HomeTechElon Musk ရဲ့ Tesla ကို လူသိရှင်ကြားဝေဖန်လိုက်သည့် Waymo CEO ဟောင်း John Krafcik

Elon Musk ရဲ့ Tesla ကို လူသိရှင်ကြားဝေဖန်လိုက်သည့် Waymo CEO ဟောင်း John Krafcik

- Advertisement -

(၂၀၂၀) ခုနှစ်တုန်းက ကမ္ဘာတစ်ဝန်းရှိ နာမည်ကြီးစီးပွားရေးလုပ်ငန်းအားလုံးနီးပါး ကိုရိုနာဗိုင်းရပ်စ်ကြောင့် အကျပ်အတည်းများနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် Elon Musk ပိုင်ဆိုင်သည့် Tesla ကမူ အကြီးအကျယ်အောင်မြင်မှုရရှိခဲ့ပြီး Elon Musk ကိုယ်တိုင်မှာလည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ Elon Musk ရဲ့ တီထွင်ဆန်းသစ်မှုများက ၎င်းရဲ့အာကာသလုပ်ငန်း၊ မောင်းသူမဲ့ လျှပ်စစ်မော်တော်ကား လုပ်ငန်းများအတွက် အဓိကအရေးပါခဲ့ပြီး လက်ရှိအချိန်အထိလည်း အသစ်အသစ်သောအရာများအတွက် ခြေလှမ်းသစ်များကို ပြင်ဆင်နေဆဲ ဖြစ်ပါတယ်။

အထူးသဖြင့် မောင်းသူမဲ့လျှပ်စစ်မော်တော်ကားများကို ထုတ်လုပ်မှုနှုန်းက ၂၀၂၀ ခုနှစ်အတွင်း အရေအတွက် (၅) သိန်းအထိရှိခဲ့ပြီး ခေတ်သစ်တစ်ခုအတွက် အအောင်မြင်ဆုံးတီထွင်ကြံဆမှုတစ်ခုအဖြစ် အားလုံးက သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမယ့် Waymo အမှုဆောင်အရာရှိချုပ်ဟောင်းဖြစ်သူ John Krafcik ကမူ Tesla လျှောက်လှမ်းနေသည့်လမ်းကြောင်းကို ဝေဖန်ခဲ့ပြီး Tesla အနေဖြင့် ၎င်းတို့လက်ရှိပိုင်ဆိုင်ထားသည့် စျေးကွက်တစ်ခုလုံးကို ဆက်လက်ထိန်းချုပ်ထားရန် မဖြစ်နိုင်ကြောင်း ဝေဖန်ပြောကြားခဲ့ပါတယ်။

Tesla ရဲ့နည်းလမ်းက ကားရဲ့အနီးအနားပတ်ဝန်းကျင်ကို ရေဒါ၊ အာရုံခံကိရိယာများ၊ ကင်မရာများဖြင့် ခြေရာခံခြင်းဖြစ်ပြီး အခြားသောနည်းပညာကုမ္ပဏီများမှာမူ ကားရဲ့တည်နေရာနဲ့ အနီးအနားပတ်ဝန်းကျင်ရှိ အရာများကို ခြေရာခံနိုင်ရန်အတွက် lidar နဲ့ ကျယ်ပြန့်သည့် 3D မြေပုံများကို အသုံးပြုရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ Lidar နည်းပညာမှာမူ အခြေခံအားဖြင့် မော်တော်ယာဉ်များအတွက် လမ်းသွားလမ်းလာများ၊ စက်ဘီးစီးသူများနဲ့ အနီးအနားရှိအရာများကို မြင်တွေ့နိုင်ရန်အတွက်ပါ ကူညီပေးနိုင်သည့် နည်းပညာတစ်ခု ဖြစ်ပါတယ်။ Tesla ရဲ့နည်းပညာက အနီးအနားပတ်ဝန်းကျင်ရှိအရာများကို ခန့်မှန်းသည့်နည်းပညာဖြင့် ခရီးဆက်နေခြင်းဖြစ်ပြီး ထိုအချက်က Tesla အတွက် ရေရှည်၌ ထိုးနှက်ချက်တစ်ခု ဖြစ်လာနိုင်ပါတယ်။

- Advertisement -

Elon Musk အနေဖြင့် မောင်းသူမဲ့လျှပ်စစ်မော်တော်ကားထုတ်လုပ်ရေးအပြင် အဆိုပါကားများကို အားသွင်းနိုင်ရေးအတွက် အားသွင်းစက်ရုံများကိုပါ တည်ဆောက်ရန် ပြင်ဆင်နေပြီး ၎င်းရဲ့စျေးကွက်ကို ဆက်လက်ထိန်းသိမ်းနိုင်ရန် ကြိုးစားလျက်ရှိပါတယ်။ ဒါပေမယ့်အခြားတစ်ဖက်၌ Elon Musk အနေဖြင့် အာကာသနဲ့ပတ်သက်သည့် ၎င်းရဲ့ Space X စီမံကိန်းကြောင့်လည်း Tesla အပေါ်၌ မသိမသာ အာရုံလျော့ကျနိုင်ဖွယ်ရှိပြီး John Krafcik ပြောသည့်အတိုင်း Tesla အနေဖြင့် ၎င်းတို့အလုံးစုံထိန်းချုပ်ထားသည့် စျေးကွက်ကို စတင်ဆုံးရှုံးနိုင်ဖွယ်ရှိမရှိ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshwe

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

16 + 2 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...