HomeOtherFunnyအလုပ်သင်တစ်ယောက်ကြောင့် ကမောက်ကမဖြစ်သွားရတဲ့ အကျဉ်းထောင်။

အလုပ်သင်တစ်ယောက်ကြောင့် ကမောက်ကမဖြစ်သွားရတဲ့ အကျဉ်းထောင်။

- Advertisement -

လူအများစုကတော့ လုပ်ငန်းခွင်အသစ် စဝင်တဲ့အချိန်မှာပဲ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမြင်ကြည်လင်မှုကို လိုချင်ကြပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ ဂျာမနီနိုင်ငံက အကျဉ်းထောင်တစ်ခုမှာ တာဝန်ထမ်းဆောင်တဲ့ အလုပ်သင်တစ်ယောက်ဟာ မထင်မှတ်ထားတဲ့ အမှားတစ်ခုကို ကျူးလွန်မိခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရိုးရှင်းပေမယ့် အကျဉ်းထောင်ရဲ့ လုံခြုံရေးကို ထိခိုက်လာစေနိုင်တာကြောင့် အကျဉ်းထောင်အတွင်း သော့ပေါင်း (၆၀၀) ရဲ့ လျှို့ဝှက်နံပါတ်တွေကို ပြောင်းလဲပစ်လိုက်ရပါတယ်။

ဂျာမနီနိုင်ငံ Belin – Brandenburg နယ်နိမိတ်ဒေသမှာရှိတဲ့ JVA Heidering အကျဉ်းထောင်မှာ အလုပ်ဝင်နေတဲ့ အလုပ်သင်တစ်ယောက်ဟာ ထောင်ထဲမှာ အလုပ်လုပ်နေစဉ်အတွင်း Selfie ရိုက်ကာ သူငယ်ချင်းတွေဆီ WhatsApp ကနေတစ်ဆင့် ပေးပို့ခဲ့ပါတယ်။ အဆိုပါဓါတ်ပုံထဲမှာတော့ ထောင်ထဲမှာရှိတဲ့ အကျဉ်းထောင်အခန်းတိုင်းကို ဖွင့်လို့ရမယ့် အဓိကကျတဲ့ သော့တွေကို အထင်းသား မြင်တွေ့ခဲ့ရပါတယ်။

- Advertisement -

ပြည်တွင်းမီဒီယာတွေရဲ့ အဆိုအရ အမည်မဖော်လိုတဲ့ အလုပ်သင်ကောင်လေးဟာ သူ့ရဲ့အလုပ်အသစ် ဘယ်လောက်ကောင်းသလဲဆိုတာကို ကြွားဝါချင်ခဲ့တာဖြစ်ပြီး သူ့လုပ်ရပ်ရဲ့ အကျိုးသက်ရောက်မှုကို သတိမထားမိခဲ့တာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကျွမ်းကျင်ပညာရှင်တွေအနေနဲ့ သော့တွေကို ကြည့်ရုံနဲ့တင် အတုပြုလုပ်နိုင်တာကို သူ့အနေနဲ့ သတိထားခဲ့မိခြင်းမရှိဘဲ အဆိုပါအကျဉ်းထောင်ထဲမှာ အကျဉ်းသားပေါင်း ၆၅၇ ယောက်ရှိကာ အကယ်၍များ အကျဉ်းထောင်တံခါးတွေကို ဖွင့်လို့ရမယ့် သော့အတုတွေကို ပညာရှင်တွေက ပြုလုပ်နိုင်ခဲ့မယ်ဆိုရင်တော့ အကျဉ်းသားအများအပြားအနေနဲ့ ထွက်ပြေးလွတ်မြောက်သွားနိုင်မှာပဲ ဖြစ်ပါတယ်။

- Advertisement -

ဓါတ်ပုံနဲ့ပတ်သက်ပြီး အကျဉ်းထောင်ကို ဘယ်သူက သတင်းပေးလိုက်သလဲဆိုတာကို မသိရသေးပေမယ့် အကျဉ်းထောင်က တာဝန်ရှိသူတွေက ထောင်တံခါးတွေမှာ ထားရှိတဲ့ သော့တွေကို ပြောင်းလဲဖို့ လိုအပ်နေပြီဆိုတာ ရိပ်မိတာနဲ့ သော့အသစ် ၆၀၀ လောက်ကို ပြောင်းလဲတပ်ဆင်ခဲ့ပါတယ်။ အဆိုပါဖြစ်ရပ်နဲ့ပတ်သက်ပြီး တရားရေးအာဏာပိုင်တွေထံ သတင်းပေးပို့ခဲ့ပြီးနောက်မှာတော့ ပြောရေးဆိုခွင့်ရှိသူ Sebastian Brux က “ထောင်အတွင်း အခန်းတံခါးအားလုံးရဲ့ သော့တွေကို ပြောင်းလဲလိုက်ပြီ။” လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

- Advertisement -

အကျဉ်းထောင်ဝန်ထမ်း အယောက် ၂၀ လောက်က သော့အဟောင်းတွေကိုဖြုတ်ပြီး သော့အသစ်တွေ အစားထိုး ပြောင်းလဲတပ်ဆင်ခြင်းကြောင့် ငွေကုန်ကြေးကျ များခဲ့ပါတယ်။ အကျဉ်းထောင်တာဝန်ရှိသူတွေက သော့အသစ်ပြုပြင်တပ်ဆင်ရာမှာ ငွေဘယ်လောက်ကုန်ကျခဲ့သလဲဆိုတာကို တရားဝင်ထုတ်ပြန်ကြေငြာခြင်း မပြုလုပ်ပေမယ့် ယူရို ၅ သောင်း (ပေါင် ၄၃၀၀၀ ကျော်) ကျသင့်နိုင်တယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အလုပ်သင်ကောင်လေးဟာလည်း အကျဉ်းထောင်မှာ ဆက်လက်အလုပ်လုပ်ခွင့် မရရှိတော့ဘဲ သူ့ရဲ့အမှားကနေ ရရှိခဲ့တဲ့ သင်ခန်းစာကတော့ မလိုအပ်ပဲနဲ့ သူငယ်ချင်းတွေအရှေ့မှာ မကြွားဝါသင့်ဘူးဆိုတာပါပဲ။

<Unicode Version>

 

#soshwefunny

#soshweforyourdailylife

#likeandshare

 

- Advertisement -

Must Read