HomeHome & Propertyအိမ်ခြံမြေအကျိုးဆောင်များအနေနဲ့ ဖောက်သည်တွေရဲ့ အသိအမှတ်ပြုမှုရရှိနိုင်ဖို့ လုပ်ဆောင်ရမယ့်အချက်များ။

အိမ်ခြံမြေအကျိုးဆောင်များအနေနဲ့ ဖောက်သည်တွေရဲ့ အသိအမှတ်ပြုမှုရရှိနိုင်ဖို့ လုပ်ဆောင်ရမယ့်အချက်များ။

- Advertisement -

လုပ်ငန်းတစ်ခုပြုလုပ်နေသူတိုင်းအတွက် ၎င်းတို့ရဲ့မိတ်ဖက်လုပ်ငန်းများ၊ ဖောက်သည်များ၊ Client များရဲ့ ထောက်ခံမှု၊ အသိအမှတ်ပြုမှုက အင်မတန်အရေးကြီးလှပါတယ်။ အထူးသဖြင့် ရောင်းသူ၊ ဝယ်သူ နှစ်ဖက်လုံးရဲ့ ကြားခံအဖြစ် ဆောင်ရွက်နေကြသည့် အကျိုးဆောင်လုပ်ငန်းများ ရပ်ကွက်အခေါ် ပွဲစားများအနေဖြင့်လည်း နှစ်ဖက်အကြား မျက်နှာပျက်စရာမဖြစ်ရလေအောင် အထူးသတိထား ဆောင်ရွက်ရလေ့ရှိပါတယ်။

ယခင်ကအိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများအတွက် နီးစပ်ရာပွဲစားများကသာ အကျိုးဆောင်ပေးလေ့ရှိပေမယ့် လက်ရှိအချိန်၌မူ တရားဝင်ခိုင်မာမှုအပြည့်ဖြင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအများအပြား ပေါ်ပေါက်လာခဲ့ပြီ ဖြစ်ပါတယ်။ ထိုကဲ့သို့သော အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများအနေဖြင့် ရောင်းသူ၊ ဝယ်သူ နှစ်ဦးနှစ်ဖက်လုံးထံမှ အသိအမှတ်ပြုမှု၊ ထောက်ခံမှုများကို ရရှိထားမည်ဆိုပါက မိတ်ဟောင်းများနဲ့ အမြဲတမ်းအဆင်ပြေနိုင်သလို မိတ်ဆွေသစ်များလည်း တိုးတက်ကာ လုပ်ငန်းပိုမိုအောင်မြင်လာမှာလည်းဖြစ်ပါတယ်။

- Advertisement -

သို့ဖြစ်ရာထိုကဲ့သို့ အသိအမှတ်ပြုမှုနဲ့ ထောက်ခံမှုများရရှိနိုင်ရေးအတွက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများဘက်မှ ဆောင်ရွက်သင့်သည်များကို မျှဝေပေးလိုက်ရပါတယ်။

- Advertisement -

 

- Advertisement -

၁။ မှတ်ချက်ပြုပေးရန် တောင်းဆိုပါ။

သင့်ရဲ့ဖောက်သည်များထံမှ တုံ့ပြန်မှုတစ်ခုခု၊ အသိအမှတ်ပြုမှုတစ်ခုခုကိုရရှိလိုပါက ထိုကဲ့သို့ပြုလုပ်ပေးရန် သင့်ဘက်မှ တောင်းဆိုရမှာဖြစ်ပါတယ်။ ဖောက်သည်များဘက်မှ ၎င်းတို့ရဲ့သဘောဆန္ဒအလျောက် ယခုကဲ့သို့ မှတ်ချက်ပြန်ပေးခြင်း၊ အသိအမှတ်ပြုသွားခြင်းမျိုးက ရှားပါးလှသည့်ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ သို့ဖြစ်ရာ သင့်အနေဖြင့် သင့်လုပ်ငန်းနဲ့ပတ်သက်သည့် တုံ့ပြန်မှု၊ အသိအမှတ်ပြုမှုတစ်ခုခုကို မည်သည့်နေရာ၌ ပေး၍ရသည် (ဥပမာ- Facebook, Google) အစရှိသဖြင့် လမ်းညွှန်ပေးပြီး တောင်းဆိုရန်လိုအပ်ပါတယ်။

 

၂။ ကိုယ်တိုင်ရေးပေးပါ။

အချို့သောဖောက်သည်များက သင့်လုပ်ငန်းကို အသိအမှတ်ပြုလိုစိတ်ရှိသော်လည်း လိုအပ်သည့်တုံ့ပြန်စာကို ရေးသားရန် အခက်အခဲများရှိနိုင်ပါတယ်။ ထိုသို့သောအခြေအနေများအတွက် လုပ်ငန်းနဲ့ပတ်သက်၍ ၎င်းတို့ကြုံတွေ့ခဲ့ရသည့် ကောင်းမွန်သောအတွေ့အကြုံအားလုံးကို သင်တို့ဘက်မှ ကိုယ်တိုင်ရေးသားပေးနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါအသိအမှတ်ပြုချက်ကို လူသိရှင်ကြားမချပြခင် သင့်ဖောက်သည်ထံ အရင်ဆုံးပြသရန် လိုအပ်ပါတယ်။ ယခုကဲ့သို့ ကိုယ်တိုင်ရေးသားပေးခြင်းကလည်း အလွန်ထိရောက်သည့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။

 

၃။ ဖောင်တစ်ခုပုံစံ ဖန်တီးထားပါ။

သင့်လုပ်ငန်းနဲ့ပတ်သက်၍ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများကို အဆင့်အလိုက်၊ အမှတ်အလိုက် ခွဲခြားသတ်မှတ်ပေးနိုင်သည့် ဖောင်တစ်ခုဖန်တီးပေးသင့်ပါတယ်။ ဒါ့အပြင် အဆိုပါဖောင်ထဲ၌ ဖောက်သည်များရဲ့ စိတ်ကူးစိတ်သန်းများကို ထည့်သွင်းရေးသားနိုင်ရန်လည်း စီစဉ်ပေးထားသင့်ပါကြောင်း အကြံဉာဏ်ပြုလိုက်ရပါတယ်။

<Unicode Version>

 

#soshwehomeandproperty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read