HomeLifeStyleဂြိုဟ်သားတစ်ယောက်နဲ့တူလာအောင် ပြုပြင်ပြောင်းလဲခဲ့သည့် အမျိုးသား။

ဂြိုဟ်သားတစ်ယောက်နဲ့တူလာအောင် ပြုပြင်ပြောင်းလဲခဲ့သည့် အမျိုးသား။

Anthony အနေဖြင့် ငယ်စဉ်တည်းကပင် ခန္ဓာကိုယ်ကို ယခုကဲ့သို့ပြုပြင်ပြောင်းလဲရန် စိတ်အားထက်သန်ခဲ့ခြင်းဖြစ်ပြီး အသက် (၂၀) အရွယ်၌ ၎င်းရဲ့အိပ်မက်များကို စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားခဲ့ကြောင်းဆိုပါတယ်။

- Advertisement -

စိတ်ကူးယဉ်အိပ်မက်တွေက အမှန်တကယ်ဖြစ်လာရန် ခက်ခဲသည်ဟုဆိုနိုင်ပေမယ့် အချို့လူတွေကတော့ ရည်ရွယ်ရာပန်းတိုင်ကို အမှန်တကယ်အရောက်လှမ်းနိုင်ရေးအတွက် မိုက်ရူးရဲဆန်သည့်လုပ်ရပ်များကိုပင် ပြုလုပ်လေ့ရှိပါတယ်။ အသက် (၂၉) နှစ်အရွယ် ပြင်သစ်လူမျိုးတစ်ယောက်ဖြစ်သည့် Anthony Loffredo ကလည်း ဂြိုဟ်သားတစ်ယောက်နဲ့ တူညီစေရန်အတွက် သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ပြီး နှာခေါင်းနဲ့ လျှာတို့ကို ဖြတ်ထုတ်ပစ်ခဲ့ကြောင်း သိရှိရပါတယ်။

အနောက်နိုင်ငံများ၌ ခန္ဓာကိုယ်ပုံပန်းသွင်ပြင်ကို ပြုပြင်ပြောင်းလဲခြင်းက ရေပန်းစားလာခဲ့ပြီး Anthony ကမူ အများနဲ့မတူထူးခြားသည့် ရည်ရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲနေခြင်းဖြစ်ပါတယ်။ Anthony အနေဖြင့် ငယ်စဉ်တည်းကပင် ခန္ဓာကိုယ်ကို ယခုကဲ့သို့ပြုပြင်ပြောင်းလဲရန် စိတ်အားထက်သန်ခဲ့ခြင်းဖြစ်ပြီး အသက် (၂၀) အရွယ်၌ ၎င်းရဲ့အိပ်မက်များကို စတင်အကောင်အထည်ဖော်ရန် ရည်ရွယ်ထားခဲ့ကြောင်းဆိုပါတယ်။ ဒါပေမယ့် အသက် (၂၄) နှစ်အရွယ်အထိ လုံခြုံရေးဝန်ထမ်းတစ်ယောက်အဖြစ်သာ အသက်မွေးနေခဲ့သည့် Anthony က နောက်ဆုံး၌ သူ့ကိုယ်သူ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချမှတ်ခဲ့ခြင်းဖြစ်ပါတယ်။

- Advertisement -

- Advertisement -

Anthony သည် ၂၀၂၀ ခုနှစ် ဧပြီလအထိ ခန္ဓာကိုယ်ရဲ့ (၁၀) ရာခိုင်နှုန်းကိုသာ ပြုပြင်ပြောင်းလဲရသေးပေမယ့် လက်ရှိအချိန်၌မူ ခန္ဓာကိုယ်ရဲ့ (၂၁) ရာခိုင်နှုန်းအထိကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ၎င်းရဲ့ခန္ဓ္ဓာကိုယ်ကို ဘာစီလိုနာမှ Oscar Marquez ဆိုသည့် အထူးပြုပြင်ရေးကျွမ်းကျင်သူတစ်ဦးက ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခြင်းကို ပြင်သစ်နိုင်ငံ၌လည်း တရားဝင်အဖြစ် ခွင့်ပြုပေးထားပါတယ်။ ဒါ့အပြင် Anthony က သူ့ရဲ့မျက်လုံးနှစ်လုံးလုံးကိုလည်း အမည်းရောင်အဖြစ် အရောင်ပြောင်းသွားစေရန် ပြုပြင်ခဲ့ပြီး ထိုကဲ့သို့ပြုလုပ်ခြင်းက အခန့်မသင့်ပါက ၎င်းကိုမျက်စိကွယ်သွားစေနိုင်ကြောင်းလည်း သိရှိရပါတယ်။

မျက်နှာပေါ်၌လည်း အရေပြားအစားထိုးပစ္စည်းများထည့်သွင်းကာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည့် Anthony က ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများကို နောက်ပိုင်း၌အရှိန်အဟုန်ဖြင့် ဆက်လက်ပြုလုပ်သွားမည်ဟုလည်း ဆိုထားပါတယ်။ ဒါ့အပြင် Anthony က ယခုကဲ့သို့ ပြုပြင်ပြောင်းလဲမှုများအပေါ် လုံးဝနောင်တရခြင်းမရှိဘဲ “တချို့ကတော့ ကျွန်တော့်ကို ရူးနေတယ်လို့ ပြောကြပြီး တချို့ကျတော့လည်း သရဲလို့ ပြောကြတာပေါ့။ ကျွန်တော် ဒီလောက်နဲ့ ရပ်တန့်သွားမှာမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့နောက်ဆုံးထွက်သက်အထိ ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝဖို့ တိုက်ပွဲဝင်သွားမှာပါ။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ “The Black Alien Project” ဟု အမည်ရသည့် Anthony ရဲ့ အားသွန်ခွန်စိုက် ပြုပြင်ပြောင်းလဲမှုများက လက်ရှိအချိန်၌ အတော်လေးခရီးပေါက်နေပြီဖြစ်ပြီး ၎င်းရဲ့ ပုံပန်းသွင်ပြင်ကလည်း အမှန်တကယ်ပင် ဂြိုဟ်သားတစ်ကောင်နဲ့ တူလာပြီဟုဆိုနိုင်ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

- Advertisement -

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three + twelve =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...