HomeEducationစင်ကာပူနိုင်ငံနဲ့ စဉ်ဆက်မပြတ်လေ့လာသင်ကြားရေးစနစ်။

စင်ကာပူနိုင်ငံနဲ့ စဉ်ဆက်မပြတ်လေ့လာသင်ကြားရေးစနစ်။

စဉ်ဆက်မပြတ်သင်ယူခြင်းရဲ့ အကျိုးဆက်များကို သတိထားမိပါက အဆိုပါအလေ့အကျင့်က အနာဂတ်လူငယ်များထံသို့ပင် လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်သည့် အမွေအနှစ်ကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်သင်ယူခြင်းဟု ခေါ်ဝေါ်နိုင်သည့် ရာသက်ပန်သင်ကြားရေးစနစ်က ဗဟုသုတရရှိခြင်း၊ ရရှိလာသောဗဟုသုတများကို မွမ်းမံခြင်းနဲ့ ထိုဗဟုသုတများကို အသုံးချခြင်းဆိုသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကောင်းဆုံးအခွင့်အရေးတစ်ရပ်ဖြစ်စေပါတယ်။

- Advertisement -

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအားလုံး စီးပွားရေးပျက်ကပ်ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရပြီး အချက်အချာကျသည့် နိုင်ငံအများအပြားက အဆိုပါဒဏ်ကို ပိုမိုခံစားခဲ့ရပါတယ်။ အရှေ့တောင်အာရှရဲ့ အထင်ကရနိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံလည်း ကိုရိုနာဗိုင်းရပ်စ်ရဲ့ ရိုက်ခတ်မှုဒဏ်ကို အနည်းနဲ့အများ ခံစားခဲ့ရပြီး လုပ်ငန်းအများအပြားကလည်း ကျဆင်းမှုများနဲ့ ရင်ဆိုင်ခဲ့ရကာ ဘီလီယံနဲ့ချီသည့်လူများကလည်း ၄င်းတို့ရဲ့စားဝတ်နေရေးအတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။

နိုင်ငံအတွင်း စီးပွားရေးအခြေအနေမှာ သိသိသာသာကျဆင်းသွားခဲ့ပြီး ဟိုတယ်၊ စားသောက်ဆိုင်နဲ့ ကော်ဖီဆိုင်များရဲ့ရောင်းအားကလည်း (၄၀) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်၌ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများက (၃၀) ရာခိုင်နှုန်းမှ (၇၀) ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ထိုကဲ့သို့ တိုးတက်မှုအရိပ်အယောင်များကို မြင်တွေ့ရခြင်းက စဉ်ဆက်မပြတ် သင်ယူမှုကြောင့်ဖြစ်ကြောင်း မီးမောင်းထိုးပြလျက်ရှိပါတယ်။

စဉ်ဆက်မပြတ်သင်ယူခြင်းရဲ့ အကျိုးဆက်များကို သတိထားမိပါက အဆိုပါအလေ့အကျင့်က အနာဂတ်လူငယ်များထံသို့ပင် လက်ဆင့်ကမ်း လွှဲပြောင်းပေးနိုင်သည့် အမွေအနှစ်ကောင်းတစ်ရပ်လည်း ဖြစ်ပါတယ်။ စဉ်ဆက်မပြတ်သင်ယူခြင်းဟု ခေါ်ဝေါ်နိုင်သည့် ရာသက်ပန်သင်ကြားရေးစနစ်က ဗဟုသုတရရှိခြင်း၊ ရရှိလာသောဗဟုသုတများကို မွမ်းမံခြင်းနဲ့ ထိုဗဟုသုတများကို အသုံးချခြင်းဆိုသည့် အကျိုးကျေးဇူးများကို ရရှိစေပြီး ကိုရိုနာဗိုင်းရပ်စ်ကဲ့သို့ မမျှော်လင့်ဘဲဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အကောင်းဆုံးအခွင့်အရေးတစ်ရပ်ဖြစ်စေပါတယ်။

- Advertisement -

ပြီးခဲ့သည့် (၁၉၉၇) ခုနှစ်၌ စင်ကာပူဝန်ကြီးချုပ် Goh Chok Tong က ကျောင်းများ၌ “Thinking Schools, Learning Nation Vision” ဆိုသည့် ရည်မှန်းချက်ကို စင်ကာပူနိုင်ငံရှိလူငယ်များအား တစ်သက်တာ သင်ယူလိုစိတ်ရှိစေရန် ရည်ရွယ်၍ အုတ်မြစ်ချပေးခဲ့ပါတယ်။ ဒါပေမယ့် ခေတ်စနစ်ရဲ့ပြောင်းလဲမှုအရ ပညာရေးစနစ်များလည်း ပြောင်းလဲလာခဲ့ပြီး စင်ကာပူအစိုးရက အဆိုပါရေစီးကြောင်း၌ လိုက်ပါစီးမျောကာ ကျောင်းတွင်းအကဲဖြတ်ခြင်းကို လျှော့ချပြီး ပညာသင်ယူရာ၌ ပျော်ရွှင်မှုအပြည့်အဝရရှိစေရန် ဦးစားပေး အာရုံံစိုက်ခဲ့ပါတယ်။

- Advertisement -

ပြီးခဲ့သည့် (၂၀၁၉) ခုနှစ်မှစတင်ကာ နိုင်ငံတွင်းရှိ မူကြိုကျောင်းများရဲ့ သင်ကြားရေးစနစ်များကို ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲလာခဲ့ပြီး (၂၀၂၄) ခုနှစ်၌ ဘာသာရပ်အခြေပြုသင်ကြားရေးစနစ်ကိုသာ ကျင့်သုံးသွားရန် ရည်ရွယ်ထားပါတယ်။ တစ်သက်တာလေ့လာသင်ယူခြင်းသည် သာမန်ပညာရေးကဏ္ဍများထက် လိုအပ်ချက် ပိုမိုများပြားခြင်းကိုလည်း အစိုးရက ကောင်းစွာနားလည်သဘောပေါက်ခဲ့ပြီး လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပါတယ်။

ကနဦးအစီအစဉ်အနေဖြင့် (၂၀၁၈) ခုနှစ်မှစတင်ကာ အလုပ်နဲ့သင်ကြားရေးစနစ်နှစ်မျိုးကို ပူးတွဲအကောင်အထည်ဖော်ခဲ့ပြီး SkillsFuture စနစ်ကို အကောင်အထည်ဖော်ခဲ့ပါတယ်။ ထိုစနစ်က အလုပ်အကိုင်ပိုင်းဆိုင်ရာ ပြဿနာများကို တင်းကျပ်စွာချုပ်ကိုင်ထားခြင်းမဟုတ်ဘဲ မိမိကိုယ်ကိုနားလည်မှုနဲ့ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုများရှိစေရန် ရည်ရွယ်ကြောင်း သိရှိရပါတယ်။ ထိုကဲ့သို့သော ရည်ရွယ်ချက်ကောင်းများဖြင့် အကောင်အထည်ဖော်နေသည့်တိုင် အဆိုပါစဉ်ဆက်မပြတ် သင်ကြားရေးစနစ်အတွက် ပြဿနာအချို့ ရှိနေဆဲဖြစ်ပါတယ်။

အထူးသဖြင့် အလယ်တန်းပင်မအောင်မြင်ခဲ့သော သက်ကြီးပိုင်းလုပ်သားများအနေဖြင့် ခေတ်ရေစီးကြောင်းဖြစ်သည့် ဒစ်ဂျစ်တယ်နဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ၌ မိမိကိုယ်ကိုယ်မိမိ ယုံကြည်မှုကျဆင်းနေခြင်းပင် ဖြစ်ပါတယ်။ သုတေသနပြုလုပ်ချက်များအရ အသက် (၄၀) နဲ့ (၇၀) အကြား လုပ်သားများသည် ဒစ်ဂျစ်တယ်စနစ်နဲ့ထိတွေ့နိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပြီး အွန်လိုင်းမှတစ်ဆင့် အလုပ်ခေါ်စာများအတွက် အခွင့်အလမ်းဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပါတယ်။

စင်ကာပူနိုင်ငံမှ SkillFuture အစီအစဉ်သည် ကောင်းမွန်သည့်ရည်ရွယ်ချက်များပါဝင်နေသော်လည်း အလျဉ်းမသင့်ပါက ဆိုးကျိုးကိုသာ ဦးတည်သွားစေနိုင်ကြောင်းလည်း ကျွမ်းကျင်သူများက ထောက်ပြဝေဖန်နေကြပါတယ်။ မူဝါဒချမှတ်သူများအနေဖြင့် စီးပွားရေးအဆင်မပြေမှုများအကြား ဖြစ်ပေါ်လာနိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးသည့်ပြဿနာများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာများကြောင့် အဆိုပါသင်ကြားရေးစနစ်အပေါ် စိတ်ပါဝင်စားမှု ကုန်ခမ်းသွားနိုင်ပါတယ်။

သို့ဖြစ်ရာ လက်ရှိအချိန်တွင် SkillsFuture အစီအစဉ်၌ ပါဝင်နေကြသူများအနေဖြင့် စဉ်ဆက်မပြတ်သင်ကြားရခြင်းကို သဘောကျနှစ်သက်၍မဟုတ်ဘဲ ရေတိုအားဖြင့် စိတ်ဝင်စားခြင်းမျိုး ဖြစ်လာနိုင်ပါတယ်။ သင်ယူခြင်းက လူမှုရေးနဲ့ စိတ်ပိုင်းဆိုင်ရာအနေအထားတို့အပေါ် မူတည်နေခြင်းကြောင့် ယခုကဲ့သို့ စဉ်ဆက်မပြတ်သင်ယူနေချိန်၌ ၎င်းတို့ကြုံတွေ့ရသည့် အခက်အခဲများကို ပိုမိုသိမြင်လာနိုင်ပါတယ်။

နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံလုံးဝမရှိသည့် အသက် (၅၀) ကျော် စီနီယာအဆင့်ရှိ ဝန်ထမ်းတစ်ယောက်အနေနဲ့ နည်းပညာကျွမ်းကျင်နေသည့် လူငယ်များနဲ့အတူ လေ့လာသင်ယူနေရသည့်အခါ စိုးရိမ်ပူပန်မှု ပိုမိုများပြားလာခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ သို့ဖြစ်ရာ အသစ်အသစ်သော အရာများကို သင်ကြားရာ၌ သင်ယူမည့်သူများရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ထည့်သွင်းတွက်ချက်ရန် လိုအပ်နေပါတယ်။

ဒါပေမယ့် အားတက်စရာကိစ္စရပ်အနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း လူအများက လေ့ကျင့်ခြင်းနဲ့ စဉ်ဆက်မပြတ်သင်ယူခြင်းအပေါ်၌ ပိုမိုစိတ်အားထက်သန်လာခဲ့ပါတယ်။ SkillsFuture စင်ကာပူရဲ့အဆိုအရ SGUnited Jobs and Skills Package ရဲ့ တစ်စိတ်တစ်ပိုင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အလုပ်ရှာဖွေနေသူများအတွက် သင်တန်းများဖွင့်လှစ်ကာ လူပေါင်း (၁၃,၀၀၀) ကျော်က အဆိုပါသင်တန်းများသို့ တက်ရောက်ခဲ့ကြပါတယ်။

လုပ်ငန်းရှင်များအနေဖြင့်လည်း အဆိုပါသင်တန်းများမှတစ်ဆင့် တန်ဖိုးရှိသည့်ဝန်ထမ်းကောင်းများကို ရှာဖွေနိုင်ပြီး စင်ကာပူနိုင်ရဲ့ SkillsFuture အစီအစဉ်က စိန်ခေါ်မှုများ၊ အခက်အခဲများကြားမှတစ်ဆင့် ဖြည်းဖြည်းချင်း ရှေ့ဆက်နေသည်ဟု ဆိုရမှာလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

#soshweeducation

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

fifteen + fourteen =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...