ရေလမ်းခရီးနဲ့ပတ်သက်လာလျှင် လူကြီးသူမ တော်တော်များများက အလွန်အမင်းစိုးရိမ်တတ်ကြပြီး မြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်သမုဒ္ဒရာများရဲ့ မာယာများမှုအကြောင်းကို ယုံတမ်းစကားများ၊ ဒဏ္ဍာရီဆန်ဆန်ပုံပြင်များအဖြစ် အမြဲတမ်းလိုလို ကြားသိရစမြဲပါ။ တစ်ခါတရံ၌လည်း ပင်လယ်ကြီးကို မှီတင်းနေထိုင်ကြသည့် ဧရာမသတ္တဝါကြီးများရဲ့ အန္တရာယ်ကိုလည်း ထိတ်လန့်ရလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်အချို့က ကယ်လီဖိုးနီးယားဒေသရှိ Avila ကမ်းခြေ၌ Kayak လှေငယ်လေးတစ်စီးကို လှော်ခတ်နေသည့် လူနှစ်ယောက်ကို ဝေလငါးကြီးတစ်ကောင်က ရုတ်တရက် ဝါးမျိုရန်အထိ အန္တရာယ်ပြုခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့ပါတယ်။ Julie McSorley နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူ Liz Cottriel တို့ နှစ်ယောက်က ယခုကဲ့သို့ ထိတ်လန့်စရာဖြစ်ရပ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မ၍သာ အသက်ဘေးမှလွတ်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။
@californiamammabear Whale vs Kayakers in Avilla Beach. #Monstro #fyp #Avilla #scary #dontgeteaten
ဝေလငါးစောင့်ကြည့်သူများက ရိုက်ကူးထားသည့် အဆိုပါဗီဒီယို၌ သူငယ်ချင်းနှစ်ယောက် Kayak လှေလေးကို လှော်ခတ်နေစဉ် ဧရာမဝေလငါးကြီးက ရုတ်တရက်ရေထဲမှပေါ်ထွက်လာခဲ့ပြီး သူငယ်ချင်းနှစ်ယောက်လုံး လှေပေါ်မှရေထဲသို့ ပြုတ်ကျသွားခဲ့သလို လှေကလည်း ဝေလငါးရဲ့ ပါးစပ်ထဲရောက်လုနီးပါးအထိ ဖြစ်သွားခဲ့ပါတယ်။ Fox 26 သတင်းဌာနနဲ့တွေ့ဆုံရာ၌လည်း Liz က “ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမျိုးစဉ်းစားမိလဲဆိုတော့ ဝေလငါးကို ငါတွန်းထုတ်လိုက်မယ်၊ ငါသေတော့မယ်ဆိုပြီးတော့ပေါ့။ နောက်တော့ ရေထဲရောက်နေတာကို သတိထားမိခဲ့ပြီး အဲ့ဒါကပဲ ကျွန်မကို ကယ်တင်ခဲ့တာဖြစ်နိုင်ပါတယ်။” ဟု ပြန်ပြောင်း ပြောကြားသွားခဲ့ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ Liz တို့ သူငယ်ချင်းနှစ်ယောက် ရေထဲသို့ကျသွားပြီး ကားသော့ပျောက်သွားခြင်းကလွဲ၍ မည်သည့်ထိခိုက်ဒဏ်ရာမျှ ရရှိခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရပါတယ်။ ဒါ့အပြင် Liz က “ကျွန်မတို့ ကိုယ့်ကားဆီကို ပြန်လာပြီး အင်္ကျီကိုခါလိုက်တဲ့အချိန်မှာ အင်္ကျီထဲက ငါးသေးသေးလေးတွေ ထွက်လာခဲ့ပါတယ်။ ကျွန်မအရမ်းကိုအံ့သြသွားပြီး ဘယ်သူ့ကိုမှ ဒီလိုမျိုးမဖြစ်စေချင်ပါဘူး။” ဟု ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။
<Unicode Version>
Kayak ေလွငယ္ေလးတစ္စီးကို ဝါးမ်ိဳလုနီးပါးအထိ အႏၲရာယ္ျပဳခဲ့သည့္ ေဝလငါးတစ္ေကာင္ရဲ႕ ဗီဒီယို။
ေရလမ္းခရီးနဲ႔ပတ္သက္လာလၽွင္ လူႀကီးသူမ ေတာ္ေတာ္မ်ားမ်ားက အလြန္အမင္းစိုးရိမ္တတ္ၾကၿပီး ျမစ္ေခ်ာင္းအင္းအိုင္မ်ား၊ ပင္လယ္သမုဒၵရာမ်ားရဲ႕ မာယာမ်ားမႈအေၾကာင္းကို ယုံတမ္းစကားမ်ား၊ ဒ႑ာရီဆန္ဆန္ပုံျပင္မ်ားအျဖစ္ အျမဲတမ္းလိုလို ၾကားသိရစျမဲပါ။ တစ္ခါတရံ၌လည္း ပင္လယ္ႀကီးကို မွီတင္းေနထိုင္ၾကသည့္ ဧရာမသတၱဝါႀကီးမ်ားရဲ႕ အႏၲရာယ္ကိုလည္း ထိတ္လန္႔ရေလ့ရွိပါတယ္။
ၿပီးခဲ့တ့ဲရက္သတၱပတ္အခ်ိဳ႕က ကယ္လီဖိုးနီးယားေဒသရွိ Avila ကမ္းေျခ၌ Kayak ေလွငယ္ေလးတစ္စီးကို ေလွာ္ခတ္ေနသည့္ လူႏွစ္ေယာက္ကို ေဝလငါးႀကီးတစ္ေကာင္က ႐ုတ္တရက္ ဝါးမ်ိဳရန္အထိ အႏၲရာယ္ျပဳခဲ့ေၾကာင္း ဗီဒီယိုမွတ္တမ္းမ်ား ထြက္ေပၚလာခဲ့ပါတယ္။ Julie McSorley နဲ႔ ၎ရဲ့သူငယ္ခ်င္းျဖစ္သူ Liz Cottriel တို႔ ႏွစ္ေယာက္က ယခုကဲ့သို႔ ထိတ္လန္႔စရာျဖစ္ရပ္ကို ရင္ဆိုင္ၾကဳံေတြ႕ခဲ့ရၿပီး ကံေကာင္းေထာက္မ၍သာ အသက္ေဘးမွလြတ္ေျမာက္ခဲ့ျခင္းျဖစ္ပါတယ္။
@californiamammabear Whale vs Kayakers in Avilla Beach. #Monstro #fyp #Avilla #scary #dontgeteaten
ေဝလငါးေစာင့္ၾကည့္သူမ်ားက ရိုက္ကူးထားသည့္ အဆိုပါဗီဒီယို၌ သူငယ္ခ်င္းႏွစ္ေယာက္ Kayak ေလွေလးကို ေလွာ္ခတ္ေနစဥ္ ဧရာမေဝလငါးႀကီးက ႐ုတ္တရက္ေရထဲမွေပၚထြက္လာခဲ့ၿပီး သူငယ္ခ်င္းႏွစ္ေယာက္လုံး ေလွေပၚမွေရထဲသို႔ ျပဳတ္က်သြားခဲ့သလို ေလွကလည္း ေဝလငါးရဲ႕ ပါးစပ္ထဲေရာက္လုနီးပါးအထိ ျဖစ္သြားခဲ့ပါတယ္။ Fox 26 သတင္းဌာနနဲ႔ေတြ႕ဆုံရာ၌လည္း Liz က “ကိုယ့္ကိုယ္ကိုယ္ ဘယ္လိုမ်ိဳးစဥ္းစားမိလဲဆိုေတာ့ ေဝလငါးကို ငါတြန္းထုတ္လိုက္မယ္၊ ငါေသေတာ့မယ္ဆိုၿပီးေတာ့ေပါ့။ ေနာက္ေတာ့ ေရထဲေရာက္ေနတာကို သတိထားမိခဲ့ၿပီး အဲ့ဒါကပဲ ကၽြန္မကို ကယ္တင္ခဲ့တာျဖစ္နိုင္ပါတယ္။” ဟု ျပန္ေျပာင္း ေျပာၾကားသြားခဲ့ပါတယ္။
ကံေကာင္းေထာက္မစြာနဲ႔ပဲ Liz တို႔ သူငယ္ခ်င္းႏွစ္ေယာက္ ေရထဲသို႔က်သြားၿပီး ကားေသာ့ေပ်ာက္သြားျခင္းကလြဲ၍ မည္သည့္ထိခိုက္ဒဏ္ရာမၽွ ရရွိခဲ့ျခင္းမရွိခဲ့ေၾကာင္း သိရွိရပါတယ္။ ဒါ့အျပင္ Liz က “ကၽြန္မတို႔ ကိုယ့္ကားဆီကို ျပန္လာၿပီး အကႌ်ကိုခါလိုက္တဲ့အခ်ိန္မွာ အကႌ်ထဲက ငါးေသးေသးေလးေတြ ထြက္လာခဲ့ပါတယ္။ ကၽြန္မအရမ္းကိုအံ့ၾသသြားၿပီး ဘယ္သူ႔ကိုမွ ဒီလိုမ်ိဳးမျဖစ္ေစခ်င္ပါဘူး။” ဟု ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။
<Zawgyi Version>
#soshweanimal
#soshweforyourdailylife
#likeandshare