HomeLifeStyleကြောင်စာလောက်သာစားပြီး ငွေကိုစည်းကမ်းတကျသုံးစွဲကာ သန်းကြွယ်သူဌေးဖြစ်လာတဲ့ အမျိုးသမီး။

ကြောင်စာလောက်သာစားပြီး ငွေကိုစည်းကမ်းတကျသုံးစွဲကာ သန်းကြွယ်သူဌေးဖြစ်လာတဲ့ အမျိုးသမီး။

- Advertisement -

အသက် ၅၀ အရွယ် Aimee Elizabeth ဆိုသူ အမျိုးသမီးရဲ့ လက်ရှိအသားတင်ပိုင်ဆိုင်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၅.၃ သန်းဖြစ်ပြီး သူမအနေနဲ့ သန်းကြွယ်သူဌေးတစ်ဦးဖြစ်တာကြောင့် ငွေကို ဖောဖောသီသီအသုံးပြုမယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်။ Aimee ဟာ တစ်ပြားကို နှစ်ပြားခွာပြီး ငွေကို စေ့စပ်စွာအသုံးပြုတဲ့ သန်းကြွယ်သူဌေးမကြီးဖြစ်ကာ ပစ္စည်းတစ်ခုကို မလိုအပ်ဘဲနဲ့ မဝယ်သလို သူမရဲ့ အိမ်ထောင်ဖက်လောင်းကိုလည်း ငွေကို စေ့စပ်စွာ အသုံးပြုစေခဲ့ပါတယ်။

- Advertisement -

Las Vegas မှာနေထိုင်တဲ့ Aimee ဟာ တစ်လတာအတွင်း အသုံးပြုနိုင်တဲ့ငွေပမာဏကို ဒေါ်လာ ၁၀၀၀ အဖြစ် သတ်မှတ်ထားတာကြောင့် ဒေါ်လာ ၁၀၀၀ ထက် ပိုမသုံးမိအောင်လည်း ငွေကို အနည်းငယ်သာအသုံးပြုနိုင်မယ့် နည်းလမ်းတွေကို ကိုယ်တိုင်လေ့လာပြီး ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ TLC ရဲ့ Extreme Cheapskates အစီအစဉ်မှာ Aimee က “ရေအပူပေးစက်ကို ၂၂ မိနစ်အတိအကျ အပူပေးပြီး ဖွင့်ထားပါတယ်။ ဘာလို့လည်းဆိုတော့ ကျွန်မကိုးကွယ်တဲ့ ဘုရားသခင်က ကျွန်မကို ရေအပူပေးစက်အပေါ်မှာ နောက်ထပ် တစ်မိနစ်လောက် အချိန်သုံးလိုက်မှာကို တားမြစ်ထားလို့ပါ။” လို့ ဆိုခဲ့ပါတယ်။ ဒီလိုမျိုး တိကျစွာ လုပ်ကိုင်တတ်ခြင်းကြောင့် Aimee တစ်ယောက် တစ်လမှာ ဒေါ်လာ ၈၀ လောက် သက်သာသွားခဲ့ပါတယ်။

- Advertisement -

- Advertisement -

Aimee တစ်ယောက် သူမရဲ့ခင်ပွန်းဟောင်းဖြစ်သူ Michael နဲ့ကွာရှင်းပြီးနောက်မှာတော့ ၎င်းတို့နေထိုင်ခဲ့တဲ့အိမ်ကို Michael က Aimee ကို အပိုင်ပေးခဲ့ပါတယ်။ သူတို့နှစ်ဦး အတူနေထိုင်စဉ်အချိန်တုန်းကလည်း Michael က အိမ်အတွင်းအပြင်ကို အခကြေးငွေမယူဘဲ သန့်ရှင်းပေးခဲ့တာကြောင့် Aimee က သန့်ရှင်းရေးအတွက်လည်း ငွေအကုန်အကျ သက်သာခဲ့ပါတယ်။ အိမ်ကိုသန့်ရှင်းရေးလုပ်တာဟာ လေ့ကျင့်ခန်းလုပ်တာနဲ့အတူတူပဲမို့ သူမရဲ့ ခင်ပွန်းဟောင်းအတွက်လည်း အကျိုးရှိပြီး သူ့အတွက်လည်း အကျိုးရှိတယ်လို့ ဆိုခဲ့ပါတယ်။

Aimee က ကုန်ကျစရိတ်သက်သာဖို့အတွက် ကြောင်တွေအတွက်ထုတ်ထားတဲ့ တူနာငါးစည်သွပ်ဘူးတွေကိုပဲ စားသုံးကာ သူမရဲ့နေအိမ်ကို အလည်လာတဲ့ ဧည့်သည်တွေကိုလည်း သူစားတာတွေပဲ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။

လူအများစုကတော့ Aimee ရဲ့ ချွေတာတဲ့နည်းလမ်းတွေဟာ အနည်းငယ်ရွံစရာကောင်းပြီး စိတ်ပျက်ဖွယ်ကောင်းတယ်လို့ ဝေဖန်ခဲ့ကြပေမယ့် Aimee ကတော့ သူမရဲ့ငွေတွေကို ချွေတာနိုင်ခဲ့ကာ သန်းကြွယ်သူဌေးတစ်ဦး ဖြစ်လာခဲ့တာကြောင့် ဝေဖန်ချက်တွေကိုလည်း ဂရုမစိုက်ဘူူူးဆိုပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read