HomeOtherAnimalsဧရာမမိကျောင်းကြီးတစ်ကောင်ကို အချိန်ကိုက်စောင့်ဖမ်းခဲ့သည့် အမျိုးသားတစ်ဦး။
ဧရာမမိကျောင်းကြီးတစ်ကောင်ကို အချိန်ကိုက်စောင့်ဖမ်းခဲ့သည့် အမျိုးသားတစ်ဦး။
- Advertisement -
တိရစ္ဆာန်နဲ့ လူသားများအကြား ဆက်နွယ်မှုများက အင်မတန်မှအံ့အားသင့်ဖွယ်ကောင်းပြီး ဂေဟစနစ်အရ တိရစ္ဆာန်များက လူသားများကို အကျိုးပြုနိုင်ခြင်းကြောင့် သဘာဝအတိုင်းနေထိုင်သော တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမပြုရန် တားမြစ်ချက်များရှိနေပေမယ့် အချို့မှာမူ သဘာဝသားရဲတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်နေကြဆဲ ဖြစ်ပါတယ်။
လက်ရှိအချိန်၌လည်း ဖလော်ရီဒါပြည်နယ်၌နေထိုင်သည့်အမျိုးသားတစ်ဦးသည် သူ့အားတစ်ချိန်လုံး လိုက်လံအနှောင့်အယှက်ပေးနေခဲ့သည့် မိကျောင်းတစ်ကောင်ကို ဖမ်းဆီးခဲ့ကြောင်း သိရှိရပါတယ်။ Corey Capps ဟုအမည်ရသည့် အဆိုပါတံငါသည်က “ဒီကောင့်ကို ကျွန်တော်စောင့်ဖမ်းနေတာ (၂) လလောက်ရှိပါပြီ။ သူက ကျွန်တော့်ကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေခဲ့တာပါ။” ဟု ပြောကြားခဲ့ပါတယ်။ Capps ဟုအမည်ရသည့် တံငါသည်ဟာ အဆိုပါမိကျောင်းကို ဖမ်းဆီးရရှိရန်အတွက် (၃) လခန့် အချိန်ယူခဲ့ရပြီး ယခုလအတွင်း Apalachicola မြစ်အတွင်း သဲသောင်ပြင်တစ်ခုပေါ်၌ရှိနေသည့် အဆိုပါမိကျောင်းကို တွေ့ရှိခဲ့သည့်နောက် သူငယ်ချင်းဖြစ်သူ Rodney Smith ကို အကြောင်းကြားခဲ့ပါတယ်။
အဆိုပါ Rodney Smith ဆိုသူသည် အမေရိကန်နိုင်ငံ၌ မိကျောင်းများကို တရားဝင်ဖမ်းဆီးခွင့်ရရှိထားပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့၌ Capps နဲ့ ၎င်းရဲ့သူငယ်ချင်းဖြစ်သူတို့က အဆိုပါမိကျောင်းကို ဖမ်းဆီးရရှိခဲ့ပါတယ်။ အဆိုပါမိကျောင်းသည် (၁၂) ပေရှည်လျားပြီး Capps က “ကျွန်တော်တို့ ဒီကောင်ကြီးကို ဖမ်းဆီးဖို့ပြင်ဆင်ခဲ့ပေမယ့် သူဒီလောက်အထိ အရွယ်အစားကြီးမားမယ်လို့ သတိမထားမိခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒီကောင်ကြီးကို သဲသောင်ပြင်ပေါ်ကနေဆွဲထုတ်လိုက်တဲ့အချိန်မှာတော့ သူက ထင်ထားသလောက် မကြီးမားတော့ပါဘူး။” ဟုပြောကြားခဲ့ပါတယ်။
- Advertisement -
အဆိုပါမိကျောင်းကို ခေါင်းမှစတင်တိုင်းထွာလိုက်ပါက (၁၃) ပေအထိ ရှည်လျားပြီး အကျယ်အားဖြင့် (၁၆) လက်မအထိ ကျယ်ဝန်းပါတယ်။ ဒါ့အပြင် အလေးချိန်အားဖြင့်လည်း (၁.၀၀၈) ပေါင်အထိ ရှိပြီး Capps က “ကျွန်တော်တို့ မြင်ဖူးသမျှထဲမှာ ဒီကောင်ကြီးက အကြီးမားဆုံးမိကျောင်းပါ။ ကျွန်တော်တို့ သူ့ကိုဖမ်းမိဖို့ (၃) နာရီခွဲလောက် ကြိုးစားခဲ့ရပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် Capps တို့ ယခုဖမ်းမိခဲ့သည့်မိကျောင်းက ဖလော်ရီဒါဒေသအတွင်း အကြီးမားဆုံးမိကျောင်းမဟုတ်ဘဲ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း အကြီးမားဆုံးဖမ်းဆီးရရှိခဲ့သည့် မိကျောင်းက (၁၄) ပေရှည်လျားပြီး (၃.၅) လက်မ နဲ့ အလေးချိန်အားဖြင့် (၁,၀၄၃) ပေါင်အထိရှိကြောင်းလည်း သိရှိရပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
<Zawgyi Version>
#soshweanimal
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
five × 3 =
Must Read
တပတ် (၃) ရက်သာဖွင့်ရန် ပြင်ဆင်နေတဲ့ UK ကျောင်းများ။
UK နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများဟာ ကျောင်းဆရာများရဲ့လစာနဲ့ စွမ်းအင်ကုန်ကျစရိတ်များ မြင့်တက်နေသောကြောင့် ဆောင်းဦးရာသီမှာ သုံးရက်ကြာ သီတင်းပတ်သို့ ပြောင်းရွှေ့ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ ကုန်ကျစရိတ်တွေဟာ ခွင့်ပြုထားတဲ့ဘက်ဂျက်ထက် ပိုမိုများပြားလာပြီး စက်တင်ဘာလမှာ ချီးမြှင့်မယ့် ဆရာ၊ ဆရာမများရဲ့ လစာတိုးမြှင့်မှုနှင့်အတူ ဖိအားများ ထပ်မံတိုးလာမှာလည်း ဖြစ်ပါတယ်။ စွမ်းအင်ကုန်ကျစရိတ်ဟာလည်း ၃၀၀...