HomeOtherFunnyသက်စွန့်ဆံဖြား ဘီယာစည်တွေကို ဆယ်ယူခဲ့တဲ့အမျိုးသမီး။

သက်စွန့်ဆံဖြား ဘီယာစည်တွေကို ဆယ်ယူခဲ့တဲ့အမျိုးသမီး။

အမျိုးသမီးဟာ သတ္တုဘီယာစည် (၂) စည်ကို ဆွဲယူဖို့အတွက် လှိုင်းထန်နေတဲ့ရေပြင်ထဲကို ခုန်ချခဲ့ပြီး ဘီယာစည် (၂) စည်လုံးကို ကုန်းမြေပြင်ပေါ်အထိ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အမျိုးသမီး လူစွမ်းကောင်းကြီးက 7 News သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ "ပင်လယ်နဲ့တူတာ ဘာမှမရှိဘူးနော်။ ပင်လယ်ကြီးကိုက သူ့အလိုလို ကြီးကျယ်ခမ်းနားနေတာ။" လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ဘဝမှာကြုံတွေ့လာရတဲ့ အချို့သောအရာတွေဟာ ကြိုးစားပြီးအဖတ်ဆယ်ဖို့အတွက် ထိုက်တန်ပါတယ်။ ဥပမာပေးရမယ်ဆိုရင်တော့ ကိုယ့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်နဲ့ ချစ်သူဆက်ဆံရေးလိုမျိုးပေါ့။ ဒါပေမယ့် အခုဆောင်းပါးမှာဖော်ပြမယ့် အကြောင်းအရာကတော့ ဩစတေးလျနိုင်ငံသူ အမျိုးသမီးတစ်ယောက် ရေစီးထဲမျောနေတဲ့ ဘီယာစည်တွေကို သက်စွန့်ဆံဖြား ဆယ်ယူခဲ့တဲ့အကြောင်းပဲ ဖြစ်ပါတယ်။ Queensland ရှိ Gold Coast တစ်လျှောက်က ကမ်းခြေတွေပေါ်ကို အားပြင်းစွာနဲ့ ဝင်ရောက်လာတဲ့ ရေလှိုင်းတွေနဲ့ ပြင်းထန်တဲ့ လေတိုက်ခတ်မှုကြောင့် ကမ်းခြေတစ်လျှောက်က ရေပြင်ဟာ အမြှုပ်တွေနဲ့ပြည့်နေတဲ့ ရေပြင်အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အချို့နေရာတွေမှာဆိုရင် အလုံးအရင်းနဲ့ ဝင်ရောက်လာတဲ့ရေဟာ မြေမျက်နှာပြင်ကနေ ၁ မီတာလောက်အထိ မြင့်တက်လာခဲ့ပါတယ်။

ဒီရေတက်ခြင်းကနေ စီးဝင်လာတဲ့ရေတွေဟာ Currumbin ကမ်းခြေကနေ ကားရပ်တဲ့နေရာတစ်လျှောက်အထိ မြင့်တက်လာခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့သားတွေအနေနဲ့ သေသေချာချာ ချည်နှောင်ထားခြင်းမရှိတဲ့ အရာဝတ္ထုတွေ ရေစီးထဲမှာ မျောပါသွားမှာကို စိုးရိမ်ပြီး သွားရောက်ဆယ်ယူခဲ့ကြပါတယ်။ ကမ်းခြေအနီးအနားတစ်ဝိုက်မှာ တပ်ဆင်ထားတဲ့ စောင့်ကြည့်ရေးကင်မရာက မှတ်တမ်းတင်ရိုက်ကူးထားတဲ့ ဗီဒီယိုတစ်ခုထဲမှာတော့ အမျိုးသမီးဟာ ရေပြင်ထဲမှာမျောနေတဲ့ တန်ဖိုးကြီးမားလှသော အရာတွေကို ဆယ်ယူဖို့အတွက် ရေပြင်ထဲခုန်ချလိုက်တာကို မြင်တွေ့လိုက်ရပါတယ်။

- Advertisement -

ရေထဲကိုခုန်ချပြီး ဆယ်ယူရတဲ့အထိ တန်ဖိုးကြီးရအောင် ဘာများဖြစ်မလဲ? ဆိုတဲ့ မေးခွန်းအတွက်အဖြေကတော့ ဘီယာစည်တွေပါ။ အမျိုးသမီးဟာ သတ္တုဘီယာစည် (၂) စည်ကို ဆွဲယူဖို့အတွက် လှိုင်းထန်နေတဲ့ရေပြင်ထဲကို ခုန်ချခဲ့ပြီး ဘီယာစည် (၂) စည်လုံးကို ကုန်းမြေပြင်ပေါ်အထိ သယ်ဆောင်လာနိုင်ခဲ့ပါတယ်။ အမျိုးသမီး လူစွမ်းကောင်းကြီးက 7 News သတင်းဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ “ပင်လယ်နဲ့တူတာ ဘာမှမရှိဘူးနော်။ ပင်လယ်ကြီးကိုက သူ့အလိုလို ကြီးကျယ်ခမ်းနားနေတာ။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

ပုံမှန်မဟုတ်တဲ့ အမြှုပ်တွေနဲ့ပြည့်နေတဲ့ ကမ်းခြေဟာ ပင်လယ်ပြင်ရဲ့အလှတရားကို ဓါတ်ပုံရိုက်ရတာ ကြိုက်နှစ်သက်တဲ့ ခရီးသွားတွေနဲ့ ဓါတ်ပုံဆရာတွေကို အတော်လေး ဆွဲဆောင်နိုင်ခဲ့ပါတယ်။ တက်သစ်စ ဓါတ်ပုံဆရာဖြစ်တဲ့ Ted Grambeau ဆိုသူဟာ ကြီးကျယ်ခမ်းနားလှတဲ့ ပင်လယ်ကြီးရဲ့ အချိန်တိုအတွင်း ပြောင်းလဲမှုတွေကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးရတာ နှစ်သက်သူတစ်ဦးဖြစ်ပြီး 9 News သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးထဲမှာတော့ အဆိုပါအဖြစ်အပျက်မျိုးကို တစ်နှစ်မှာ တစ်ခါလောက်သာ မြင်တွေ့ခွင့်ရှိကြောင်း မျှဝေပြောပြခဲ့ပါတယ်။

တချို့ကျပြန်တော့လည်း အမြှုပ်တွေထနေတဲ့ ရေပြင်ထဲမှာဆော့ကစားဖို့အတွက် အလည်အပတ် ရောက်ရှိလာခဲ့ကြပြီး အမြင်အရသာ ကြည့်လို့ကောင်းပေမယ့် သက်ရှိတွေအတွက်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ အမြှုပ်တွေအပြည့်နဲ့ ရေပြင်ထဲမှာဆော့ကစားနေတဲ့ ခွေးလေးတွေကတော့ ပျောက်ဆုံးလုနီးပါး ဖြစ်သွားခဲ့ပြီး ဒီရေကျသွားတဲ့အချိန်မှာတော့ အမြှုပ်တွေကို မမြင်ရတော့ပေမယ့် ခန့်မှန်းရခက်တဲ့ ရာသီဥတုအခြေအနေဟာ ကမ်းခြေမှာ အပန်းဖြေ အနားယူလိုသူတွေအတွက် စိုးရိမ်စရာအချက်တစ်ခု ဖြစ်လာပါတော့တယ်။

<Unicode Version>

 

#soshwefunny

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × five =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...