HomeSportနည်းပြကြီး Alex Ferguson အနေနဲ့ Cristiano Ronaldo ကို ယူနို်က်တက်အသင်းခေါင်းဆောင်အဖြစ် မရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း။

နည်းပြကြီး Alex Ferguson အနေနဲ့ Cristiano Ronaldo ကို ယူနို်က်တက်အသင်းခေါင်းဆောင်အဖြစ် မရွေးချယ်ခဲ့ရခြင်း အကြောင်းအရင်း။

ဖာဂူဆန်လက်ထက် Ronaldo တစ်ယောက် ယူနို်က်တက်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ နည်းပြကြီးအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း မရှိပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဘောလုံးလောကမှာ နာမည်ကြီးကျော်ကြားတဲ့ Alex Ferguson က ပေါ်တူဂီနိုင်ငံသား Ronaldo ကို အသင်းခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ဖူးချင်သလားဆိုတာပါပဲ။

- Advertisement -

နည်းပြကြီး Alex Ferguson ဟာ ၂၆ နှစ်ကြာ Manchester United အသင်းအတွက် မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို Cristiano Ronaldo ဟာလည်း Manchester United အသင်းမှာ ၆ နှစ်ကြာကစားခဲ့ပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွေ ၊ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ ဆုတွေဆွတ်ခူးရရှိခဲ့တဲ့အပြင် သူ့ရဲ့ပထမဦးဆုံးသော Ballon d’Or ဆုဒိုင်းကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

ဖာဂူဆန်လက်ထက် Ronaldo တစ်ယောက် ယူနို်က်တက်အသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ၆ နှစ်တာအတွင်းမှာ နည်းပြကြီးအနေနဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခဲ့ခြင်း မရှိပါဘူး။ စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ ဘောလုံးလောကမှာ နာမည်ကြီးကျော်ကြားတဲ့ Alex Ferguson က ပေါ်တူဂီနိုင်ငံသား Ronaldo ကို အသင်းခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ဖူးချင်သလားဆိုတာပါပဲ။

- Advertisement -

- Advertisement -

၂၀၀၆ ခုနှစ်မှာတော့ Alex Ferguson ဟာ Gary Neville ကို Manchester United အသင်းရဲ့ ခေါင်းဆောင်အဖြစ် တင်မြှောက်ခဲ့ပါတယ်။ ဒဏ်ရာပြသာနာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ Neville ဟာ ကစားပွဲအချို့မှာ ဝင်ရောက်ကစားပေးနိုင်ခြင်း မရှိတော့ဘဲ အသင်းအပေါ်မှာလည်း လွှမ်းမိုးမှု နည်းပါးလာခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်ရဲ့ လေ့ကျင့်ရေးရာသီမှာတော့ Neville က နည်းပြကြီး Ferguson ကို သူဟာ အရေးကြီးတဲ့ကစားပွဲတွေမှာ ဝင်ရောက်ကစားပေးနိုင်ခြင်း မရှိတော့တဲ့အပြင် အသင်းထဲက အခြားသော ကစားသမားတွေနဲ့ တန်းတူမဖြစ်တော့ဘူးဟုဆိုကာ အသင်းခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးဆိုပြီး ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ Ronaldo က အသင်းခေါင်းဆောင်ဖြစ်ဖို့အတွက် ထိုက်တန်ပေမယ့်လည်း နည်းပြ Ferguson က Neville ရဲ့ အတွေးကို လက်မခံခဲ့ပါဘူး။

Sky Sports သတင်းဌာနနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ Neville က “အသင်းခေါင်းဆောင်ဖြစ်လာပြီး ၁ နှစ်အကြာမှာပဲ ဒဏ်ရာရရှိခဲ့တာကြောင့် ကျွန်တော့အတွက် အရမ်းကို ခက်ခဲခဲ့ပါတယ်။ ကျန်ရှိသေးတဲ့ အချိန် ၄ နှစ်တာအတွက် ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုယ်ကို ယူဆနေခဲ့တာ။ ဒါကြောင့်လည်း အသင်းခေါင်းဆောင်အဖြစ် ၃ နှစ်တာလောက် ထမ်းဆောင်ပြီးတဲ့အခါမှာတော့ နည်းပြဆီကို သွားခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့က အသင်းသားတွေအားလုံးဟာ ကောင်းမွန်တဲ့ကစားသမားတွေကြီးပါပဲ။ ကျွန်တော်က နည်းပြကို ကျွန်တော်ဟာ အသင်းခေါင်းဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောပြတော့ နည်းပြကြီးက ‘မင်းဟာ အသင်းခေါင်းဆောင်ရာထူးကို ထိန်းထားရမယ်။ အသင်းခေါင်းဆောင်ရာထူးကို မင်း နဲ့ Giggs ကိုပဲ ပေးလို့ရမယ်။ Ronaldo ကို အသင်းခေါင်းဆောင်ပေးလုပ်လိုက်ရင် Rooney ကို ထိခိုက်မယ်။ Rooney ကို အသင်းခေါင်းဆောင် ပေးလုပ်လိုက်ရင်လည်း Ronaldo ကို ထိခိုက်မယ်။ Vidic ကို အသင်းခေါင်းဆောင်ပေးလုပ်လိုက်ပြန်ရင်လည်း Ferdinand ကို ထိခိုက်စေမယ်။’ လို့ ရှင်းပြခဲ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်က အသင်းခေါင်ဆောင်ဖြစ်ဖို့ မထိုက်တန်ဘူးလို့ တွေးနေချိန်မှာ နည်းပြကြီးက အသင်းအတွက်ကို ဦးစားပေးပြီး စဉ်းစားစေချင်နေခဲ့တာ။” ဆိုပြီး ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

<Unicode Version>

နည္းျပႀကီး Alex Ferguson အေနနဲ႕ Cristiano Ronaldo ကို ယူႏို္က္တက္အသင္းေခါင္းေဆာင္အျဖစ္ မေရြးခ်ယ္ခဲ့ရျခင္း အေၾကာင္းအရင္း။

နည္းျပႀကီး Alex Ferguson ဟာ ၂၆ ႏွစ္ၾကာ Manchester United အသင္းအတြက္ မန္ေနဂ်ာအျဖစ္ တာဝန္ထမ္းေဆာင္ခ့ဲသလို Cristiano Ronaldo ဟာလည္း Manchester United အသင္းမွာ ၆ ႏွစ္ၾကာ ကစားခ့ဲၿပီး ပရီးမီးယားလိဂ္ပြဲစဥ္ေတြ ၊ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာ ဆုေတြဆြတ္ခူးရရွိခဲ့တဲ့အျပင္ သူ႕ရဲ႕ပထမဦးဆံုးေသာ Ballon d’Or ဆုဒိုင္းကိုလည္း ဆြတ္ခူးရရွိခဲ့ပါတယ္။

- Advertisement -

ဖာဂူဆန္လက္ထက္ Ronaldo တစ္ေယာက္ ယူႏို္က္တက္အသင္းအတြက္ ပါဝင္ကစားေပးခ့ဲတ့ဲ ၆ ႏွစ္တာအတြင္းမွာ နည္းျပႀကီးအေနနဲ႕ အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ေပးအပ္ခ့ဲျခင္း မရွိပါဘူး။ စိတ္ဝင္စားစရာေကာင္းတဲ့အခ်က္ကေတာ့ ေဘာလံုးေလာကမွာ နာမည္ႀကီးေက်ာ္ၾကားတဲ့ Alex Ferguson က ေပၚတူဂီႏိုင္ငံသား Ronaldo ကို အသင္းေခါင္းေဆာင္အျဖစ္ တင္ေျမႇာက္ခဲ့ဖူးခ်င္သလားဆိုတာပါပဲ။

၂၀၀၆ ခုႏွစ္မွာေတာ့ Alex Ferguson ဟာ Gary Neville ကို Manchester United အသင္းရဲ႕ ေခါင္းေဆာင္အျဖစ္ တင္ေျမႇာက္ခဲ့ပါတယ္။ ဒဏ္ရာျပသာနာေတြနဲ႕ ရုန္းကန္ခ့ဲရတ့ဲ Neville ဟာ ကစားပြဲအခ်ိဳ႕မွာ ဝင္ေရာက္ကစားေပးႏိုင္ျခင္းမရွိေတာ့ဘဲ အသင္းအေပၚမွာလည္း လႊမ္းမိုးမႈ နည္းပါးလာခဲ့ပါတယ္။ ၂၀၀၆ ခုႏွစ္ရဲ႕ ေလ့က်င့္ေရးရာသီမွာေတာ့ Neville က နည္းျပႀကီး Ferguson ကို သူဟာ အေရးႀကီးတဲ့ကစားပြဲေတြမွာ ဝင္ေရာက္ကစားေပးႏိုင္ျခင္း မရွိေတာ့တ့ဲအျပင္ အသင္းထဲက အျခားေသာ ကစားသမားေတြနဲ႔ တန္းတူမျဖစ္ေတာ့ဘူးဟုဆိုကာ အသင္းေခါင္းေဆာင္ျဖစ္ဖို႔ မထိုက္တန္ဘူးဆိုၿပီး ဖြင့္ဟဝန္ခံလာခဲ့ပါတယ္။ Ronaldo က အသင္းေခါင္းေဆာင္ျဖစ္ဖို႔အတြက္ ထိုက္တန္ေပမယ့္လည္း နည္းျပ Ferguson က Neville ရဲ႕ အေတြးကို လက္မခံခဲ့ပါဘူး။

Sky Sports သတင္းဌာနနဲ႔ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ Neville က “အသင္းေခါင္းေဆာင္ျဖစ္လာၿပီး ၁ ႏွစ္အၾကာမွာပဲ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ကၽြန္ေတာ့အတြက္ အရမ္းကို ခက္ခဲခဲ့ပါတယ္။ က်န္ရွိေသးတဲ့ အခ်ိန္ ၄ ႏွစ္တာအတြက္ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ မျဖစ္ႏိုင္ဘူးလို႔ ကိုယ့္ကိုယ္ကို ယူဆေနခဲ့တာ။ ဒါေၾကာင့္လည္း အသင္းေခါင္းေဆာင္အျဖစ္ ၃ ႏွစ္တာေလာက္ ထမ္းေဆာင္ၿပီးတဲ့အခါမွာေတာ့ နည္းျပဆီကို သြားခဲ့ပါတယ္။ ကြ်န္ေတာ္တို႔အဖြဲ႔က အသင္းသားေတြအားလံုးဟာ ေကာင္းမြန္တဲ့ကစားသမားေတြႀကီးပါပဲ။ ကြ်န္ေတာ္က နည္းျပကို ကၽြန္ေတာ္ဟာ အသင္းေခါင္းေဆာင္ျဖစ္ဖို႔ မထိုက္တန္ဘူးလို႔ ေျပာျပေတာ့ နည္းျပႀကီးက ‘မင္းဟာ အသင္းေခါင္းေဆာင္ရာထူးကို ထိန္းထားရမယ္။ အသင္းေခါင္းေဆာင္ရာထူးကို မင္း နဲ႔ Giggs ကိုပဲ ေပးလို႔ရမယ္။ Ronaldo ကို အသင္းေခါင္းေဆာင္ေပးလုပ္လိုက္ရင္ Rooney ကို ထိခိုက္မယ္။ Rooney ကို အသင္းေခါင္းေဆာင္ ေပးလုပ္လိုက္ရင္လည္း Ronaldo ကို ထိခိုက္မယ္။ Vidic ကို အသင္းေခါင္းေဆာင္ေပးလုပ္လိုက္ျပန္ရင္လည္း Ferdinand ကို ထိခိုက္ေစမယ္။’ လို႔ ရွင္းျပခဲ့ပါတယ္။ ကၽြန္ေတာ္ကိုယ္တိုင္က အသင္းေခါင္ေဆာင္ျဖစ္ဖို႔ မထိုက္တန္ဘူးလို႔ ေတြးေနခ်ိန္မွာ နည္းျပႀကီးက အသင္းအတြက္ကို ဦးစားေပးၿပီး စဥ္းစားေစခ်င္ေနခဲ့တာ။” ဆိုၿပီး ထုတ္ေဖာ္ေျပာၾကားလာခ့ဲပါတယ္။

<Zawgyi Version>

#soshwesport

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

4 × three =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...