HomeHealth & Beautyစင်္ကာပူအစိုးရရဲ့ အဝလွန်သူတွေအတွက် အစီအစဉ်ကောင်းတစ်ခု။

စင်္ကာပူအစိုးရရဲ့ အဝလွန်သူတွေအတွက် အစီအစဉ်ကောင်းတစ်ခု။

- Advertisement -

Air Miles & Nector အစီအစဉ်ကို အကောင်အထည်ဖော်ခဲ့သူ Keith Mills က အစိုးရအဖွဲ့အနေနဲ့ အဝလွန်နေသူတွေကို ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်နိုင်ဖို့နဲ့ ကာယလှုပ်ရှားမှုများ ပြုလုပ်နိုင်စေဖို့ ထောက်ပံ့ကြေးနဲ့ ဆုကြေးငွေတွေ ပေးအပ်သင့်တယ်လို့ အကြံပေးခဲ့ပါတယ်။ ကျန်းမာရေးအရာရှိတွေကတော့ အဝလွန်နေသူတွေကို လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ထောက်ပံ့ငွေပေးခြင်းအားဖြင့် အဝလွန်သူဦးရေကို လျှော့ချနိုင်လောက်တဲ့အထိ ထိရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်သလားဆိုတာကို အရင်ဆုံးစစ်ဆေးလေ့လာကြရမှာဖြစ်ပါတယ်။

အဆိုပါအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာချမှတ်ထားတဲ့ နိုင်ငံသားတွေအတွက် ပိုမိုကောင်းမွန်ပြီး ကျန်းမာတဲ့ဘဝနေထိုင်မှုနဲ့ ကောင်းမွန်တဲ့ စားသောက်မှုအလေ့အထတွေကို အောင်မြင်စွာ ပြောင်းလဲပေးနိုင်ခဲ့တဲ့ စံနှုန်းသတ်မှတ်ချက်တွေကိုလည်း လေ့လာရမှာလည်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံမှာ နာမည်ကြီးတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ ကာယလှုပ်ရှားမှု အစီအစဉ်ဖြစ်တဲ့ လမ်းလျှောက်ခြင်းအစီအစဉ်မှာဆိုရင် ကာယလှုပ်ရှားမှုပြုလုပ်သူတွေကို အားပေးထောက်ခံတဲ့အနေနဲ့ ထောက်ပံ့ကြေးငွေပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် စင်္ကာပူအစိုးရအဖွဲ့က အဝလွန်ခြင်းကို ကူညီလျော့ချပေးနိုင်ဖို့အတွက် ပေါင် သန်း (၁၀၀) အသုံးပြုမယ်လို့ ကြေညာခဲ့ပါသေးတယ်။

- Advertisement -

NHS နဲ့ ကောင်စီတွေကနေတဆင့် ရယူနိုင်တဲ့ ခန္ဓာကိုယ်အလေးချိန် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ဆောင်မှုတွေအတွက် ပေါင် သန်း ၇၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အရွယ်ရောက်ပြီးသား လူကြီးတွေအနေနဲ့လည်း အဆိုပါဝန်ဆောင်မှုတွေဆီကနေ အကူအညီရယူကာ ခန္ဓာကိုယ်အလေးချိန်ကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ ပေါင် သန်း ၃၀ ကိုတော့ ပိုမိုကောင်းမွန်သော ကျန်းမာရေးလှုပ်ရှားမှုမှာ ပါဝင်တဲ့လူတွေကို ကျန်းမာတဲ့ခန္ဓာကိုယ်အလေးချိန် ထိန်းထားနိုင်ဖို့အတွက် လိုအပ်တဲ့အကူအညီတွေ ပေးအပ်ရာမှာ အသုံးပြုသွားမယ်လို့ သိရှိရပါတယ်။

- Advertisement -

- Advertisement -

ဗြိတိန်ပြည်ထောင်စုအတွင်း Covi-19 ရောဂါကြောင့် သေဆုံးသွားသူ အများစုဟာ အဝလွန်ဝေဒနာကို ခံစားနေရသူတွေဖြစ်တာကြောင့် အာဏာပိုင်တွေအနေနဲ့ ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ အဝလွန်ခြင်းဝေဒနာကို ခံစားနေရသူတစ်ဦးဟာ Covid- 19 နဲ့ အခြားသော ရောဂါဝေဒနာတွေကို ခံစားလာရတဲ့အခါမှာ အခြားသူတွေထက် သေဆုံးနိုင်ချေ ပိုများပါတယ်။ အင်္ဂလန်နိုင်ငံမှာလည်း အရွယ်ရောက်ပြီးသား လူကြီး ၆၃ % ဟာ အဝလွန်ခြင်းဝေဒနာကို ခံစားနေရပြီး အလယ်တန်းကျောင်းတက်နေတဲ့ ကလေးငယ်တွေဟာလည်း အဝလွန်နေကြတာကို တွေ့ရှိရပါတယ်။

ဝန်ကြီးချုပ်ဟောင်း Boris Johnson က “ကိုယ်အလေးချိန်ကို လျှော့ချရတာဟာ အရမ်းကိုခက်ခဲပေမယ့် သေးငယ်တဲ့ ပြောင်းလဲမှုကြောင့် ကြီးကျယ်တဲ့ အကျိုးကျေးဇူးတွေကို ခံစားရမှာပါ။ တစ်ဦးတစ်ယောက်ချင်းစီတိုင်းက အနည်းငယ်စီ ကြိုးစားမယ်ဆိုရင် ကြုံတွေ့လာရမယ့် အသက်ဘေးအန္တရာယ်ကို လျှော့ချလို့ရတာပေါ့။ ငွေထောက်ပံ့မှုဟာ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ခန္ဓာကိုယ်အလေးချိန် လျှော့ချချင်တဲ့သူတွေကို ကူညီပေးနိုင်မှာပါ။” လို့ ဆိုခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီး Matt Hancock ကလည်း “Covid-19 ကူးစက်ရောဂါကြောင့် သေဆုံးရတဲ့ လူဦးရေပမာဏကို ကြည့်ပြီးတဲ့နောက်မှာ အဝလွန်ခြင်းကို တိုက်ဖျက်ဖို့ အလျင်အမြန် ဆောင်ရွက်လာရပါတယ်။ ဒါကြောင့် NHS အနေနဲ့ အမျိုးသားကျန်းမာရေး တိုးတက်စေဖို့အတွက် အဝလွန်ခြင်းရောဂါဝေဒနာကို မဖြစ်ခင်ကတည်းက ကာကွယ်ဖို့ လိုပါမယ်။” လို့ သတိပေးစကား ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read