HomeLifeStyleထူးခြားဆန်းပြားသည့်ပုံစံဖြစ်အောင် ခန္ဓာကိုယ်ကိုပြုပြင်ခဲ့သည့်အမျိုးသား။

ထူးခြားဆန်းပြားသည့်ပုံစံဖြစ်အောင် ခန္ဓာကိုယ်ကိုပြုပြင်ခဲ့သည့်အမျိုးသား။

- Advertisement -

လူတိုင်းလူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိကြစမြဲပါ။ အချို့သောအားနည်းချက်တွေက ပေါ်လွင်ထင်ရှားတာမျိုး မဟုတ်ပေမယ့် အချို့သောအားနည်းချက်တွေကတော့ လူတွေကြားထဲမှာလည်း တော်တော်လေးကို ထင်ရှားနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီအားနည်းချက်တွေအပေါ်မှာ စိတ်မပျက်ဘဲ အရှိကိုအရှိတိုင်း မိမိစိတ်ကြိုက်အသက်ရှင်နေထိုင်နိုင်ဖို့က အရေးကြီးဆုံးပဲမဟုတ်ပါလား။

ဘရာဇီးနိုင်ငံက အသက် (၄၁) နှစ်အရွယ် Orc သည် ၄င်းရဲ့ထူးခြားဆန်းပြားသည့် သွားနဲ့လိုက်ဖက်ညီအောင် မျက်နှာကိုပြင်ဆင်ခဲ့ပြီး ထိုကဲ့သို့ပြင်ဆင်ခဲ့ခြင်းအတွက် ပေါင် (၄၀၀) အထိ အကုန်ကျခံခဲ့ကြောင်း သိရှိရပါတယ်။ ဘရာဇီးနဲ့ ပါရာဂွေးနှစ်နိုင်ငံနယ်စပ်ရှိ Iguatemi မြို့လေး၌ နေထိုင်သည့်အဆိုပါအမျိုးသားသည် သူ့ရဲ့ပထမဦးဆုံးတက်တူးကို အသက် (၁၅) နှစ်အရွယ်၌ ရေးထိုးခဲ့ပြီး အသက် (၃၅) နှစ်ပြည့်မြောက်ချိန်၌မူ ၄င်းထံရှိနေသည့်သွားဖြင့်လိုက်ဖက်အောင် မျက်နှာကိုတက်တူးဖြင့် အနုပညာဆန်ဆန် ရေးထိုးခြယ်သခဲ့ခြင်း ဖြစ်ပါတယ်။

သူ့ရဲ့သွင်ပြင်နဲ့ပတ်သက်၍လည်း Orc က “ကျွန်တော်က ကိုယ့်ကိုယ်ကိုယ်ပဲ အကောင်းဆုံးဖြစ်အောင် ကြိုးစားအသက်ရှင်ပါတယ်။ အခုဒီတက်တူးတွေကလည်း ကျွန်တော့်စိတ်ကူးတွေပဲဖြစ်ပြီး နှလုံးသားထဲကလာတဲ့ လှုံ့ဆော်မှုတွေပါ။ ကျွန်တော့်ကို ဘယ်သူကမှမြောက်ပေးခဲ့တာမျိုးမရှိပါဘူး။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ Orc သည် သူ့ရဲ့မျက်လုံးအိမ်အပေါ်၌ တက်တူးရေးထိုးခဲ့သလို လျှာ၌အပေါက် (၈) ပေါက်အထိဖောက်ခဲ့ပါတယ်။ Orc ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ပတ်သက်၍ ဆိုရှယ်မီဒီယာအသုံးပြုသူများက မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပေမယ့် အများစုမှာမူ အပေါင်းလက္ခဏာဆောင်သည့်မှတ်ချက်များဖြစ်ကြောင်း သိရှိရပါတယ်။

- Advertisement -

ဒါနဲ့ပတ်သက်ပြီးတော့လည်း Orc က ”သူတို့က ကျွန်တော့်ကို ရှေ့ဆက်လှမ်းဖို့ အများကြီး စိတ်ဓာတ်လှုံ့ဆော်ပေးခဲ့ပါတယ်။ မကောင်းတဲ့လူတစ်ချို့ကတော့ နေရာတိုင်းမှာရှိနေစမြဲပါ။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို ဘယ်လိုမှမတုန်လှုပ်စေခဲ့ပါဘူး။” ဟု ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့လုပ်ရပ်နဲ့ ပတ်သက်၍ မိဘနှစ်ပါးအကြား အမြင်ကွဲပြားလျက်ရှိသည့်အကြောင်းနဲ့ပတ်သက်၍လည်း Orc က “အမေကတော့ ဒါကိုမကြိုက်ပေမယ့် အဖေကတော့ သဘောကျပါတယ်။” ဟုပြောကြားခဲ့ပါတယ်။

- Advertisement -

ဒါပေမယ့် မည်သည့်အရာကမှ Orc ကို ရပ်တန့်နိုင်ခဲ့ခြင်းမရှိဘဲ Orc က “အသက်ရှင်ပါ။ ပျော်ပျော်နေပါ။ ခရီးတွေထွက်ပါ။ ချစ်လည်းချစ်တတ်ပါစေ။ ကိုယ်ကြိုက်တာကိုယ်လုပ်ပါ။ ဘဝမှာအသက်ရှင်ရတာ အရမ်းမြန်ဆန်ပြီး သေခြင်းတရားကလက်တစ်ကမ်းအကွာမှာပါ။” ဟုလည်း ပြောကြားခဲ့ပါတယ်။ Orc ရဲ့ ယခုလုပ်ရပ်က အပေါင်းလက္ခဏာဆောင်သည့်မှတ်ချက်အများအပြားကို ရရှိစေခဲ့ပေမယ့် Orc အတိုင်း ပုံစံတူ လိုက်လံပြင်ဆင်ခဲ့ဖူးသည့် အသက် (၃၅) နှစ်အရွယ် အမျိုးသားတစ်ယောက်မှာမူ ၎င်းရဲ့အလုပ်အကိုင်ရာထူးကို ဆုံးရှုံးခဲ့ရကြောင်း သိရှိရပါတယ်။ ပြင်သစ်နိုင်ငံမှ Sylvain Helaine ဆိုသည့် အမျိုးသားတစ်ဦးသည် မူကြိုကျောင်းဆရာတစ်ဦးအဖြစ် အသက်မွေးသူပင်ဖြစ်လင့်ကစား တက်တူးထိုးခြင်းကို နှစ်သက်ခုံမင်ခဲ့ပြီး ၎င်းရဲ့မျက်နှာပေါ်ရှိ တက်တူးများကြောင့် မူကြိုကျောင်းဆရာအလုပ်ကို စွန့်လွှတ်ခဲ့ရကြောင်း သိရှိရပါတယ်။

<Unicode Version>

 

 

ထူးျခားဆန္းျပားသည့္ပုံစံျဖစ္ေအာင္ ခႏၶာကိုယ္ကိုျပဳျပင္ခ့ဲသည့္ အမ်ိဳးသား။

လူတိုင္းလူတိုင္းမွာ အားနည္းခ်က္ကိုယ္စီရွိၾကစျမဲပါ။ အခ်ိဳ႕ေသာအားနည္းခ်က္ေတြက ေပၚလြင္ထင္ရွားတာမ်ိဳး မဟုတ္ေပမယ့္ အခ်ိဳ႕ေသာ အားနည္းခ်က္ေတြကေတာ့ လူေတြၾကားထဲမွာလည္း ေတာ္ေတာ္ေလးကို ထင္ရွားေနတာမ်ိဳး ျဖစ္နိုင္ပါတယ္။ ဒါေပမယ့္ ဒီအားနည္းခ်က္ေတြအေပၚမွာ စိတ္မပ်က္ဘဲ အရွိကိုအရွိတိုင္း မိမိစိတ္ႀကိဳက္အသက္ရွင္ေနထိုင္နိုင္ဖို႔က အေရးႀကီးဆုံးပဲမဟုတ္ပါလား။

ဘရာဇီးနိုင္ငံက အသက္ (၄၁) ႏွစ္အရြယ္ Orc သည္ ၄င္းရဲ႕ထူးျခားဆန္းျပားသည့္ သြားနဲ႔လိုက္ဖက္ညီေအာင္ မ်က္ႏွာကိုျပင္ဆင္ခဲ့ၿပီး ထိုကဲ့သို႔ ျပင္ဆင္ခဲ့ျခင္းအတြက္ ေပါင္ (၄၀၀) အထိ အကုန္က်ခံခဲ့ေၾကာင္း သိရွိရပါတယ္။ ဘရာဇီးနဲ႔ ပါရာေဂြးႏွစ္နိုင္ငံနယ္စပ္ရွိ Iguatemi ၿမိဳ႕ေလး၌ ေနထိုင္သည့္ အဆိုပါအမ်ိဳးသားသည္ သူ႕ရဲ႕ပထမဦးဆုံးတက္တူးကို အသက္ (၁၅) ႏွစ္အရြယ္၌ ေရးထိုးခဲ့ၿပီး အသက္ (၃၅) ႏွစ္ျပည့္ေျမာက္ခ်ိန္၌မူ ၄င္းထံရွိေနသည့္သြားျဖင့္ လိုက္ဖက္ေအာင္ မ်က္ႏွာကိုတက္တူးျဖင့္ အႏုပညာဆန္ဆန္ ေရးထိုးျခယ္သခဲ့ျခင္း ျဖစ္ပါတယ္။

- Advertisement -

သူ႕ရဲ႕သြင္ျပင္နဲ႔ပတ္သက္၍လည္း Orc က “ကၽြန္ေတာ္က ကိုယ့္ကိုယ္ကိုယ္ပဲ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားအသက္ရွင္ပါတယ္။ အခုဒီတက္တူးေတြကလည္း ကၽြန္ေတာ့္စိတ္ကူးေတြပဲျဖစ္ၿပီး ႏွလုံးသားထဲကလာတဲ့ လႈံ႕ေဆာ္မႈေတြပါ။ ကၽြန္ေတာ့္ကို ဘယ္သူကမွေျမာက္ေပးခဲ့တာမ်ိဳးမရွိပါဘူး။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ Orc သည္ သူ႕ရဲ႕မ်က္လုံးအိမ္အေပၚ၌ တက္တူးေရးထိုးခဲ့သလို လၽွာ၌အေပါက္ (၈) ေပါက္အထိေဖာက္ခဲ့ပါတယ္။ Orc ရဲ့ ႐ုပ္ရည္သြင္ျပင္နဲ႔ပတ္သက္၍ ဆိုရွယ္မီဒီယာအသုံးျပဳသူမ်ားက မွတ္ခ်က္အမ်ိဳးမ်ိဳးေပးခဲ့ၾကေပမယ့္ အမ်ားစုမွာမူ အေပါင္းလကၡဏာေဆာင္သည့္မွတ္ခ်က္မ်ားျဖစ္ေၾကာင္း သိရွိရပါတယ္။

ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္း Orc က ”သူတို႔က ကၽြန္ေတာ့္ကို ေရွ႕ဆက္လွမ္းဖို႔ အမ်ားႀကီး စိတ္ဓာတ္လႈံ႕ေဆာ္ေပးခဲ့ပါတယ္။ မေကာင္းတဲ့လူတစ္ခ်ိဳ႕ကေတာ့ ေနရာတိုင္းမွာရွိေနစျမဲပါ။ ဒါေပမယ့္ သူတို႔က ကၽြန္ေတာ့္ကို ဘယ္လိုမွမတုန္လႈပ္ေစခဲ့ပါဘူး။” ဟု ဖြင့္ဟေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ သူ႕လုပ္ရပ္နဲ႔ ပတ္သက္၍ မိဘႏွစ္ပါးအၾကား အျမင္ကြဲျပားလ်က္ရွိသည့္အေၾကာင္းနဲ႔ပတ္သက္၍လည္း Orc က “အေမကေတာ့ ဒါကိုမႀကိဳက္ေပမယ့္ အေဖကေတာ့ သေဘာက်ပါတယ္။” ဟုေျပာၾကားခဲ့ပါတယ္။

ဒါေပမယ့္ မည္သည့္အရာကမွ Orc ကို ရပ္တန္႔နိုင္ခဲ့ျခင္းမရွိဘဲ Orc က “အသက္ရွင္ပါ။ ေပ်ာ္ေပ်ာ္ေနပါ။ ခရီးေတြထြက္ပါ။ ခ်စ္လည္းခ်စ္တတ္ပါေစ။ ကိုယ္ႀကိဳက္တာကိုယ္လုပ္ပါ။ ဘဝမွာအသက္ရွင္ရတာ အရမ္းျမန္ဆန္ၿပီး ေသျခင္းတရားကလက္တစ္ကမ္းအကြာမွာပါ။” ဟုလည္း ေျပာၾကားခဲ့ပါတယ္။ Orc ရဲ႕ ယခုလုပ္ရပ္က အေပါင္းလကၡဏာေဆာင္သည့္မွတ္ခ်က္အမ်ားအျပားကို ရရွိေစခဲ့ေပမယ့္ Orc အတိုင္း ပုံစံတူ လိုက္လံျပင္ဆင္ခဲ့ဖူးသည့္ အသက္ (၃၅) ႏွစ္အရြယ္ အမ်ိဳးသားတစ္ေယာက္မွာမူ ၎ရဲ့အလုပ္အကိုင္ရာထူးကို ဆုံးရႈံးခဲ့ရေၾကာင္း သိရွိရပါတယ္။ ျပင္သစ္နိုင္ငံမွ Sylvain Helaine ဆိုသည့္ အမ်ိဳးသားတစ္ဦးသည္ မူႀကိဳေက်ာင္းဆရာတစ္ဦးအျဖစ္ အသက္ေမြးသူပင္ျဖစ္လင့္ကစား တက္တူးထိုးျခင္းကို ႏွစ္သက္ခုံမင္ခဲ့ၿပီး ၎ရဲ့မ်က္ႏွာေပၚရွိ တက္တူးမ်ားေၾကာင့္ မူႀကိဳေက်ာင္းဆရာအလုပ္ကို စြန္႔လႊတ္ခဲ့ရေၾကာင္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

5 × three =

Must Read

တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။

UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...