HomeHealth & Beautyအိပ်နေရင်း ဟောက်တတ်သူတွေအတွက် ဟောက်တာကိုရပ်တန့်ပေးမယ့် ဆေးဝါးအသစ်။

အိပ်နေရင်း ဟောက်တတ်သူတွေအတွက် ဟောက်တာကိုရပ်တန့်ပေးမယ့် ဆေးဝါးအသစ်။

- Advertisement -

အိပ်ရင်းနဲ့ဟောက်တတ်သူတွေကြောင့် သူ့ရဲ့ဘေးမှာအိပ်တဲ့သူတွေက အိပ်ရေးပျက်ရတယ်ဆိုပေမယ့် အိပ်နေရင်းနဲ့ဟောက်တတ်တဲ့သူတွေကိုယ်တိုင်လည်း ဆေးကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်ကို ကြုံတွေ့ရနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အိပ်နေရင်းနဲ့ဟောက်ရာကနေ အသက်ရှူရပ်တန့်သွားတာမျိုး ဖြစ်ပေါ်တတ်တာကြောင့်ပါ။ အိပ်နေရင်းနဲ့ဘာကြောင့် ဟောက်သလဲ? ဆိုတဲ့ မေးခွန်းအတွက် အဖြေအများကြီးရှိပါတယ်။ ရောဂါအခံရှိတာကြောင့် ၊ ခန္ဓာကိုယ်ဝနေတာကြောင့် ဒါမှမဟုတ် ပြင်းထန်တဲ့စိတ်ဖိစီးမှုကို ခံစားနေရတာကြောင့် စတဲ့အကြောင်းအရင်းတွေပဲဖြစ်ပါတယ်။

တစ်နေ့မှာတစ်ကြိမ်သာသောက်ရတဲ့ အိပ်နေရင်းနဲ့ ဟောက်တတ်တာကို ပျောက်ကင်းစေမယ့် ဆေးဝါးတစ်မျိုးကို အမေရိကန်ပြည်ထောင်စုမှ သိပ္ပံပညာရှင်တွေက ထုတ်လုပ်လိုက်ပါတယ်။ ဆေးဝါးအသစ်ရဲ့ ကုဒ်နာမည်ကတော့ “AD109” ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီက “Apnimed” လို့ အမည်ပေးခဲ့ကာ အိပ်နေရင်းနဲ့ဟောက်ခြင်းကို ၇၄% အထိလျှော့ချပေးနိုင်တယ်လို့ သိရှိရပါတယ်။ Daily Mail သတင်းဌာနရဲ့ သတင်းပေးပို့ချက်အရ အဆိုပါဆေးဝါးထဲမှာ ဟောက်တာကို သက်သာစေတဲ့ ဆေးနှစ်မျိုးပေါင်းစပ်ပါဝင်ပြီး အခုဆိုရင်တော့ “Apnimed” တစ်မျိုးတည်းကို သောက်ရုံဖြင့် အိပ်နေရင်းနဲ့ ဟောက်တတ်တာကို ကုသနိုင်တော့မှာပဲဖြစ်ပါတယ်။

“Apnimed” ဆေးမှာပါဝင်တဲ့ ဆေးတစ်မျိုးကတော့ “Atomoxetine” ဆိုတဲ့ ADHD (Attention Deficit Hyperactivity Disorder – အာရုံစူးစိုက်မှုနည်းပြီး အရမ်းတက်ကြွလွန်းတဲ့ဝေဒနာ) ခံစားနေရတဲ့ ကလေးငယ်တွေကို ပေးလေ့ရှိတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ “Aromoxetine” ဟာ အာရုံစိုက်မှုကို တိုးတက်စေတဲ့ ဦးနှောက်ထဲမှာပါဝင်တဲ့ “Noradrenaline” ဓါတ်ကို ထုတ်ပေးပြီး “Noradrenaline” ဓါတ်ဟာ အသက်ရှူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပျော့ပျောင်းစေကာ အိပ်နေစဉ်အတွင်း အသက်ရှူခြင်း ရပ်တန့်သွားတာမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

- Advertisement -

ဒုတိယဆေးတစ်မျိုးကတော့ “Oxybutynin” ဖြစ်ပြီး ဆီးလမ်းကြောင်း ကြွက်သားတွေ ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့လူတွေကို ပေးတဲ့ဆေးဖြစ်ပါတယ်။ “Oxybutynin” ဆေးဟာ ဆီးအိမ်ကျုံ့ခြင်း ၊ ဆန့်ခြင်းကို ထိန်းချုပ်ပေးနိုင်တဲ့ ကြွက်သားတွေကို ကောင်းမွန်စေပြီး ခံတွင်းအတွင်းကလျှာကို နေရာမှန်မှာ ထားပေးနိုင်ကာ အသက်ရှူလမ်းကြောင်းရှိရာ လည်ချောင်းအပေါ်မှာ မပိတ်မိစေရန်အတွက် အထောက်အကူဖြစ်စေပါတယ်။

“Noradrenaline” နဲ့ “Oxybutynin” ဆေးနှစ်မျိုးကိုပေါင်းစပ်ပြီး သိပ္ပံပညာရှင်တွေ တီထွင်ထုတ်လုပ်ထားတဲ့ “Apnimed” ဆေးဟာ အိပ်နေရင်းနဲ့ ဟောက်တတ်သူတွေကို ညအိပ်တဲ့အခါမှာ မဟောက်တော့အောင် အထောက်အကူပြုပေးနိုင်မှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ သောက်သုံးသူတွေအတွက် ဘေးထွက်ဆိုးကျိုးရှိ/မရှိကို စမ်းသပ်မှုတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

- Advertisement -

“British Sleep Society” အဖွဲ့အစည်းမှ အိပ်စက်ခြင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Neil Stanley က Daily Mail နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ “ပညာရှင်တွေ ထုတ်လုပ်လိုက်တဲ့ ဆေးအသစ်ဟာ ဝေဒနာရှင်တွေကို အပြည့်အဝ အထောက်ကူပြုနိုင်မယ်ဆိုတာကိုတော့ အာမခံပါတယ်။ ဒါပေမယ့်လည်း အသုံးပြုသူလက်ထဲ မထည့်ပေးခင်မှာတော့ ထိရောက်မှုကို တိုင်းတာနိုင်ဖို့အတွက်နဲ့ ဘေးထွက်ဆိုးကျိုးရှိ/မရှိကို သိရှိနိုင်ဖို့ သုတေသနတွေ အထပ်ထပ်လုပ်ဖို့ လိုအပ်ပါတယ်။” လို့ မျှဝေပြောပြခဲ့ပါတယ်။

NHS အဖွဲ့အစည်းရဲ့ပြောကြားချက်အရ အိပ်နေရင်းနဲ့ဟောက်တယ်ဆိုတာဟာ သာမန်ဖြစ်စဉ်တစ်ခုဖြစ်ပေမယ့် အခြေအနေအပေါ်မူတည်ပြီးတော့ ကုသဖို့လိုအပ်တဲ့ အခြေအနေမျိုးဆိုရင် ကုသမှုခံယူသင့်ပါတယ်။ လူအများစုကတော့ နှာခေါင်းနဲ့ပါးစပ်ပေါ်မှာ ဖုံးအုပ်ထားတဲ့ မျက်နှာဖုံးပေါ်ကနေ လေကိုသွင်းပေးတဲ့ CPAP စက်ကို အသုံးပြုကြပြီး အချို့ကျတော့လည်း လည်ချောင်းအတွင်းက လေဝင်ပေါက်ကို အိပ်နေတဲ့အချိန်မှာ ဖွင့်ထားပေးနိုင်တဲ့ သွားဖုံးပုံစံစက်ကို အသုံးပြုကြပါတယ်။

<Unicode Version>

 

 

အိပ္ေနရင္း ေဟာက္တတ္သူေတြအတြက္ ေဟာက္တာကိုရပ္တန္႔ေပးမယ့္ ေဆးဝါးအသစ္။

အိပ္ရင္းနဲ႔ေဟာက္တတ္သူေတြေၾကာင့္ သူ႕ရဲ႕ေဘးမွာအိပ္တဲ့သူေတြက အိပ္ေရးပ်က္ရတယ္ဆိုေပမယ့္ အိပ္ေနရင္းနဲ႔ေဟာက္တတ္တဲ့သူေတြကိုယ္တိုင္လည္း ေဆးကုသမႈမခံယူဘူးဆိုရင္ အသက္အႏၲရာယ္ကို ၾကံဳေတြ႕ရႏိုင္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ အိပ္ေနရင္းနဲ႔ေဟာက္ရာကေန အသက္ရွဴရပ္တန္႔သြားတာမ်ိဳး ျဖစ္ေပၚတတ္တာေၾကာင့္ပါ။ အိပ္ေနရင္းနဲ႔ဘာေၾကာင့္ ေဟာက္သလဲ? ဆိုတဲ့ ေမးခြန္းအတြက္ အေျဖအမ်ားႀကီးရွိပါတယ္။ ေရာဂါအခံရွိတာေၾကာင့္ ၊ ခႏၶာကိုယ္ဝေနတာေၾကာင့္ ဒါမွမဟုတ္ ျပင္းထန္တဲ့စိတ္ဖိစီးမႈကို ခံစားေနရတာေၾကာင့္ စတဲ့အေၾကာင္းအရင္းေတြပဲျဖစ္ပါတယ္။

- Advertisement -

တစ္ေန႔မွာတစ္ႀကိမ္သာေသာက္ရတဲ့ အိပ္ေနရင္းနဲ႔ ေဟာက္တတ္တာကို ေပ်ာက္ကင္းေစမယ့္ ေဆးဝါးတစ္မ်ိဳးကို အေမရိကန္ျပည္ေထာင္စုမွ သိပၸံပညာရွင္ေတြက ထုတ္လုပ္လိုက္ပါတယ္။ ေဆးဝါးအသစ္ရဲ႕ ကုဒ္နာမည္ကေတာ့ “AD109” ျဖစ္ၿပီး အေမရိကန္ျပည္ေထာင္စု ေဆးဝါးထုတ္လုပ္ေရးကုမၸဏီက “Apnimed” လို႔ အမည္ေပးခ့ဲကာ အိပ္ေနရင္းနဲ႔ေဟာက္ျခင္းကို ၇၄% အထိေလွ်ာ့ခ်ေပးႏိုင္တယ္လုိ႕ သိရွိရပါတယ္။ Daily Mail သတင္းဌာနရဲ႕ သတင္းေပးပို႔ခ်က္အရ အဆိုပါေဆးဝါးထဲမွာ ေဟာက္တာကို သက္သာေစတဲ့ ေဆးႏွစ္မ်ိဳးေပါင္းစပ္ပါဝင္ၿပီး အခုဆိုရင္ေတာ့ “Apnimed” တစ္မ်ိဳးတည္းကို ေသာက္႐ံုျဖင့္ အိပ္ေနရင္းနဲ႕ ေဟာက္တတ္တာကို ကုသႏိုင္ေတာ့မွာပဲျဖစ္ပါတယ္။

“Apnimed” ေဆးမွာပါဝင္တဲ့ ေဆးတစ္မ်ိဳးကေတာ့ “Atomoxetine” ဆိုတဲ့ ADHD (Attention Deficit Hyperactivity Disorder – အာ႐ံုစူးစိုက္မႈနည္းၿပီး အရမ္းတက္ႂကြလြန္းတဲ့ေဝဒနာ) ခံစားေနရတဲ့ ကေလးငယ္ေတြကို ေပးေလ့ရွိတဲ့ ေဆးတစ္မ်ိဳးျဖစ္ပါတယ္။ “Aromoxetine” ဟာ အာ႐ံုစိုက္မႈကို တိုးတက္ေစတဲ့ ဦးေႏွာက္ထဲမွာပါဝင္တဲ့ “Noradrenaline” ဓါတ္ကို ထုတ္ေပးၿပီး “Noradrenaline” ဓါတ္ဟာ အသက္ရွဴလမ္းေၾကာင္းမွာရွိတဲ့ ႂကြက္သားေတြကို ေပ်ာ့ေပ်ာင္းေစကာ အိပ္ေနစဥ္အတြင္း အသက္ရွဴျခင္း ရပ္တန္႔သြားတာမ်ိဳးကို ကာကြယ္ေပးႏိုင္ပါတယ္။

ဒုတိယေဆးတစ္မ်ိဳးကေတာ့ “Oxybutynin” ျဖစ္ၿပီး ဆီးလမ္းေၾကာင္း ႂကြက္သားေတြ ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေတာ့တ့ဲလူေတြကို ေပးတဲ့ေဆးျဖစ္ပါတယ္။ “Oxybutynin” ေဆးဟာ ဆီးအိမ္က်ံဳ႕ျခင္း ၊ ဆန္႔ျခင္းကို ထိန္းခ်ဳပ္ေပးႏိုင္တဲ့ ႂကြက္သားေတြကို ေကာင္းမြန္ေစၿပီး ခံတြင္းအတြင္းကလွ်ာကို ေနရာမွန္မွာ ထားေပးႏိုင္ကာ အသက္ရွဴလမ္းေၾကာင္းရွိရာ လည္ေခ်ာင္းအေပၚမွာ မပိတ္မိေစရန္အတြက္ အေထာက္အကူျဖစ္ေစပါတယ္။

“Noradrenaline” နဲ႔ “Oxybutynin” ေဆးႏွစ္မ်ိဳးကိုေပါင္းစပ္ၿပီး သိပၸံပညာရွင္ေတြ တီထြင္ထုတ္လုပ္ထားတဲ့ “Apnimed” ေဆးဟာ အိပ္ေနရင္းနဲ႔ ေဟာက္တတ္သူေတြကို ညအိပ္တဲ့အခါမွာ မေဟာက္ေတာ့ေအာင္ အေထာက္အကူျပဳေပးႏိုင္မွာျဖစ္ပါတယ္။ အခုလက္ရွိမွာေတာ့ ေသာက္သံုးသူေတြအတြက္ ေဘးထြက္ဆိုးက်ိဳးရွိ/မရွိကို စမ္းသပ္မႈေတြ လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။

“British Sleep Society” အဖြဲ႔အစည္းမွ အိပ္စက္ျခင္းဆိုင္ရာ ကၽြမ္းက်င္ပညာရွင္တစ္ဦးျဖစ္တဲ့ Dr. Neil Stanley က Daily Mail နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးတစ္ခုမွာေတာ့ “ပညာရွင္ေတြ ထုတ္လုပ္လိုက္တဲ့ ေဆးအသစ္ဟာ ေဝဒနာရွင္ေတြကို အျပည့္အဝ အေထာက္ကူျပဳႏိုင္မယ္ဆိုတာကိုေတာ့ အာမခံပါတယ္။ ဒါေပမယ့္လည္း အသံုးျပဳသူလက္ထဲ မထည့္ေပးခင္မွာေတာ့ ထိေရာက္မႈကို တိုင္းတာႏိုင္ဖို႔အတြက္နဲ႔ ေဘးထြက္ဆိုးက်ိဳးရွိ/မရွိကို သိရွိႏိုင္ဖို႔ သုေတသနေတြ အထပ္ထပ္လုပ္ဖို႔ လိုအပ္ပါတယ္။” လို႔ မွ်ေဝေျပာျပခဲ့ပါတယ္။

NHS အဖြဲ႔အစည္းရဲ႕ေျပာၾကားခ်က္အရ အိပ္ေနရင္းနဲ႔ေဟာက္တယ္ဆိုတာဟာ သာမန္ျဖစ္စဥ္တစ္ခုျဖစ္ေပမယ့္ အေျခအေနအေပၚမူတည္ၿပီးေတာ့ ကုသဖို႔လိုအပ္တဲ့ အေျခအေနမ်ိဳးဆိုရင္ ကုသမႈခံယူသင့္ပါတယ္။ လူအမ်ားစုကေတာ့ ႏွာေခါင္းနဲ႔ပါးစပ္ေပၚမွာ ဖံုးအုပ္ထားတဲ့ မ်က္ႏွာဖံုးေပၚကေန ေလကိုသြင္းေပးတဲ့ CPAP စက္ကို အသံုးျပဳၾကၿပီး အခ်ိဳ႕က်ေတာ့လည္း လည္ေခ်ာင္းအတြင္းက ေလဝင္ေပါက္ကို အိပ္ေနတဲ့အခ်ိန္မွာ ဖြင့္ထားေပးႏိုင္တဲ့ သြားဖံုးပံုစံစက္ကို အသံုးျပဳၾကပါတယ္။

<Zawgyi Version>

 

#soshwehealthandbeauty

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

2 × 4 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...