကြုံခဲအခွင့်အရေးများကို လက်ဝယ်ပိုင်ဆိုင်ဖူးကြပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက်ရရှိသည့် အခွင့်အလမ်းပုံစံချင်းမတူညီသည့်တိုင် အဆိုပါအရာက မည်သူနဲ့မျှမတူဘဲ ထူးခြားဆန်းသစ်နေမှာ အသေအချာပင်ဖြစ်ပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် Thomas C. Corley သည်လည်း မည်သူမျှမရရှိနိုင်သည့် ထူးထူးခြားခြားအခွင့်အရေးကို ရရှိခဲ့ကြောင်း ၎င်းရေးသားခဲ့သည့်စာအုပ်၌ ထည့်သွင်းဖော်ပြခဲ့ပါတယ်။

- Advertisement -

Corley သည် ၎င်းရဲ့ဘဝတစ်လျှောက်လုံး၌ မီလီယံနာသူဌေး (၁၇၇) ယောက်နဲ့ အင်တာဗျူးပြုလုပ်ခဲ့ဖူးပြီး ၎င်းတို့အားလုံးထံ၌ မြင်တွေ့ခဲ့ရသည့် ကောင်းမွန်သည့် အမူအကျင့်များကိုလည်း စာဖတ်ပရိသတ်များအတွက် မျှဝေပေးခဲ့ပါတယ်။ Corley သည် ၎င်းကိုယ်တိုင်ရေးသားခဲ့သည့် “Rich Habits: The Daily Success Habits of Wealthy Individuals” စာအုပ်အတွက် (၅) နှစ်ကြာအချိန်ပေးခဲ့ရပြီး ထိုကာလအတွင်း မီလီယံနာသူဌေးကြီး (၁၇၇) ယောက်နဲ့ တွေ့ဆုံမေးမြန်းခဲ့ခြင်း ဖြစ်ပါတယ်။

- Advertisement -

Corley ရဲ့အဆိုအရ မီလီယံနာသူဌေးများရဲ့ (၈၀) ရာခိုင်နှုန်းခန့်သည် “ပွဲမဝင်ခင် ပြင်ကျင်းပ” ဆိုသည့်အတိုင်း အမှန်တကယ်ပြုလုပ်ရမည့်နေ့ရက်မတိုင်ခင်တွင် လေ့ကျင့်ပြင်ဆင်မှုများကို သေချာစွာပြုလုပ်လေ့ရှိကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ၎င်းတို့ရဲ့ဘဏ္ဍာရေးအခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်းရှိသည့် အရည်အချင်းနဲ့ပတ်သက်၍လည်း Corley က “ကိုယ်တိုင်ကြိုးစားရင်း မီလီယံနာသူဌေးဖြစ်လာတဲ့သူတွေက ဝင်ငွေရဲ့ (၁၀) ရာခိုင်နှုန်း ဒါမှမဟုတ် (၂၀) ရာခိုင်နှုန်းကို သူတို့ရဲ့လေ့လာသင်ယူမှုတွေအတွက် ပြန်လည်အသုံးချလေ့ရှိပါတယ်။” ဟုလည်း ရေးသားဖော်ပြခဲ့ပါတယ်။

- Advertisement -

ယခုကဲ့သို့ မီလီယံနာသူဌေးများရဲ့ (၈၀) ရာခိုင်နှုန်းကလည်း အသက် (၅၀) နဲ့အထက်သို့ရောက်ရှိချိန်၌ ပိုမိုချမ်းသာလာကြောင်းကို Corley က “သူတို့အားလုံးဆီမှာ ငွေစုတတ်တဲ့အကျင့်တစ်ခုရှိပါတယ်။ ပိုပြီးများမျာစုနိုင်လေ၊ ခင်ဗျားအသက်ကြီးတဲ့အခါမှာ ပိုချမ်းသာလာလေပါပဲ။” ဟုလည်းဆိုပါတယ်။ ထိုကဲ့သို့ ချမ်းသာနေသောလူပုဂ္ဂိုလ်များရဲ့ ဝင်ငွေလမ်းကြောင်းက တစ်ခုတည်းမဟုတ်ကြောင်း၊ မီလီယံနာသူဌေးများအနက် (၆၅) ရာခိုင်နှုန်းက အနည်းဆုံးဝင်ငွေလမ်းကြောင်း (၃) ခုအထိရှိကြောင်းလည်း Corley က ၎င်းရဲ့စာအုပ်အတွင်း၌ရေးသားဖော်ပြခဲ့ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read