HomeTechမကြာခင်ပေါ်ပေါက်လာတော့မယ့် ကမ္ဘာ့ပထမဦးဆုံး အာကာသထဲမှ ဟိုတယ်အကြောင်း။

မကြာခင်ပေါ်ပေါက်လာတော့မယ့် ကမ္ဘာ့ပထမဦးဆုံး အာကာသထဲမှ ဟိုတယ်အကြောင်း။

- Advertisement -

ကမ္ဘာပေါ်မှ သိပ္ပံပညာရှင်များသည် လူသားများနေထိုင်ရာကမ္ဘာမြေမှတစ်ဆင့် အခြားသောဂြိုဟ်များသို့ သွားရောက်နေထိုင်နိုင်ရေးအတွက် လေ့လာဆန်းစစ်မှုများကို အမြဲတမ်းပြုလုပ်ခဲ့ပါတယ်။ အချို့သောနေရာ၌ လူသားများအတွက် ပင်မအခြေခံလိုအပ်ချက်ဖြစ်သည့် ရေကိုရရှိနိုင်ကြောင်းလည်း လေ့လာတွေ့ရှိခဲ့ကြပြီး ခေတ်စနစ်များ ပြောင်းလဲလာသည်နဲ့တစ်ပြိုင်နက် အာကာသသို့သွားရောက်လည်ပတ်ရန်၊ အပြီးတိုင် ခြေချနေထိုင်နိုင်ရန်အတွက်ပင် ကြံဆလာခဲ့ကြပါတယ်။

- Advertisement -

လက်ရှိအချိန်၌မူ ကမ္ဘာပတ်လမ်းကြောင်းကော်ပိုရေးရှင်းက လူသားများအတွက် အကြီးမားဆုံး အောင်မြင်မှုတစ်ခုအဖြစ် ဇိမ်ခံဟိုတယ်တစ်ခုအား လာမယ့် (၂၀၂၇) ခုနှစ်၌ အာကာသအတွင်း ဖွင့်လှစ်သွားရန် ခြေလှမ်းစတင်ခဲ့ပါတယ်။ ယခင်က အာကာသအတွင်း ဟိုတယ်ဖွင့်လှစ်ရန်မဆိုထားနဲ့၊ လူတစ်ယောက်သွားရောက်ရန်အတွက်ပင် စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပြီး ယခုအချိန်မှာတော့ မဖြစ်နိုင်ဟု ထင်ခဲ့သည့်အရာများက လက်တွေ့အကောင်အထည် ပေါ်လာတော့မှာဖြစ်ပါတယ်။

- Advertisement -

- Advertisement -

သတင်းများရဲ့ဖော်ပြချက်အရ အဆိုပါဟိုတယ်ကို Voyager Station ဟုအမည်ပေးထားပြီး သမိုင်းတစ်လျှောက် အာကာသအတွင်းမှ ပထမဆုံးဟိုတယ်တစ်လုံးဖြစ်လာမှာပါ။ ဧည့်သည်အရေအတွက်အများဆုံး (၄၀၀) ကို တစ်ပြိုင်နက်တည်း လက်ခံနိုင်မယ့် အဆိုပါဟိုတယ်ကို လာမယ့် (၂၀၂၅) ခုနှစ်၌ စတင်တည်ဆောက်သွားမည်ဟု ကမ္ဘာပတ်လမ်းကြောင်းကော်ပိုရေးရှင်းက ဆိုပါတယ်။ ဟိုတယ်အတွင်း၌ ဘား၊ ရုပ်ရှင်ရုံ၊ အားကစားခန်းမ၊ စားသောက်ဆိုင်၊ Spa တို့အပြင် အခြားသော အပန်းဖြေအနားယူစရာနေရာများကိုလည်း ထည့်သွင်းတည်ဆောက်သွားရန် ပြင်ဆင်ထားပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းကော်ပိုရေးရှင်းရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ John Blincow က “ကျွန်တော်တို့အနေနဲ့ အာကာသထဲကို ခရီးသွားနိုင်မယ့် ရွှေရောင်မျိုးဆက်ဖြစ်လာတော့မှာပါ။” ဟု ပြောကြားခဲ့ပါတယ်။ ယခုဟိုတယ်ဒီဇိုင်းကို တာဝန်ယူရေးဆွဲပေးမည့် အကြီးတန်းဒီဇိုင်းဗိသုကာပညာရှင် Tim Alatorre ကလည်း “အလေးချိန်မရှိတာ၊ ကမ္ဘာမြေဆွဲအားလျော့နည်းတာတွေကြောင့် ဧည့်သည်တွေအနေနဲ့ ပိုပြီးမြင့်မြင့်ခုန်နိုင်မယ်၊ ပစ္စည်းတွေကို ’မ’ နိုင်မယ်၊ ကမ္ဘာမြေပေါ်မှာမလုပ်နိုင်တဲ့နည်းမျိုးစုံနဲ့ ပြေးလွှားတာမျိုးတွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။” ဟု ဖွင့်ဟပြောကြားခဲ့ကြောင်း သိရှိရပါတယ်။

<Unicode Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read