HomeTechလျှပ်စစ်ကားထုတ်လုပ်ရေးဘက်ကို ခြေဦးလှည့်လာတဲ့ ကားကုမ္ပဏီကြီးတစ်ခု။
လျှပ်စစ်ကားထုတ်လုပ်ရေးဘက်ကို ခြေဦးလှည့်လာတဲ့ ကားကုမ္ပဏီကြီးတစ်ခု။
- Advertisement -
တောင်ကိုရီးယား ကားထုတ်လုပ်ရေး Kia Corp ကုမ္ပဏီဟာ နိုင်ငံခြားကုမ္ပဏီတွေနဲ့ အလိုအလျောက်မောင်းနှင်တဲ့ လျှပ်စစ်ကားထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး စီစဉ်ဆောင်ရွက်ထားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည်သုံးသပ်နေကြောင်း ထုတ််ပြန်ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် နည်းပညာကုမ္ပဏီကြီး Apple နဲ့ အတူ လုပ်ဆောင်မယ့် စီမံကိန်းအကြောင်းကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဆိုးလ်မြို့မှာ ကုမ္ပဏီရှယ်ယာ ၂၀% နီးပါး မြင့်တက်လာခြင်းနဲ့ပတ်သက်ပြီး Hyundai Motor Group က Kia ကုမ္ပဏီကို လျှပ်စစ်ကားထုတ်လုပ်ရေးနဲ့ပတ်သက်ပြီး Apple ကုမ္ပဏီနဲ့ ညှိနှိုင်းဆွေးနွေးထားတဲ့ ပူးပေါင်းဆောင်ရွက်မှုကို တာဝန်ယူဆောင်ရွက်ခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်းကို ပြည်တွင်းသတင်းဌာန Edaily က ဖော်ပြခဲ့ပါတယ်။ အဆိုပါအစီရင်ခံစာမှာတော့ အမည်မသိ စက်မှုလုပ်ငန်းရင်းမြစ်တွေကို ကိုးကားဖော်ပြထားခြင်းဖြစ်ပြီး Hyndai Motor ကုမ္ပဏီနဲ့ Apple ကုမ္ပဏီကလည်း အဆိုပါ အစီရင်ခံစာနဲ့ပတ်သက်ကာ တစ်စုံတစ်ရာ တုံ့ပြန်ခြင်းမျိုး မရှိသေးပါဘူး။
ပြည်တွင်းမီဒီယာက ကားထုတ်လုပ်ရေးကုမ္ပဏီတွေဟာ လျှပ်စစ်ကားနဲ့ ကားဘက်ထရီအကြောင်း ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းကို သတင်းထုတ်ဝေခဲ့ပါသေးတယ်။ အခုနှစ်အစောပိုင်းမှာ Kia ကုမ္ပဏီနဲ့ ချိတ်ဆက်နေတဲ့ ကုမ္ပဏီဖြစ်တဲ့ Hyundai Motor Co အနေနဲ့ Apple ကုမ္ပဏီနဲ့ ဆွေးနွေးခဲ့ခြင်းက Hyundai ကုမ္ပဏီရဲ့ ရှယ်ယာတွေကို ၂၅% အထိ ထိုးတက်စေခဲ့ပြီး Apple ကုမ္ပဏီကလည်း အဆိုပါအကြောင်းအရာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့တယ်။
- Advertisement -
၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာတော့ Reuters သတင်းဌာနက Apple ကုမ္ပဏီဟာ မောင်းသူမဲ့မော်တော်ယာဉ် နည်းပညာကို ဆက်လက်ပြီးတိုးမြင့်ဆောင်ရွက်သွားဖို့ စီစဉ်နေကြောင်း နဲ့ ၂၀၂၄ ခုနှစ်မှာ အရည်သွေးကောင်းတဲ့ ဘက်ထရီနည်းပညာကို အသုံးပြုပြီး ခရီးသည်တင်ယာဉ်တွေကို ထုတ်လုပ်သွားဖို့ ရည်မှန်းထားကြောင်းကို သတင်းထုတ်ပြန်ခဲ့ပါတယ်။
- Advertisement -
လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတော့ Kia ကုမ္ပဏီဟာ စီမံကိန်းအသစ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဖော်ပြထားတာမျိုး ပြုလုပ်ခဲ့ခြင်းမရှိဘဲ ရှေရှည်တည်တံ့နိုင်တဲ့ ရွေ့လျားမှုဆိုင်ရာ နည်းဗျူဟာအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကုမ္ပဏီအမှတ်တံဆိပ်ကို “Kia Motors” အဖြစ် ပြောင်းလဲခဲ့ပါတယ်။
Kia ကုမ္ပဏီ ဥက္ကဌ Song Ho-Sung က “ကုမ္ပဏီနာမည်နဲ့ အမှတ်တံဆိပ်ကို ပြောင်းလဲလိုက်တာဟာ အမြင်လှစေဖို့အတွက်သာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဖောက်သည်တွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ အသစ်အဆန်းတွေကို တီထွင်ပေးနိုင်တဲ့ ကျယ်ပြန်တဲ့စီးပွါးရေးလုပ်ငန်းကို တည်ထောင်နိုင်ဖို့ဖြစ်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။
အခုလက်ရှိမှာတော့ Kia ကုမ္ပဏီရဲ့ရှယ်ယာက ၈.၂% အထိတိုးတက်လာပြီး Hyundai Motor ရဲ့ ရှယ်ယာကတော့ ၀.၆% လောက် ကျဆင်းသွားကာ တစ်ကမ္ဘာလုံးစျေးကွက်အနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၀.၃% လောက် မြင့်တက်သွားတာကို တွေ့ရပါတယ်။
<Unicode Version>
- Advertisement -
အခုလက်ရှိမှာတော့ Kia ကုမ္ပဏီရဲ့ရှယ်ယာက ၈.၂% အထိတိုးတက်လာပြီး Hyundai Motor ရဲ့ ရှယ်ယာကတော့ ၀.၆% လောက် ကျဆင်းသွားကာ တစ်ကမ္ဘာလုံးဈေးကွက်အနေအထားနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ၀.၃% လောက် မြင့်တက်သွားတာကို တွေ့ရပါတယ်။
<Zawgyi Version>
#SY(Soshwe)
#soshwetech
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
twenty − 8 =
Must Read
အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။
အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...