HomeTechကွန်ပျူတာနဲ့ လူသားဦးနှောက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် နည်းပညာအသစ်။

ကွန်ပျူတာနဲ့ လူသားဦးနှောက်ကို ချိတ်ဆက်အသုံးပြုနိုင်မယ့် နည်းပညာအသစ်။

- Advertisement -

ယနေ့အချိန်အခါမှာတော့ နည်းပညာရဲ့တိုးတက်မှုဟာ မျက်စိတစ်မှိတ်အတွင်းမှာတင် ကြောက်စရာကောင်းလောက်အောင် တိုးတက်မြင့်မားလျက်ရှိပါတယ်။ Melbourne တက္ကသိုလ်မှ သိပ္ပံသုတေသနပညာရှင်တွေဟာ လူသားတွေရဲ့ဦးခေါင်းခွံအပြင်ဘက်ရှိ ဦးနှောက်သွေးကြောတွေကို Windows 10 နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် လေ့လာစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

၂၀၁၆ ခုနှစ်မှာလည်း ဦးခေါင်းခွံမှာရှိတဲ့ သွေးပြန်ကြောတွေကို ဝိုင်ယာကြိုးနဲ့ချိတ်ဆက်ပြီး ပို့ဆောင်လိုတဲ့ အချက်အလက်တွေကို ဦးနှောက်ထဲက အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ “Primary Cortex” ဆီ သယ်ဆောင်သွားပြီးနောက် ဦးနှောက်ရဲ့အချက်ပြစနစ်နဲ့ ကွန်ပျူတာစနစ်ရဲ့ ချိတ်ဆက်နိုင်စွမ်းကို စမ်းသပ်လေ့လာခဲ့ကြပါတယ်။ အဆိုပါသီအိုရီကို အခုချိန်မှာတော့ လက်တွေ့အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါပြီ။

လူတစ်ဦးတစ်ယောက်က ဦးနှောက်နဲ့ကွန်ပျူတာကို ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အမြင်အာရုံခြေရာခံစနစ်ကို အကူယူထားရပါမယ်။ သုတေသနပြု လေ့လာသူတွေက နည်းပညာအသစ်ကို စမ်းသပ်အသုံးပြုလိုသူတွေအတွက် မှန်ကန်တိကျတဲ့ ညွှန်ကြားမှုတွေကို သင်ကြားပေးပြီး အသုံးပြုခွင့်ပေးခဲ့ကြပါတယ်။ လေ့လာစမ်းသပ်သူတွေအနေနဲ့ သင်ကြားခြင်းအကူလေ့ကျင့်ခန်းကို “Electrovorticography” အမည်ရှိ အချက်ပြစနစ် ကြိုးမဲ့သွင်းပြောင်းမှုနဲ့ ချိတ်ဆက်ကာ စမ်းသပ်အသုံးပြုနိုင်ခဲ့ကြပါတယ်။

- Advertisement -

အဆိုပါ အချက်ပြစနစ်ဟာ မျက်နှာပြင်အကျယ်ချဲ့ခြင်း လက်ဝဲဘက်ခလုတ်နှိပ် စေခိုင်းမှုတွေဖြစ်တဲ့ Mouse အသုံးပြု ထိန်းချုပ်လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်နေပါတယ်။ အမြင်အာရုံခြေရာခံစနစ်က ကွန်ပျူတာဖန်သားပြင်ပေါ်က အညွှန်းမြားကို ရွေ့လျားရာမှာ အထောက်အကူဖြစ်စေပြီး Window 10 နဲ့ ချိတ်ဆက်လုပ်ဆောင်မှုဟာ နေ့စဉ်နေထိုင်မှုဘဝမှာ အသုံးပြုနေရတဲ့ကိရိယာတွေကို ထိန်းချုပ်အသုံးပြုနိုင်စွမ်းကို ရရှိစေမှာဖြစ်ပါတယ်။

နည်းပညာစမ်းသပ်အသုံးပြုရာမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တဲ့ ပထမဦးဆုံးသော အသုံးပြုသူဟာ ၈၆ ရက်အတွင်းမှာ အခြားသူတစ်ယောက်ရဲ့ အကူအညီမပါဘဲ နည်းပညာကို တစ်ယောက်တည်း အသုံးပြုနိုင်ခဲ့ပြီး ဒုတိယတစ်ယောက်ကတော့ ၇၁ ရက်သာအချိန်ယူကာ အသုံးပြုနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါနည်းပညာကို တီထွင်ပြုလုပ်ခဲ့တဲ့ သိပ္ပံပညာရှင်အဖွဲ့ဟာ အကြောတွေဆိုင်းနေပြီး ကောင်းမွန်စွာလှုပ်ရှားမှု မပြုလုပ်နိုင်တဲ့ ရောဂါဝေဒနာရှင်တွေနဲ့ ကိုယ်အင်္ဂါ ခြေလက်မသန်စွမ်းသူတွေအတွက်ကို ရည်မှန်းပြီး တီထွင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

- Advertisement -

Synchron ကုမ္ပဏီရဲ့ CEO ပရော်ဖက်ဆာ Thomas Oxley က အဆိုပါနည်းပညာဟာ အနာဂါတ်မှာ အသုံးပြုသူတွေကို ဘယ်လိုမျိုးအကျိုးပြုနိုင်မလဲဆိုတာကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ “အခုလက်ရှိမှာတော့ အကြောတွေဆိုင်းပြီး ကောင်းမွန်စွာလှုပ်ရှားမှုမပြုလုပ်နိုင်တော့တဲ့ ဝေဒနာရှင်တွေကို ကုသမှုပေးနိုင်မယ့် မော်တာစနစ်ကို တီထွင်လိုက်နိုင်ပါပြီ။ အဆိုပါစနစ်က ဦးနှောက်အတွင်းမှာရှိတဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုကို စေခိုင်းနိုင်တဲ့ အစိတ်အပိုင်းအချို့ကို ချိတ်ဆက်နိုင်ပြီဆိုတာနဲ့ အဆိုပါနည်းပညာဟာ ဦးနှောက်အတွင်းမှာရှိတဲ့ လှုပ်ရှားမှုစွမ်းရည်ကို ဘယ်လိုမျိုး တိုးမြင့်ပေးသွားမလဲဆိုတာကို မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်။”

ကွန်ပျူတာကို အန္တရာယ်ကင်းစွာ အမှားအယွင်းမရှိဘဲ ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် အချိန်ယူပြီး စမ်းသပ်မှုတွေအများအပြား ပြုလုပ်ရပါဦးမယ်လို့ သုတေသနပညာရှင်တွေကို သတိပေးပြောဆိုထားပါသေးတယ်။ ဒါပေမယ့်လည်း ကွန်ပျူတာကိုအသုံးပြုဖို့အတွက် ကိုယ်လက်အင်္ဂါမသန်စွမ်းတဲ့သူတွေကို ကမ္ဘာကြီးနဲ့အဆက်မပြတ်စေဖို့အတွက် အခုချိန်မှာတော့ ကွန်ပျူတာကို ဦးနှောက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ပြီမို့ အဆိုပါနည်းပညာဟာ ချို့တဲ့သူတွေကို အထူးအကျိုးပြုနိုင်လာမယ့် နည်းပညာတစ်ခုဖြစ်တယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရပါဘူး။

<Unicode Version>

 

 

ကြန္ပ်ဴတာနဲ႔ လူသားဦးေႏွာက္ကို ခ်ိတ္ဆက္အသံုးျပဳႏိုင္မယ့္ နည္းပညာအသစ္။

ယေန႕အခ်ိန္အခါမွာေတာ့ နည္းပညာရဲ႕တိုးတက္မႈဟာ မ်က္စိတစ္မွိတ္အတြင္းမွာတင္ ေၾကာက္စရာေကာင္းေလာက္ေအာင္ တိုးတက္ျမင့္မားလ်က္ရွိပါတယ္။ Melbourne တကၠသိုလ္မွ သိပၸံသုေတသနပညာရွင္ေတြဟာ လူသားေတြရဲ႕ဦးေခါင္းခြံအျပင္ဘက္ရွိ ဦးေႏွာက္ေသြးေၾကာေတြကို Windows 10 နဲ႔ ခ်ိတ္ဆက္အသံုးျပဳႏိုင္ဖို႔အတြက္ ေလ့လာစမ္းသပ္မႈေတြ ျပဳလုပ္ခ့ဲၾကပါတယ္။

- Advertisement -

၂၀၁၆ ခုႏွစ္မွာလည္း ဦးေခါင္းခြံမွာရွိတဲ့ ေသြးျပန္ေၾကာေတြကို ဝိုင္ယာႀကိဳးနဲ႔ခ်ိတ္ဆက္ၿပီး ပို႔ေဆာင္လိုတဲ့ အခ်က္အလက္ေတြကို ဦးေႏွာက္ထဲက အစိတ္အပိုင္းတစ္ခုျဖစ္တဲ့ “Primary Cortex” ဆီ သယ္ေဆာင္သြားၿပီးေနာက္ ဦးေႏွာက္ရဲ႕အခ်က္ျပစနစ္နဲ႔ ကြန္ပ်ဴတာစနစ္ရဲ႕ ခ်ိတ္ဆက္ႏိုင္စြမ္းကို စမ္းသပ္ေလ့လာခဲ့ၾကပါတယ္။ အဆိုပါသီအိုရီကို အခုခ်ိန္မွာေတာ့ လက္ေတြ႕ေအာင္ျမင္စြာ အသံုးျပဳႏိုင္ခဲ့ပါၿပီ။

လူတစ္ဦးတစ္ေယာက္က ဦးေႏွာက္နဲ႔ကြန္ပ်ဴတာကို ခ်ိတ္ဆက္အသံုးျပဳႏိုင္ဖို႔အတြက္ အျမင္အာ႐ံုေျခရာခံစနစ္ကို အကူယူထားရပါမယ္။ သုေတသနျပဳ ေလ့လာသူေတြက နည္းပညာအသစ္ကို စမ္းသပ္အသံုးျပဳလိုသူေတြအတြက္ မွန္ကန္တိက်တဲ့ ၫႊန္ၾကားမႈေတြကို သင္ၾကားေပးၿပီး အသံုးျပဳခြင့္ေပးခဲ့ၾကပါတယ္။ ေလ့လာစမ္းသပ္သူေတြအေနနဲ႕ သင္ၾကားျခင္းအကူေလ့က်င့္ခန္းကို “Electrovorticography” အမည္ရွိ အခ်က္ျပစနစ္ ႀကိဳးမဲ့သြင္းေျပာင္းမႈနဲ႔ ခ်ိတ္ဆက္ကာ စမ္းသပ္အသံုးျပဳႏိုင္ခဲ့ၾကပါတယ္။

အဆိုပါ အခ်က္ျပစနစ္ဟာ မ်က္ႏွာျပင္အက်ယ္ခ်ဲ႕ျခင္း လက္ဝဲဘက္ခလုတ္ႏွိပ္ ေစခိုင္းမႈေတြျဖစ္တဲ့ Mouse အသံုးျပဳ ထိန္းခ်ဳပ္လႈပ္ရွားမႈေတြနဲ႔ ဆက္ႏြယ္ေနပါတယ္။ အျမင္အာ႐ံုေျခရာခံစနစ္က ကြန္ပ်ဴတာဖန္သားျပင္ေပၚက အၫႊန္းျမားကို ေရြ႕လ်ားရာမွာ အေထာက္အကူျဖစ္ေစၿပီး Window 10 နဲ႔ ခ်ိတ္ဆက္လုပ္ေဆာင္မႈဟာ ေန႔စဥ္ေနထိုင္မႈဘဝမွာ အသံုးျပဳေနရတဲ့ကိရိယာေတြကို ထိန္းခ်ဳပ္အသံုးျပဳႏိုင္စြမ္းကို ရရွိေစမွာျဖစ္ပါတယ္။

နည္းပညာစမ္းသပ္အသံုးျပဳရာမွာ ပါဝင္ေဆာင္ရြက္ေပးခဲ့တဲ့ ပထမဦးဆံုးေသာ အသံုးျပဳသူဟာ ၈၆ ရက္အတြင္းမွာ အျခားသူတစ္ေယာက္ရဲ႕ အကူအညီမပါဘဲ နည္းပညာကို တစ္ေယာက္တည္း အသံုးျပဳႏိုင္ခဲ့ၿပီး ဒုတိယတစ္ေယာက္ကေတာ့ ၇၁ ရက္သာအခ်ိန္ယူကာ အသံုးျပဳႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ အဆိုပါနည္းပညာကို တီထြင္ျပဳလုပ္ခဲ့တဲ့ သိပၸံပညာရွင္အဖြဲ႔ဟာ အေၾကာေတြဆိုင္းေနၿပီး ေကာင္းမြန္စြာလႈပ္ရွားမႈ မျပဳလုပ္ႏိုင္တဲ့ ေရာဂါေဝဒနာရွင္ေတြနဲ႔ ကိုယ္အဂၤါ ေျခလက္မသန္စြမ္းသူေတြအတြက္ကို ရည္မွန္းၿပီး တီထြင္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။

Synchron ကုမၸဏီရဲ႕ CEO ပေရာ္ဖက္ဆာ Thomas Oxley က အဆိုပါနည္းပညာဟာ အနာဂါတ္မွာ အသံုးျပဳသူေတြကို ဘယ္လိုမ်ိဳးအက်ိဳးျပဳႏိုင္မလဲဆိုတာကို အေသးစိတ္ရွင္းျပခဲ့ပါတယ္။ “အခုလက္ရွိမွာေတာ့ အေၾကာေတြဆိုင္းၿပီး ေကာင္းမြန္စြာလႈပ္ရွားမႈမျပဳလုပ္ႏိုင္ေတာ့တဲ့ ေဝဒနာရွင္ေတြကို ကုသမႈေပးႏိုင္မယ့္ ေမာ္တာစနစ္ကို တီထြင္လိုက္ႏိုင္ပါၿပီ။ အဆိုပါစနစ္က ဦးေႏွာက္အတြင္းမွာရွိတဲ့ ခႏၶာကိုယ္လႈပ္ရွားမႈကို ေစခိုင္းႏိုင္တဲ့ အစိတ္အပိုင္းအခ်ိဳ႕ကို ခ်ိတ္ဆက္ႏိုင္ၿပီဆိုတာနဲ႔ အဆိုပါနည္းပညာဟာ ဦးေႏွာက္အတြင္းမွာရွိတဲ့ လႈပ္ရွားမႈစြမ္းရည္ကို ဘယ္လိုမ်ိဳး တိုးျမင့္ေပးသြားမလဲဆိုတာကို ျမင္ေတြ႕ၾကရမွာပဲျဖစ္ပါတယ္။”

ကြန္ပ်ဴတာကို အႏၲရာယ္ကင္းစြာ အမွားအယြင္းမရွိဘဲ ဦးေႏွာက္နဲ႔ ခ်ိတ္ဆက္အသံုးျပဳႏိုင္ဖို႔အတြက္ အခ်ိန္ယူၿပီး စမ္းသပ္မႈေတြအမ်ားအျပား ျပဳလုပ္ရပါဦးမယ္လို႔ သုေတသနပညာရွင္ေတြကို သတိေပးေျပာဆိုထားပါေသးတယ္။ ဒါေပမယ့္လည္း ကြန္ပ်ဴတာကိုအသံုးျပဳဖို႔အတြက္ ကိုယ္လက္အဂၤါမသန္စြမ္းတဲ့သူေတြကို ကမာၻႀကီးနဲ႔အဆက္မျပတ္ေစဖို႔အတြက္ အခုခ်ိန္မွာေတာ့ ကြန္ပ်ဴတာကို ဦးေႏွာက္နဲ႔ခ်ိတ္ဆက္ၿပီး အသံုးျပဳႏိုင္ၿပီမို႔ အဆိုပါနည္းပညာဟာ ခ်ိဳ႕တဲ့သူေတြကို အထူးအက်ိဳးျပဳႏိုင္လာမယ့္ နည္းပညာတစ္ခုျဖစ္တယ္ဆိုတာကိုေတာ့ ျငင္းပယ္လို႔မရပါဘူး။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

twenty + 4 =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...