HomeEntertainmentငယ်စဉ်အခါ ဆိုးခဲ့မိုက်ခဲ့စဉ်ကပုံရိပ်တစ်ခုကို ပရိသတ်တွေထံ ပြန်လည်မျှဝေခဲ့တဲ့ Justin Bieber

ငယ်စဉ်အခါ ဆိုးခဲ့မိုက်ခဲ့စဉ်ကပုံရိပ်တစ်ခုကို ပရိသတ်တွေထံ ပြန်လည်မျှဝေခဲ့တဲ့ Justin Bieber

- Advertisement -

“ငယ်တုန်းအချိန်မှာတော့ မလုပ်ဖူးတာမရှိအောင် အကုန်သာလုပ်ကွာ။” ဟူသည့်စကားကို မိမိတို့ထက် အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် လူကြီးသူမအချို့ထံမှ ကြားခဲ့ဖူးကြမှာပါ။ ယခင်က ဘယ်လောက်ပင်ဆိုးခဲ့ မိုက်ခဲ့ပါစေ၊ နောင်တစ်ချိန်မှာ ဒီအမှတ်တရတွေကို လူကောင်းတစ်ယောက်အဖြစ် ပြန်လည်အမှတ်ရခွင့်ရှိနေခြင်းကလည်း အရသာတစ်ခုပဲ မဟုတ်ပါလား။ Justin Bieber ဟုဆိုလိုက်လျှင် ပရိသတ်အားလုံးက ၎င်းရဲ့ဆိုးသွမ်းသည့်ပုံရိပ်များဖြင့် တွဲဖက်မှတ်မိလေ့ရှိပေမယ့် လက်ရှိအချိန်၌မူ Justin က ၎င်းရဲ့ချစ်သက်လျာ Hailey နဲ့အတူ အေးချမ်းသည့်အိမ်ထောင်ရေးတစ်ခုကို ဖြတ်သန်းနေပြီဖြစ်ပါတယ်။

ဒါပေမယ့် Justin အနေဖြင့် လွန်ခဲ့သည့် (၇) နှစ်က ၎င်းရဲ့အတိတ်ဆိုးတစ်ခုကို ပြန်လည်အမှတ်ရစေမည့် ဖြစ်ရပ်တစ်ခုအား အင်စတာဂရမ်မှတစ်ဆင့် ပရိသတ်များအတွက် မျှဝေပေးခဲ့ပါတယ်။ Justin သည် (၂၀၁၄) ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၌ မူးယစ်ဆေးဝါးသုံးစွဲပြီး ကားမောင်းခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ ကားမောင်းခြင်းတို့အတွက် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရဖူးပြီး အဆိုပါဖြစ်ရပ်မှာ (၈) နှစ်တင်းတင်း ပြည့်မြောက်ခဲ့သည့် (၂၀၂၂) ခုနှစ်၊ ဇန်နဝါရီလ (၂၃) ရက်နေ့၌ အင်စတာဂရမ်မှတစ်ဆင့် ထိုစဉ်က အဖမ်းခံခဲ့ရသည့် ၎င်းရဲ့ပုံရိပ်ကို ပြန်လည်မျှဝေခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

Justin က “လွန်ခဲ့တဲ့ (၈) နှစ်က ကျွန်တော်အဖမ်းခံခဲ့ရပြီး ကျွန်တော့်အတွက် အကောင်းဆုံးအချိန်တွေ မဖြစ်ခဲ့ပါဘူး။ ကျွန်တော် နာကျင်ခဲ့ရတယ်၊ မပျော်ရွှင်ခဲ့ဘူး၊ စိတ်ရှုပ်ထွေးပြီး ဒေါသတွေထွက်ခဲ့တယ်၊ နားလည်မှုတွေလွဲပြီး ဘုရားသခင်ကိုပါ ဒေါသထွက်ခဲ့ပါတယ်။ မိုင်ယာမီမှာရှိနေတုန်းက တစ်စုံတစ်ယောက်အတွက် ကျွန်တော်က သားရေဝတ်စုံတွေအများကြီးကို ဝတ်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာ ကျွန်တော် တဖြည်းဖြည်း နားလည်သဘောပေါက်လာတာက ဘုရားသခင်ဟာ ကျွန်တော့်ဘေးမှာ အနီးကပ်ရှိနေတယ်ဆိုတာပါပဲ။” ဟု ရေးသားခဲ့ပါတယ်။ ထိုစဉ်က အသက် (၁၉) နှစ်အရွယ်သာရှိသေးသည့် Justin အနေဖြင့် ထိုကဲ့သို့အဖမ်းခံခဲ့ရသည့်ဖြစ်ရပ်ကြောင့် ကိုယ်ပိုင်ဘဝကို တာဝန်ယူနိုင်ရန်၊ တိုးတက်မှုအတွက် ကြိုးစားရန်တို့အတွက် ယုံကြည်ချက်များစွာဖြစ်ပေါ်ခဲ့ကြောင်း၊ Justin ရဲ့မန်နေဂျာ Scooter Braun၊ Bella Hadid နဲ့ ဇနီးဖြစ်သူ Hailey တို့ထံမှ အားပေးမှုအများအပြားလည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

Justin အနေဖြင့် ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရစဉ်က အရက်သေစာသောက်သုံးထားခြင်းမရှိသည့်တိုင် ဆေးခြောက်သုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အသာတကြည်အဖမ်းမခံခဲ့ခြင်း၊ ယာဉ်မောင်းလိုင်စင်မရှိဘဲ မောင်းနှင်ခြင်းတို့ကြောင့် လိုအပ်သည့်သင်တန်းများတက်ရောက်ခြင်း၊ လူမှုရေးလုပ်ငန်းများ လုပ်ဆောင်ပေးခြင်းတို့ဖြင့် ၎င်းရဲ့အပြစ်များကို ဆေးကြောခဲ့ရပါတယ်။ Justin အနေဖြင့် Selena Gomez နဲ့ပြတ်စဲပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာရောဂါဝေဒနာကို အလူးအလဲခံစားခဲ့ရကြောင်း လူသိရှင်ကြား ဝန်ခံခဲ့ဖူးသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာတစ်ဝန်းမှ Justin ရဲ့ပရိသတ်များစုက ၎င်းတို့ချစ်သည့်အနုပညာရှင်အတွက် အပြည့်အဝ အားပေးခဲ့ကြပြီး ဇနီးဖြစ်သူ Hailey ကလည်း Justin ရဲ့လက်ကိုမြဲမြဲကိုင်စွဲထားရင်း အားပေးကူညီခဲ့ခြင်းကြောင့် Justin အနေဖြင့် လက်ရှိအချိန်၌ ယခင်ထက်များစွာ ရင့်ကျက်သည့် အနုပညာရှင်တစ်ယောက် ဖြစ်လာပြီဟုလည်း ဆိုနိုင်ပါတယ်။

<Unicode Version>

 

#soshweentertaiment

#SoshweForYourDailyLife

#Like&Share

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fourteen + 1 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...