HomeOtherFunnyအွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

- Advertisement -

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက ကိုယ့်ဆီကနေ ဝယ်ယူချင်ကြမှာလေ။ ပစ္စည်းအရည်အသွေးရော စျေးနှုန်းရောတူနေတယ်ဆိုရင်တော့ ဝယ်သူကို ကောင်းမွန်စွာ ဆက်ဆံပေးခြင်းက ဝယ်သူတွေကို ပိုပြီးဆွဲဆောင်နိုင်မှာလည်း ဖြစ်ပါတယ်။

- Advertisement -

- Advertisement -

ဖီလစ်ပိုင်နိုင်ငံက Jocelyn May ဆိုတဲ့ အမျိုးသမီးဟာ “Jo’s Online Shoppe” ဆိုတဲ့ လူမှုကွန်ရက်ကနေ အဝတ်အစားတွေ ရောင်းချတဲ့လုပ်ငန်းကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါတယ်။ သူမအနေနဲ့ အခြားသော အဝတ်အစားရောင်းသူတွေလိုမျိုး အဝတ်အစားတွေ ဝတ်ပေးလို့ရတဲ့ အရုပ်မရှိတဲ့အတွက်ကြောင့် အများနဲ့မတူဘဲ စျေးဝယ်သူတွေရဲ့အာရုံစိုက်မှုကို ပိုမိုရရှိနိုင်တဲ့ အခြားနည်းလမ်းတစ်ခုကို စဉ်းစားခဲ့ရပါတော့တယ်။

- Advertisement -

ပုံမှန်အားဖြင့် အမျိုးသမီးတော်တော်များများဟာ အဝတ်အစားတွေ ဝတ်ပေးလို့ရတဲ့ အရုပ်မရှိဘူးဆိုရင်တောင် ရောင်းချမယ့် အဝတ်အစားတွေကို သူတို့ကိုယ်တိုင်ဝတ်ဆင်ပြပြီး ဓါတ်ပုံရိုက်တင်လေ့ရှိပါတယ်။ Jocelyn ရဲ့ မဟာဗျူဟာမြောက် စျေးရောင်းနည်းကတော့ သူမ,ရောင်းချမယ့် အဝတ်အစားတွေကို အိပ်ပျော်နေတဲ့ အမျိုးသားအပေါ်တင်ကာ ဓါတ်ပုံရိုက်ကူးပြီး လူမှုကွန်ရက်ပေါ်မှာ တင်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။

Jocelyn ကတော့ အိပ်ပျော်နေတဲ့ အမျိုးသားရဲ့ခန္ဓာကိုယ်အပေါ်မှာ သူမ,ရောင်းချမယ့် အဝတ်အစားတွေဖြစ်တဲ့ အကျႌတွေ ၊ ဂါဝန်တွေ ၊ ဘောင်းဘီတွေနဲ့ စကတ်တွေကို တင်ထားပြီး ဓါတ်ပုံရိုက်ကာ သူမရဲ့အမျိုးသားကို သူ့သဘောနဲ့သူ မော်ဒယ်လုပ်ပေးခဲ့ပါတယ်။ Jocelyn ရဲ့ ဆန်းသစ်တဲ့အတွေးအခေါ်ကြောင့် ဖိလစ်ပိုင်ပြည်သူတွေက သူမရဲ့လုပ်ငန်းကို ပိုမိုသတိထားမိလာတဲ့အပြင် အခြားနိုင်ငံကစျေးဝယ်သူတွေရဲ့ အာရုံစူးစိုက်မှုကိုပါ ရရှိခဲ့ပါတယ်။

Jocelyn က သူမရဲ့လူမှုကွန်ရက်အကောင့်မှာ “အရုပ်မရှိဘူးလား? ပြဿနာမရှိဘူးနော်။ ကြိုးစားအားထုတ်မှုကပဲ အရေးကြီးတာပါ ညီအစ်မတို့။” လို့ဆိုကာ ဓါတ်ပုံတွေ တင်ခဲ့ပါတယ်။ Jocelyn ရဲ့ မဟာဗျူဟာမြောက် စျေးရောင်းကျွမ်းကျင်မှုဟာ ကမ္ဘာတစ်ဝှမ်း ကျော်ကြားသွားခဲ့ပြီး သူမတင်ခဲ့တဲ့ ဓါတ်ပုံတွေကိုလည်း သဘောကျသူတွေနဲ့ မျှဝေသူတွေ အများအပြားရှိခဲ့ပါတယ်။ အချို့သူတွေကလည်း Jocelyn ရဲ့ စျေးရောင်းရာမှာ ဝယ်ယူသူတွေရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ အကြံဉာဏ်ကောင်းရှိပုံကိုလည်း ချီးမွမ်းမဆုံးဖြစ်ခဲ့ပါတယ်။

Jocelyn တင်ထားတဲ့ ဓါတ်ပုံတွေကို ဆက်ကြည့်ပြီး ရယ်လိုက်ကြပါဦး။

<Unicode Version>

 

#soshwefunny

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read