HomeLifeStyleကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

ကြင်ယာဖက်ရဲ့ ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ ဆွေမျိုး ၂၃ ယောက်ကို စားသောက်ဆိုင် ခေါ်ဆောင်သွားတဲ့ အမျိုးသမီးရဲ့အဖြစ်။

- Advertisement -

တရုတ်နိုင်ငံ Zhejiang ဒေသမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးဟာ “Blind Date” လို့ခေါ်တဲ့ တစ်ခါမှမတွေ့ဖူးတဲ့ ကြင်ယာဖက်နဲ့ တွေ့ဆုံမယ့် စားသောက်ဆိုင်သို့ ဆွေမျိုး ၂၃ ယောက်လုံးကို တွေ့ဆုံဖက်အမျိုးသားရဲ့ ရက်ရောမှုကို စမ်းသပ်လိုတာကြောင့် ခေါ်ဆောင်သွားခဲ့ပါတယ်။ များသောအားဖြင့် ကြင်ယာဖက်တွေ့ဆုံပွဲတွေမှာ အမျိုးသားတွေက ကုန်ကျစရိတ်ကို ပေးချေလေ့ရှိတဲ့အတွက်ကြောင့် အမျိုးသမီးလေးက သူမရဲ့ဆွေမျိုးတွေကို တစ်ပါတည်း ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါတွေ့ဆုံပွဲ၌ တွေ့ဆုံဖက်နှစ်ဦးရဲ့ စားသောက်စရိတ်အပြင် အမျိုးသမီးရဲ့ ဆွေမျိုးတွေ စားသောက်ခဲ့ခြင်းကြောင့် တရုတ်ငွေ ယွမ် ၁၉,၈၀၀ ကျသင့်ခဲ့ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ တွက်မယ်ဆိုရင်တော့ ဒေါ်လာ ၂,၉၄၇ ကျပ် ကျသင့်ပြီး အမျိုးသမီးရဲ့ ဆွေမျိုးတွေဟာ စားသောက်စရာတွေအပြင် ဆေးလိပ်တွေနဲ့ ယမကာတွေကိုပါ စိတ်ကြိုက်မှာယူ သုံးဆောင်ခဲ့တာပဲဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အမျိုးသမီးရဲ့ တွေ့ဆုံဖက် Mr Liu က ကျသင့်ငွေကို ကြည့်ပြီးတဲ့အခါမှာတော့ စားသောက်ဆိုင်ကနေ ထွက်ခွာသွားခဲ့ပြီး သူ့ရဲ့ဖုန်းကိုလည်း ပိတ်ထားလိုက်ပါတော့တယ်။

Mr Liu က အမျိုးသမီးနဲ့အတူ စားသောက်ထားတဲ့ ကျသင့်ငွေကိုသာပေးချေခဲ့ပြီး အမျိုးသမီးငယ်လေးရဲ့ ဆွေမျိုးတွေစားသောက်ထားတဲ့စရိတ်ကို ရှင်းပေးခဲ့ခြင်းမရှိတဲ့အတွက် အမျိုးသမီးလေးအနေနဲ့ သူမရဲ့ဆွေမျိုးတွေ စားသောက်ခဲ့တဲ့ကုန်ကျစရိတ်ကို ရှင်းပေးရတော့မယ့် အခြေအနေကို ရောက်ရှိခဲ့ပါတယ်။ အမျိုးသမီးလေးက ဆွေမျိုးတွေ စားသောက်ထားသမျှကို သူမရဲ့တွေ့ဆုံဖက်က ရှင်းပေးမယ်လို့ ပြောကြားခဲ့တာကြောင့် ရှင်းပေးဖို့ကျန်နေတဲ့ ကျသင့်ငွေကို ပေးချေဖို့ဟာ အမျိုးသမီးလေးရဲ့ တာဝန်ဖြစ်လာခဲ့ပါတယ်။

- Advertisement -

အမျိုးသမီးလေးက သူမရဲ့ဆွေမျိုးတွေဆီကို အောက်ပါစာတိုတစ်စောင် ပေးပို့ခဲ့ပါတယ်။ အဆိုပါ စာတိုထဲမှာတော့ “အားလုံးပဲ မင်္ဂလာပါ။ ကျွန်မရဲ့ ကြင်ဖော်တွေ့ဆုံပွဲကို တက်ရောက်ပေးခဲ့တာအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတွေ့ဆုံရမယ့် အမျိုးသားကို မတွေ့ဆုံခင်ကတည်းက တွေ့ဆုံပွဲမှာ ကျသင့်သမျှစရိတ်ကို အဆိုပါအမျိုးသားက ပေးချေမယ်လို့ သဘောတူထားခဲ့ကြပါတယ်။ တွေ့ဆုံပွဲအတွင်းမှာတော့ တစ်စုံတစ်ယောက်က ကျွန်မရဲ့ တွေ့ဆုံဖက်အမျိုးသားဟာ ချမ်းသာတယ်လို့ဆိုခဲ့ပြီး သူ့ရဲ့ရက်ရောမှုကို စမ်းသပ်တဲ့အနေနဲ့ အစားအသောက်တွေကို မှာယူစားသောက်ခဲ့ကြပါတယ်။ တကယ်အခက်တွေ့ခဲ့တာကတော့ ကျွန်မပါ။ ဆွေမျိုးတွေစားသောက်ထားသမျှ ကျသင့်ငွေဟာ ကျွန်မပေးနိုင်တဲ့ ပမာဏထက်ကို ကျော်သွားခဲ့ပါတယ်။ ဘယ်သူတွေက ဆေးလိပ်တွေနဲ့ အရက်တွေကိုမှာယူခဲ့သလဲဆိုတာကို မသိပေမယ့် ကျသင့်စရိတ်ကို အားလုံးက မျှဝေပေးချေပေးဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး စာပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။

<Unicode Version>

- Advertisement -

 

 

ၾကင္ယာဖက္ရဲ႕ ရက္ေရာမႈကို စမ္းသပ္တဲ့အေနနဲ႔ ေဆြမ်ိဳး ၂၃ ေယာက္ကို စားေသာက္ဆိုင္ ေခၚေဆာင္သြားတ့ဲ အမ်ိဳးသမီးရဲ႕အျဖစ္။

တ႐ုတ္ႏိုင္ငံ Zhejiang ေဒသမွ အမည္မေဖာ္လိုသူ အမ်ိဳးသမီးတစ္ဦးဟာ “Blind Date” လို႔ေခၚတဲ့ တစ္ခါမွမေတြ႕ဖူးတဲ့ ၾကင္ယာဖက္နဲ႕ ေတြ႕ဆံုမယ့္ စားေသာက္ဆိုင္သို႕ ေဆြမ်ိဳး ၂၃ ေယာက္လံုးကို ေတြ႕ဆံုဖက္အမ်ိဳးသားရဲ႕ ရက္ေရာမႈကို စမ္းသပ္လိုတာေၾကာင့္ ေခၚေဆာင္သြားခ့ဲပါတယ္။ မ်ားေသာအားျဖင့္ ၾကင္ယာဖက္ေတြ႕ဆံုပြဲေတြမွာ အမ်ိဳးသားေတြက ကုန္က်စရိတ္ကို ေပးေခ်ေလ့ရွိတ့ဲအတြက္ေၾကာင့္ အမ်ိဳးသမီးေလးက သူမရဲ႕ေဆြမ်ိဳးေတြကို တစ္ပါတည္း ေခၚသြားခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါေတြ႕ဆုံပြဲ၌ ေတြ႕ဆံုဖက္ႏွစ္ဦးရဲ႕ စားေသာက္စရိတ္အျပင္ အမ်ိဳးသမီးရဲ႕ ေဆြမ်ိဳးေတြ စားေသာက္ခဲ့ျခင္းေၾကာင့္ တ႐ုတ္ေငြ ယြမ္ ၁၉,၈၀၀ က်သင့္ခဲ့ပါတယ္။ အေမရိကန္ေဒၚလာနဲ႔ တြက္မယ္ဆိုရင္ေတာ့ ေဒၚလာ ၂,၉၄၇ က်ပ္ က်သင့္ၿပီး အမ်ိဳးသမီးရဲ႕ ေဆြမ်ိဳးေတြဟာ စားေသာက္စရာေတြအျပင္ ေဆးလိပ္ေတြနဲ႔ ယမကာေတြကိုပါ စိတ္ႀကိဳက္မွာယူ သံုးေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ အမ်ိဳးသမီးရဲ႕ ေတြ႕ဆံုဖက္ Mr Liu က က်သင့္ေငြကို ၾကည့္ၿပီးတဲ့အခါမွာေတာ့ စားေသာက္ဆိုင္ကေန ထြက္ခြာသြားခဲ့ၿပီး သူ႕ရဲ႕ဖုန္းကိုလည္း ပိတ္ထားလိုက္ပါေတာ့တယ္။

Mr Liu က အမ်ိဳးသမီးနဲ႔အတူ စားေသာက္ထားတဲ့ က်သင့္ေငြကိုသာေပးေခ်ခဲ့ၿပီး အမ်ိဳးသမီးငယ္ေလးရဲ႕ ေဆြမ်ိဳးေတြစားေသာက္ထားတဲ့စရိတ္ကို ရွင္းေပးခ့ဲျခင္းမရွိတ့ဲအတြက္ အမ်ိဳးသမီးေလးအေနနဲ႕ သူမရဲ႕ေဆြမ်ိဳးေတြ စားေသာက္ခဲ့တဲ့ကုန္က်စရိတ္ကို ရွင္းေပးရေတာ့မယ့္ အေျခအေနကို ေရာက္ရွိခဲ့ပါတယ္။ အမ်ိဳးသမီးေလးက ေဆြမ်ိဳးေတြ စားေသာက္ထားသမွ်ကို သူမရဲ႕ေတြ႕ဆံုဖက္က ရွင္းေပးမယ္လို႔ ေျပာၾကားခဲ့တာေၾကာင့္ ရွင္းေပးဖို႔က်န္ေနတဲ့ က်သင့္ေငြကို ေပးေခ်ဖို႔ဟာ အမ်ိဳးသမီးေလးရဲ႕ တာဝန္ျဖစ္လာခဲ့ပါတယ္။

အမ်ိဳးသမီးေလးက သူမရဲ႕ေဆြမ်ိဳးေတြဆီကို ေအာက္ပါစာတိုတစ္ေစာင္ ေပးပို႔ခဲ့ပါတယ္။ အဆိုပါ စာတိုထဲမွာေတာ့ “အားလံုးပဲ မဂၤလာပါ။ ကၽြန္မရဲ႕ ၾကင္ေဖာ္ေတြ႕ဆံုပြဲကို တက္ေရာက္ေပးခဲ့တာအတြက္ ေက်းဇူးတင္ပါတယ္။ ကၽြန္မေတြ႕ဆံုရမယ့္ အမ်ိဳးသားကို မေတြ႕ဆုံခင္ကတည္းက ေတြ႕ဆံုပြဲမွာ က်သင့္သမွ်စရိတ္ကို အဆိုပါအမ်ိဳးသားက ေပးေခ်မယ္လို႔ သေဘာတူထားခဲ့ၾကပါတယ္။ ေတြ႕ဆံုပြဲအတြင္းမွာေတာ့ တစ္စံုတစ္ေယာက္က ကၽြန္မရဲ႕ ေတြ႕ဆံုဖက္အမ်ိဳးသားဟာ ခ်မ္းသာတယ္လို႔ဆိုခဲ့ၿပီး သူ႕ရဲ႕ရက္ေရာမႈကို စမ္းသပ္တဲ့အေနနဲ႔ အစားအေသာက္ေတြကို မွာယူစားေသာက္ခဲ့ၾကပါတယ္။ တကယ္အခက္ေတြ႕ခဲ့တာကေတာ့ ကၽြန္မပါ။ ေဆြမ်ိဳးေတြစားေသာက္ထားသမွ် က်သင့္ေငြဟာ ကၽြန္မေပးႏိုင္တဲ့ ပမာဏထက္ကို ေက်ာ္သြားခဲ့ပါတယ္။ ဘယ္သူေတြက ေဆးလိပ္ေတြနဲ႔ အရက္ေတြကိုမွာယူခဲ့သလဲဆိုတာကို မသိေပမယ့္ က်သင့္စရိတ္ကို အားလံုးက မွ်ေဝေပးေခ်ေပးဖို႔ ေမွ်ာ္လင့္ပါတယ္။” ဆိုၿပီး စာေပးပို႕ခ့ဲျခင္းျဖစ္ပါတယ္။

- Advertisement -

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

19 + eleven =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...