HomeEducationမြန်မာနိုင်ငံမှကလေးငယ်များမဖြစ်မနေ တတ်မြောက်ထားသင့်သည့် Computer Science ပညာရပ်အကြောင်း။

မြန်မာနိုင်ငံမှကလေးငယ်များမဖြစ်မနေ တတ်မြောက်ထားသင့်သည့် Computer Science ပညာရပ်အကြောင်း။

- Advertisement -

ယနေ့ခေတ်ကမ္ဘာပေါ်၌ ကွန်ပျူတာသိပ္ပံဟုခေါ်သည့် Computer Science (CS) ပညာရပ်က အရေးပါသည့်အခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့ပြီး လူသားတိုင်းရဲ့နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်တဲ့ ပညာရေးကဏ္ဍတစ်ခုအနေနဲ့ ဖြစ်လာခဲ့ပါတယ်။ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေး၊ စီးပွားရေး၊ ဆောက်လုပ်ရေး၊ ကျန်းမာရေးတို့အပြင် အခြားသောကိစ္စအဝဝတို့အတွက် အဆိုပါပညာရပ်က အရေးပါလာခဲ့ပြီး ကမ္ဘာပေါ်၌ လုပ်ခလစာအများဆုံး အလုပ်အကိုင်များဖြစ်လာခဲ့သလို အလုပ်အကိုင်အခွင့်အလမ်း လိုအပ်ချက်ကလည်း (၂) ဆ ပိုမိုများပြားလာခဲ့ပါတယ်။

ကလေးငယ်များအတွက် ကွန်ပျူတာသိပ္ပံပညာရပ်ကို သင်ကြားခြင်းက နောင်တစ်ချိန် မည်သည့်အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ရွေးချယ်သည်ဖြစ်စေ၊ ကောင်းမွန်သည့် အခြေခံအုတ်မြစ်တစ်ချပ်ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ ကွန်ပျူတာသိပ္ပံပညာရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်ခြင်းကြောင့် မိုဘိုင်းအက်ပလီကေးရှင်းများရေးဆွဲပုံ၊ ဝက်ဘ်ဆိုက်နဲ့ အင်တာနက်အလုပ်လုပ်ပုံတို့ကို သိရှိနိုင်ပါတယ်။

ယခုမျက်မှောက်ခေတ်၌ ကွန်ပျူတာသိပ္ပံပညာရပ်က အထူးပင် အရေးပါလာခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း၊ ဆေးဝါးဆိုင်ရာလိုအပ်သည့်နေရာများသို့ အချိန်နဲ့တစ်ပြေးညီ သွားရောက်ကူညီနိုင်ခြင်းအစရှိသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။ အက်ပလီကေးရှင်းတစ်ခုက လူသားတွေရဲ့ဘဝကို များစွာအပြောင်းအလဲဖြစ်စေပြီး လက်ရှိအချိန်၌လည်း မိုဘိုင်းအက်ပလီကေးရှင်း သုံးစွဲသူအရေအတွက်က များစွာမြင့်တက်လာခဲ့ပြီဖြစ်ရာ ကွန်ပျူတာသိပ္ပံပညာရှင်များအတွက် အလုပ်အကိုင်အခွင့်အလမ်း များပြားလာခြင်းက ထူးဆန်းသည့်ကိစ္စရပ်တစ်ခုမဟုတ်တော့ပေ။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ကြောင့် E-Learning စနစ်ကို ပီပြင်စွာ အကောင်အထည်ဖော်ခွင့်ရသည့်၊ ပီပြင်စွာ အကောင်အထည်ဖော်နိုင်သည့် ကျောင်းသား၊ ကျောင်းသူများက ပညာရေးကို စဉ်ဆက်မပြတ်သင်ယူနိုင်ကြပြီး အဆိုပါအချက်က ကြီးမားသည့် အားသာချက်တစ်ခုပင် ဖြစ်ပါတယ်။ ဒါ့အပြင် မိသားစုဝင်များ၊ သူငယ်ချင်းများ၊ ချစ်သူနဲ့ အချိန်ပြည့် အဆက်အသွယ်ပြုလုပ်နိုင်ခြင်းကလည်း နည်းပညာတိုးတက်မှုရဲ့ အသီးအပွင့်တစ်ခုပင်ဖြစ်ပြီး မိုးလေဝသဆိုင်ရာ ကိစ္စရပ်များ၌ပင် ကွန်ပျူတာသိပ္ပံပညာရပ်က ကြီးမားသည့်အင်အားတစ်ရပ်အဖြစ် ရှိလာခဲ့ပါတယ်။

- Advertisement -

အနာဂတ်ကမ္ဘာကြီးက ကွန်ပျူတာသိပ္ပံပညာရပ်ကို အဓိကအားကိုးအားထားပြုရတော့မည်ဖြစ်ပြီး ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ကွန်ပျူတာခန်းများကို သမိုင်းဝင်ပြတိုက်များကဲ့သို့ မထားရှိဘဲ ကလေးငယ်များရဲ့အနာဂတ်၊ တိုင်းပြည်ရဲ့အနာဂတ်အတွက် အရေးပါသည့် ကွန်ပျူတာသိပ္ပံပညာရပ်ကို ငယ်စဉ်တည်းက ရင်းနှီးကျွမ်းဝင်နေအောင် တစိုက်မတ်မတ် သင်ကြားသင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

<Unicode Version>

 

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

17 − 10 =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...