HomeLifeStyleချို့တဲ့နွမ်းပါးတဲ့ကလေးငယ်တွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ဖို့ ဦးဆောင်လုပ်ကိုင်နေတဲ့ အသက် (၉)နှစ်အရွယ်ကောင်လေး။

ချို့တဲ့နွမ်းပါးတဲ့ကလေးငယ်တွေကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ဖို့ ဦးဆောင်လုပ်ကိုင်နေတဲ့ အသက် (၉)နှစ်အရွယ်ကောင်လေး။

- Advertisement -

Liverpool မှာ မိသားစုနဲ့အတူနေထိုင်တဲ့ အသက် ၉ နှစ်အရွယ် Noah Whitehead ဆိုတဲ့ ကောင်လေးဟာ သူနဲ့သက်တူအရွယ်တူ ကလေးငယ်အချို့က ချို့တဲ့နွမ်းပါးတဲ့မိသားစုမှာ မွေးဖွားလာပြီး အဟာရရှိတဲ့ အစားအသောက်တွေကို နေစဉ်စားသောက်ခွင့်မရှိဘူးဆိုတာကို သိရှိပြီးနောက်ပိုင်း ဆင်းရဲတဲ့ကလေးငယ်တွေကို သူတတ်နိုင်သလောက် အစားအသောက်ပေးကမ်းနိုင်ဖို့ အလှူငွေတွေ ကောက်ခံခဲ့ပါတယ်။

Noah က “လွန်ခဲ့တဲ့ရက်အချို့က ကလေးငယ်တချို့ဟာ အဟာရရှိတဲ့ အစားအသောက်ကို မစားနိုင်တဲ့ အခြေအနေမျိုးမှာရှိနေပြီး အစိုးရအဖွဲ့အနေနဲ့ အထောက်အပ့ံမပေးနိုင်တဲ့အကြောင်း သတင်းမှာ ကြားသိလိုက်ရပါတယ်။ ဒီသတင်းကို ကြားရတာဟာ တကယ်ကို ဝမ်းနည်းစရာကောင်းပါတယ်။ ဒါကြောင့်လည်း Liverpool မြို့အတွင်းမှာရှိတဲ့ ချို့တဲ့နွမ်းပါးတဲ့သူတွေကို ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းကို စုထားတဲ့ မုန့်ဖိုးလေးတွေ လှူဖို့အတွက် ဆုံးဖြတ်ထားတယ်။ ဒါကြောင့် တခြားသူတွေကလည်း ဒီအဖွဲ့အစည်းကို ငွေလေးတွေ လှူဒါန်းပေးကြပါ။ ကျွန်တော်တို့ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမပေးဖို့ လိုအပ်ပါတယ်။” လို့ဆိုထားတာကို ဗီဒီယိုရိုက်ပြီး သူ့ရဲ့ Facebook အကောင့်မှာ တင်ခဲ့ပါတယ်။

အဆိုပါဗီဒီယိုကိုတင်ပြီး သိပ်မကြာခင်မှာပဲ အသက်ငယ်ငယ်လေးနဲ့ အခြားသူကို ကူညီလိုစိတ်ရှိတဲ့ Noah လေးရဲ့ လုပ်ရပ်ကို ကူညီပေးတဲ့အနေနဲ့ လူအများဟာ ငွေတွေကို လှူဒါန်းလာကြပါတယ်။ Noah ရဲ့မိဘတွေဟာလည်း သားငယ်လေးရဲ့ စာနာကြင်နာတတ်ပြီး တစ်ပါးသူကို ကူညီလိုတတ်တဲ့စိတ်ထားလေးကြောင့် ဂုဏ်ယူမဆုံး ဖြစ်နေရပါတယ်။ Noah ရဲ့ဖခင်ဖြစ်သူ Ben Whitehead က “ကျွန်တော်ရော Noah ရဲ့အမေရောက Noah လေးအတွက် အရမ်းကိုဂုဏ်ယူရပါတယ်။ အစိုးရအဖွဲ့ရဲ့လစ်ဟာမှုကို အသက် ၉ နှစ်အရွယ် ကလေးငယ်လေးက ဖြည့်စွက်ဖို့မလိုပေမယ့်လည်း အစားအသောက်လိုအပ်နေတဲ့ ကလေးငယ်လေးတွေကို အစားအသောက်တွေ ပေးကမ်းကူညီပေးလိုတဲ့ သားလေးရဲ့ စိတ်ထားကိုတော့ တကယ်ချီးကျူးပါတယ်။” လို့ ဆိုခဲ့ပါတယ်။

Noah လေးဟာ ချို့တဲ့နွမ်းပါးတဲ့ကလေးငယ်တွေကို ပေးကမ်းကူညီပေးဖို့ကို တစ်စုံတစ်ယောက်ရဲ့ တိုက်တွန်းမှုမပါဘဲ သူကိုယ်တိုင်ပဲ ဆုံးဖြတ်ခဲ့တာပါ။ ကလေးငယ်တွေဟာ စားစရာမဲ့သောက်စရာမဲ့အခြေအနေကို ရောက်ရှိနေတယ်ဆိုတဲ့သတင်းကို ကြားကြားချင်းမှာပဲ သူ့အနေနဲ့ ဒီကလေးငယ်လေးတွေကို ဘယ်လိုကူညီပေးနိုင်မလဲဆိုတာကို စတင်စီစဉ်ခဲ့တာပဲဖြစ်ပါတယ်။

- Advertisement -

အသက် ၉ နှစ်အရွယ်သာရှိသေးတဲ့ Noah လေးဟာ အစိုးရအဖွဲ့အနေနဲ့ ဘာကြောင့်များ ချို့တဲ့နွမ်းပါးတဲ့ ကလေးငယ်လေးတွေကို ဘယ်လိုစိတ်နှလုံးမျိုးနဲ့များ အငတ်ထားရက်သလဲဆိုတာကို စဉ်းစားနိုင်စွမ်း မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း Noah လေးဟာ သူစုဆောင်းထားတဲ့ မုန့်ဖိုးတွေကို အစာငတ်နေတဲ့ ကလေးငယ်တွေကို အစားအသောက်တွေ လှူဒါန်းရာမှာ အသုံးပြုဖို့စီစဉ်ခဲ့ပြီး သူ့ရဲ့သူငယ်ချင်းတွေကိုလည်း စုဆောင်းထားတဲ့ မုန့်ဖိုးတွေထဲက တတ်နိုင်သလောက်လှူဒါန်းပေးဖို့ အကူအညီတောင်းခဲ့ရခြင်း ဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ Noah လေးရဲ့ အလှူခံအကောင့်လေးဟာ ဒေါ်လာ ၁၇၀၀ လောက်ရရှိထားပြီဖြစ်ပြီး နောက်ထပ်အများကြီး လက်ခံရရှိလာဦးမှာဖြစ်တာကြောင့် Noah လေးကတော့ သူမျှော်မှန်းထားတဲ့အတိုင်း ကလေးငယ်တွေကို အစားအသောက်တွေ လှူဒါန်းပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ကလေးငယ်လေးတွေကို သူတစ်ပါးအပေါ် စာနာတတ်အောင် ငဲ့ညာသနားကြင်နာတတ်အောင် သင်ကြားပျိုးထောင်ပေးဖို့ ကျွန်မတို့အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါမှလည်း ကျွန်မတို့အားလုံးက ပိုမိုကောင်းမွန်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အနာဂါတ်ကို ဖန်တီးနိုင်မှာလည်းဖြစ်ပါတယ်။

- Advertisement -

<Unicode Version>

 

 

ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ကေလးငယ္ေတြကို စားနပ္ရိကၡာေထာက္ပံ့ေပးႏိုင္ဖို႔ ဦးေဆာင္လုပ္ကိုင္ေနတ့ဲ အသက္ (၉) ႏွစ္အရြယ္ေကာင္ေလး။

Liverpool မွာ မိသားစုနဲ႔အတူေနထိုင္တဲ့ အသက္ ၉ ႏွစ္အရြယ္ Noah Whitehead ဆိုတဲ့ ေကာင္ေလးဟာ သူနဲ႔သက္တူရြယ္တူ ကေလးငယ္အခ်ိဳ႕က ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့မိသားစုမွာ ေမြးဖြားလာၿပီး အဟာရရွိတဲ့ အစားအေသာက္ေတြကို ေနစဥ္စားေသာက္ခြင့္မရွိဘူးဆိုတာကို သိရွိၿပီးေနာက္ပိုင္း ဆင္းရဲတဲ့ကေလးငယ္ေတြကို သူတတ္ႏိုင္သေလာက္ အစားအေသာက္ေပးကမ္းႏိုင္ဖို႔ အလွဴေငြေတြ ေကာက္ခံခဲ့ပါတယ္။

Noah က “ကေလးငယ္တခ်ိဳ႕ဟာ အဟာရရွိတဲ့ အစားအေသာက္ကို မစားႏိုင္တဲ့ အေျခအေနမ်ိဳးမွာရွိေနၿပီး အစိုးရအဖြဲ႕အေနနဲ႔ အေထာက္အပ့ံမေပးႏိုင္တ့ဲအေၾကာင္း သတင္းမွာ ၾကားသိလိုက္ရပါတယ္။ ဒီသတင္းကို ၾကားရတာဟာ တကယ္ကို ဝမ္းနည္းစရာေကာင္းပါတယ္။ ဒါေၾကာင့္လည္း Liverpool ၿမိဳ႕အတြင္းမွာရွိတဲ့ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့သူေတြကို ကူညီေထာက္ပံ့ေပးေနတဲ့ အဖြဲ႔အစည္းကို စုထားတဲ့ မုန္႔ဖိုးေလးေတြ လွဴဖို႔အတြက္ ဆံုးျဖတ္ခ့ဲပါတယ္။ ဒါေၾကာင့္ တျခားသူေတြကလည္း ဒီအဖြဲ႔အစည္းကို ေငြေလးေတြ လွဴဒါန္းေပးၾကပါ။ ကၽြန္ေတာ္တို႔ တစ္ေယာက္ကိုတစ္ေယာက္ ကူညီေဖးမေပးဖို႔ လိုအပ္ပါတယ္။” ဆိုၿပီး ဗီဒီယို႐ိုက္ကာ သူ႕ရဲ႕ Facebook အေကာင့္မွာ တင္ခ့ဲပါတယ္။

အဆိုပါဗီဒီယိုကိုတင္ၿပီး သိပ္မၾကာခင္မွာပဲ အသက္ငယ္ငယ္ေလးနဲ႔ အျခားသူကို ကူညီလိုစိတ္ရွိတဲ့ Noah ေလးရဲ႕လုပ္ရပ္ကို ကူညီေပးတဲ့အေနနဲ႔ လူအမ်ားဟာ ေငြေတြကို လွဴဒါန္းလာၾကပါတယ္။ Noah ရဲ႕မိဘေတြဟာလည္း သားငယ္ေလးရဲ႕ စာနာၾကင္နာတတ္ၿပီး တစ္ပါးသူကို ကူညီလိုတတ္တဲ့စိတ္ထားေလးေၾကာင့္ ဂုဏ္ယူမဆံုး ျဖစ္ေနရပါတယ္။ Noah ရဲ႕ဖခင္ျဖစ္သူ Ben Whitehead က “ကၽြန္ေတာ္ေရာ Noah ရဲ႕အေမေရာက Noah ေလးအတြက္ အရမ္းကုိဂုဏ္ယူရပါတယ္။ အစိုးရအဖြဲ႔ရဲ႕လစ္ဟာမႈကို အသက္ ၉ ႏွစ္အရြယ္ ကေလးငယ္ေလးက ျဖည့္စြက္ဖို႔မလိုေပမယ့္လည္း အစားအေသာက္လိုအပ္ေနတဲ့ ကေလးငယ္ေလးေတြကို အစားအေသာက္ေတြ ေပးကမ္းကူညီေပးလိုတဲ့ သားေလးရဲ႕ စိတ္ထားကိုေတာ့ တကယ္ခ်ီးက်ဴးပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

Noah ေလးဟာ ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ကေလးငယ္ေတြကို ေပးကမ္းကူညီေပးဖို႔ကို တစ္စံုတစ္ေယာက္ရဲ႕ တိုက္တြန္းမႈမပါဘဲ သူကိုယ္တိုင္ပဲ ဆံုးျဖတ္ခဲ့တာပါ။ ကေလးငယ္ေတြဟာ စားစရာမဲ့ေသာက္စရာမဲ့အေျခအေနကို ေရာက္ရွိေနတယ္ဆိုတဲ့သတင္းကို ၾကားၾကားခ်င္းမွာပဲ သူ႕အေနနဲ႕ ဒီကေလးငယ္ေလးေတြကို ဘယ္လိုကူညီေပးႏိုင္မလဲဆိုတာကို စတင္စီစဥ္ခဲ့တာပဲျဖစ္ပါတယ္။

- Advertisement -

အသက္ ၉ ႏွစ္အရြယ္သာရွိေသးတဲ့ Noah ေလးဟာ အစိုးရအဖြဲ႔အေနနဲ႔ ဘာေၾကာင့္မ်ား ခ်ိဳ႕တဲ့ႏြမ္းပါးတဲ့ ကေလးငယ္ေလးေတြကို ဘယ္လိုစိတ္ႏွလံုးမ်ိဳးနဲ႔မ်ား အငတ္ထားရက္သလဲဆိုတာကို စဥ္းစားႏုိင္စြမ္း မရွိခဲ့ပါဘူး။ ဒါေၾကာင့္လည္း Noah ေလးဟာ သူစုေဆာင္းထားတဲ့ မုန္႔ဖိုးေတြကို အစာငတ္ေနတဲ့ ကေလးငယ္ေတြကို အစားအေသာက္ေတြ လွဴဒါန္းရာမွာ အသံုးျပဳဖုိ႔စီစဥ္ခဲ့ၿပီး သူ႕ရဲ႕သူငယ္ခ်င္းေတြကိုလည္း စုေဆာင္းထားတဲ့ မုန္႔ဖိုးေတြထဲက တတ္ႏိုင္သေလာက္လွဴဒါန္းေပးဖို႔ အကူအညီေတာင္းခဲ့ရျခင္း ျဖစ္ပါတယ္။

အခုလက္ရွိမွာေတာ့ Noah ေလးရဲ႕ အလွဴခံအေကာင့္ေလးဟာ ေဒၚလာ ၁၇၀၀ ေလာက္ရရွိထားၿပီျဖစ္ၿပီး ေနာက္ထပ္အမ်ားႀကီး လက္ခံရရွိလာဦးမွာျဖစ္တာေၾကာင့္ Noah ေလးကေတာ့ သူေမွ်ာ္မွန္းထားတဲ့အတိုင္း ကေလးငယ္ေတြကို အစားအေသာက္ေတြ လွဴဒါန္းေပးႏိုင္ေတာ့မွာပဲ ျဖစ္ပါတယ္။ ကေလးငယ္ေလးေတြကို သူတစ္ပါးအေပၚ စာနာတတ္ေအာင္ ငဲ့ညာသနားၾကင္နာတတ္ေအာင္ သင္ၾကားပ်ိဳးေထာင္ေပးဖို႔ ကၽြန္မတို႔အားလံုးမွာ တာဝန္ရွိပါတယ္။ ဒါမွလည္း ကၽြန္မတို႔အားလံုးက ပိုမိုေကာင္းမြန္ၿပီး ေပ်ာ္ရႊင္စရာေကာင္းတဲ့ အနာဂါတ္ကို ဖန္တီးႏိုင္မွာလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

1 × one =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...