HomeEducationအင်တာဗျူးတစ်ခုမှာ အလုပ်ရှင်ဘက်ကို ပြန်လည်မေးမြန်းသင့်သည့်မေးခွန်းများ။

အင်တာဗျူးတစ်ခုမှာ အလုပ်ရှင်ဘက်ကို ပြန်လည်မေးမြန်းသင့်သည့်မေးခွန်းများ။

- Advertisement -

အလုပ်အင်တာဗျူးလို့ဆိုလိုက်တာနဲ့ တစ်ဖက်လုပ်ငန်းရှင်ဘက်က မေးသမျှမေးခွန်းတွေအားလုံးကို အထစ်အငေါ့မရှိဘဲ ဖြေနိုင်ဖို့အတွက်ပဲ ဝန်ထမ်းတွေက စဉ်းစားကြတာပါ။ ဒါပေမယ့် သင်က အင်တာဗျူးမတိုင်ခင်မှာ လုပ်ငန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ကုမ္ပဏီနဲ့ပတ်သက်ပြီးသိချင်တာတွေကို ကြိုတင်စုဆောင်းထားပြီး သူတို့ဘက်က တစ်ခုခုမေးမြန်းဖို့ရှိလားလို့ မေးမြန်းလာတဲ့အချိန်မှာ သင့်ဘက်ကလည်း တစ်ဖက်ကအင်တာဗျူးတဲ့သူကို ပြန်ပြီးမေးခွန်းထုတ်နိုင်ပါတယ်။ သင်ထုတ်လိုက်တဲ့မေးခွန်းက ကောင်းရင်ကောင်းသလို အင်တာဗျူးတစ်ခုမှာ သင့်အပေါ်ကို တစ်ဖက်က အထင်ကြီးလာနိုင်ပါတယ်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ Soshwe ရဲ့ပရိသတ်ကြီးအတွက် အင်တာဗျူးတစ်ခုမှာ အလုပ်ရှင်ဘက်ကို ပြန်လည်မေးမြန်းနိုင်တဲ့ မေးခွန်းလေးတွေအကြောင်းကို မျှဝေပေးချင်ပါတယ်။

၁။ ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်နဲ့ အဲ့ဒီအရာအပေါ် ဘယ်လိုချဉ်းကပ်နေသလဲ ?

- Advertisement -

ကုမ္ပဏီရဲ့ရည်မှန်းချက်ကို သိထားမယ်ဆိုရင် သင့်အတွက် ဘယ်လိုမျိုးတာဝန်ယူရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်သလို အဲ့ဒီရည်မှန်းချက်ကို အရောက်လှမ်းနေတဲ့မဟာဗျူဟာတွေကို သိခွင့်ရတာကလည်း သင့်အတွက် မဟာဆုလာဘ်တစ်ခုပါပဲ။

- Advertisement -

 

- Advertisement -

၂။ ကုမ္ပဏီရဲ့အဓိကတန်ဖိုးက ဘာဖြစ်မလဲ ?

အင်တာဗျူးမတိုင်ခင်မှာ သင်က ကုမ္ပဏီရဲ့ဆိုရှယ်မီဒီယာတွေ၊ LinkedIn နဲ့ ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်ရင်း သူတို့အခု ဘာလုပ်နေလဲ၊ ဘယ်လိုနေရာမျိုးကိုရောက်နေလဲ၊ သူတို့အတွက် လက်ရှိအချိန်မှာ အရေးကြီးဆုံးတန်ဖိုးတစ်ခုက ဘာလဲဆိုတာကို သိအောင် ကြိုးစားသင့်သလို လိုအပ်ရင်လိုအပ်သလို အင်တာဗျူးမှာလည်း မေးမြန်းနိုင်ပါတယ်။

 

၃။ ကုမ္ပဏီရဲ့ ယဉ်ကျေးမှုပုံစံနဲ့ အဲ့ဒါကိုဘယ်လိုမျိုးထိန်းသိမ်းလဲ ?

ကုမ္ပဏီရဲ့ ယဉ်ကျေးမှုပုံစံကို ကြိုတင်သိရှိထားပြီး အဲ့ဒီအပေါ်မှာ လိုက်လျောညီထွေဖြစ်အောင် နေနိုင်ဖို့အတွက်ကလည်း အရေးကြီးတဲ့အချက်ပဲမဟုတ်ပါလား။

 

၄။ နေ့စဉ်လုပ်ငန်းဆောင်တာများကို အသေးစိတ်ရှင်းပြပေးနိုင်မလား ?

လူသစ်တစ်ယောက်အတွက် လုပ်ငန်းခွင်တစ်ခုကို ဝင်တော့မယ်ဆိုရင် သူတို့ရဲ့ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းတာဝန်တွေကို သိထားဖို့လိုအပ်ပါတယ်။ အလုပ်ချိန်၊ အားလပ်ရက်အစရှိတာတွေနဲ့ပတ်သက်ပြီး ကြိုတင်သိရှိထားတာကလည်း သင့်အတွက်အကျိုးယုတ်စရာမရှိပါဘူး။

 

၅။ လက်ရှိခေါ်ယူနေတဲ့ရာထူးအတွက် အသေးစိတ်သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုတွေရှိလား ? လက်ရှိကုမ္ပဏီမှာရော ဝန်ထမ်းတစ်ဦးချင်းစီအတွက် အသေးစိတ်သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုတွေရှိလား ?

အောင်မြင်မှုရရှိဖို့ဆိုရင် လုပ်ငန်းခွင်ထဲကဝန်ထမ်းတစ်ဦးချင်းစီတိုင်းအတွက် အသေးစိတ်သတ်မှတ်ထားတဲ့ ကျွမ်းကျင်မှုတွေရှိဖို့ လိုအပ်ပါတယ်။ သင်ကရော ဒီမေးခွန်းကတစ်ဆင့် အလုပ်ရှင်ဘက်ကရှာဖွေနေတဲ့ ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီရဲ့လားဆိုတာကို သိနိုင်သလို တစ်ချိန်ချိန်မှာ သင်နဲ့လုပ်ဖော်ကိုင်ဖက် ဖြစ်လာနိုင်တဲ့သူတွေရဲ့ ကျွမ်းကျင်မှုတွေကို ကြိုတင်သိရှိထားနိုင်ပါတယ်။

 

၆။ အောင်မြင်မှုကို ဘယ်လိုမျိုးတိုင်းတာမလဲ ?

အောင်မြင်မှုကို တိုင်းတာပုံ၊ တိုင်းတာနည်းချင်းကွဲပြားတာနဲ့အမျှ ကုမ္ပဏီတစ်ခုချင်းစီတိုင်းရဲ့အောင်မြင်မှုက ကွဲပြားခြားနားနိုင်ပါတယ်။ အဲ့ဒီတော့ သင်အလုပ်လုပ်ဖို့ကြိုးစားနေတဲ့ကုမ္ပဏီက အောင်မြင်မှု ရ၊မရကို အသေးစိတ်အချက်အလက်တွေနဲ့ တိုင်းတာလေ့ရှိလား၊ အပေါ်ယံလောက်ပဲ တိုင်းတာတတ်လားဆိုတာကို သိနိုင်ပါတယ်။

 

၇။ ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကျောင်းတိုးတက်ဖို့အတွက် ကုမ္ပဏီဘက်ကဘယ်လိုမျိုးထောက်ပံ့လဲ ?

ဝန်ထမ်းတွေရဲ့ အသက်မွေးဝမ်းကျောင်းတိုးတက်ရေးကို ပြန်လည်ထောက်ရှုတဲ့ကုမ္ပဏီက အောင်မြင်မှုရဖို့ အခွင့်အလမ်းတော်တော်များတဲ့ ကုမ္ပဏီတစ်ခုလို့ ဆိုနိုင်ပါတယ်။ သင်အလုပ်လုပ်မယ့်ကုမ္ပဏီကရော သင့်ရဲ့အသက်မွေးဝမ်းကျောင်းတိုးတက်ရေးအတွက် ဘယ်လိုမျိုးအကျိုးရှိတဲ့အရာတွေကို ပို့ချပေးလဲ၊ သင်တန်းတွေစီစဉ်ပေးလား အစရှိသဖြင့် သိထားဖို့လိုအပ်ပါတယ်။

 

၈။ သင့်ရှေ့ကအရင် ဒီရာထူးမှာလုပ်ခဲ့တဲ့သူအတွက် အဓိကစိန်ခေါ်မှုတွေက ဘာဖြစ်မလဲ ?

လုပ်ငန်းရှင်တွေ၊ အထက်လူကြီးတွေဆိုတာက သင့်ရှေ့မှာ ဒီရာထူးနဲ့အလုပ်လုပ်ဖူးသူတွေရဲ့ အဓိကစိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသူတွေပါ။ အဲ့ဒါကြောင့် အင်တာဗျူးမှာ သူတို့ဆီက အဲ့ဒီအတွေ့အကြုံတွေကို မေးထားတာက သင့်အတွက် ကြိုတင်ပြင်ဆင်ဖို့ အချိန်လုံလောက်စွာရရှိစေမှာပါ။

 

၉။ မတူကွဲပြားခြားနားမှုတွေကို ဘယ်လိုမျိုးဖြေရှင်းလဲ ?

အဖွဲ့အစည်းတစ်ခုအနေနဲ့ မတူကွဲပြားမှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ အဲ့ဒီအရာတွေအပေါ်မှာ ဘယ်လိုမျိုး ဦးဆောင်ဖြေရှင်းပေးလဲ၊ ကူညီပေးနိုင်လဲဆိုတာက သင့်တစ်ယောက်တည်းအတွက်တင်မကပါဘူး။ အဲ့ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအတွက်ပါ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

Must Read