HomeHealth & Beautyနေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်အနားယူခြင်းရဲ့ အကျိုးကျေးဇူးကောင်းများ။

နေ့လယ်ခင်း တစ်ရေးတစ်မောအိပ်စက်အနားယူခြင်းရဲ့ အကျိုးကျေးဇူးကောင်းများ။

- Advertisement -

ငယ်ငယ်တုန်းက နေ့လယ်နေ့ခင်းတွေမှာ အမေကအိပ်ခိုင်းပြီဆိုရင် ဂျီကျတတ်ပေမယ့် အရွယ်ရောက်ပြီး လုပ်ငန်းခွင်ဝင်ပြီဆိုရင်တော့ နေ့လယ်နေ့ခင်းမှ မဟုတ်ပါဘူး၊ တစ်ချိန်လုံးကိုအိပ်ချင်နေကြပြီမဟုတ်လား။ အချို့သောကုမ္ပဏီတွေကတော့ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ပိုမိုတိုးတက်ရေးအတွက် နေ့လယ်စာစားချိန်နောက်ပိုင်းမှာ ခေတ္တခဏ အနားယူအိပ်စက်ခွင့်ပြုပေမယ့် အများစုကတော့ ဒီလိုမျိုးတရားဝင် ခွင့်ပြုထားခြင်းမရှိပါဘူး။ ဒါပေမယ့် နေ့လယ်နေ့ခင်းမှာ ပုံမှန်အိပ်စက်ခြင်းက အကျိုးကျေးဇူးတွေရှိနေတယ်ဆိုတာကို Soshwe ရဲ့ စာပရိသတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။

အထွေထွေစိတ်ရောဂါကုသမှုဂျာနယ်တစ်စောင်ရဲ့ဖော်ပြချက်အရ တရုတ်နိုင်ငံမှမြို့ကြီးများတွင်နေထိုင်သော အသက် (၆၀) နဲ့အထက် ကျန်းမာသည့်လူဦးရေ (၂,၂၁၄) ယောက်ရဲ့ အိပ်စက်သည့်ပုံစံကို လေ့လာဆန်းစစ်ခဲ့ရာ၌ ၎င်းတို့အနက် (၁,၅၃၄) ယောက်ခန့်က နေ့ခင်းပိုင်းများ၌ (၅) မိနစ်မှ (၂) နာရီကြာအောင် ပုံမှန်အိပ်စက်လေ့ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ထိုကဲ့သို့အိပ်စက်ခြင်းက နေရာဒေသများနဲ့ပတ်သက်၍ ပိုမိုကောင်းမွန်စွာ မှတ်သားနိုင်ခြင်း၊ စကားအပြောအဆို ညက်ညောခြင်းနဲ့ မှတ်ဉာဏ်ကောင်းမွန်မှုများနဲ့ ဆက်စပ်နေကြောင်း သုတေသီများကဆိုပါတယ်။

အဆိုပါလေ့လာမှုက “နေ့လယ်ခင်းမှာအိပ်စက်ခြင်းက မှတ်ဉာဏ်ကောင်းမွန်ခြင်း၊ နောက်ဆက်တွဲလေ့လာမှုအတွက် ပြင်ဆင်ခြင်း၊ လုပ်ငန်းဆောင်တာများကို တိုးတက်စေခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို တိုးတက်စေခြင်းအစရှိသည့် အကျိုးကျေးဇူးများကို ရရှိစေပါတယ်။” ဟု ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နေ့လယ်ခင်းမှာပုံမှန်တစ်ရေးအိပ်စက်ခြင်းက သက်ကြီးရွယ်အိုများ၌ ဖြစ်ပေါ်လေ့ရှိသည့် သူငယ်ပြန်ခြင်း၊ သိမြင်မှုပိုင်းဆိုင်ရာကျဆင်းခြင်း၊ စိတ်ဖောက်ပြန်မှုလက္ခဏာများကို ကာကွယ်ပေးနိုင်ကြောင်းလည်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ပါတယ်။

- Advertisement -

အယ်လ်ဇိုင်းမားဆိုင်ရာ ယူကေသုတေသနဌာနရဲ့ သုတေသနဆိုင်ရာ အကြီးအကဲဒေါက်တာ Sara Imarisio က “အိပ်စက်တဲ့ပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာကိစ္စရပ်တွေအကြားချိတ်ဆက်မှုက အချက်အလက်မျှသာမဟုတ်ပါဘူး။ အိပ်စက်ခြင်းနဲ့ စိတ်ဖောက်ပြန်ခြင်း၊ သူငယ်ပြန်ခြင်းတို့အကြားဆက်စပ်နေမှုက ပန်းချီကားတစ်ချပ်လို ထင်ထင်ရှားရှားကြီး ဖော်ပြနေတာပါ။” ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

- Advertisement -

သို့ဖြစ်ရာ နေ့လယ်နေ့ခင်းတစ်ရေးတစ်မော ပုံမှန်အိပ်စက်ခြင်းက လူငယ်လူရွယ်များထက် သက်ကြီးရွယ်အိုများအတွက် ပိုမိုအရေးပါသည်ဟုဆိုနိုင်ပြီး အဓိကအားဖြင့် သက်ကြီးပိုင်းများ၌ အများဆုံးဖြစ်ပွားလေ့ရှိသည့် သူငယ်ပြန်ရောဂါကို အကောင်းဆုံးကာကွယ်ပေးနိုင်သည်ဟု ကောက်ချက်ချရမည်လည်းဖြစ်ပါတယ်။

<Unicode Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twelve − one =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...