HomeLifeStyleသမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

သမီးလေးအတွက် မွေးနေ့လက်ဆောင်တွေကို ထူးထူးဆန်းဆန်းပြင်ဆင်ပေးခဲ့တဲ့ ဖခင်။

- Advertisement -

Manchester က စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ အသက် ၄၁ နှစ်အရွယ် Phil Smith ဆိုသူဟာ သမီးလေး Sienna ရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့အတွက် ထူးခြားပြီး အမြဲတမ်းအမှတ်ရနေစေမယ့် အမှတ်တရလေးတစ်ခုုကို ဖန်တီးပေးခဲ့ပါတယ်။ အဲ့ဒါကတော့ သမီးလေးကြိုက်နှစ်သက်တဲ့ စာအုပ်တွေ အရုပ်တွေကို ဝယ်ယူပြီး ဘောလုံးပင်လယ်ကြီးထဲမှာ ဖွက်ထားခဲ့ခြင်းဖြစ်ကာ သမီးလေး Sienna အနေနဲ့ မွေးနေ့လက်ဆောင်တွေကို လိုချင်တယ်ဆိုရင်တော့ ဘောလုံးပင်လယ်ကြီးထဲ လက်ပစ်ကူးပြီး ရှာဖွေရမှာပဲဖြစ်ပါတယ်။

Phil ဟာ Manchester က Ball Mania ကုမ္ပဏီပိုင်ရှင် သူငယ်ချင်းကို ဖုန်းဆက်ပြီး ဘောလုံးပေါင်း၂၆,၀၀၀ ကို ယူရို ၂၆၀ ပေးပြီး ငှားရမ်းခဲ့ကာ အိမ်ဧည့်ခန်းတစ်ခုလုံးကို ဘောလုံးတွေနဲ့ ဖြည့်ခဲ့ပါတယ်။ ဘောလုံးတွေမဖြည့်ခင်မှာတော့ သမီးလေးကိုပေးမယ့် မွေးနေ့လက်ဆောင်တွေဖြစ်တဲ့ စာအုပ်တစ်ချို့နဲ့ Jenga တွေကို နေရာအရင်ချထားခဲ့ပါတယ်။ Phil တစ်ယောက် ဘောလုံးတွေကို ဧည့်ခန်းထဲမှာဖြည့်ဖို့အတွက် အိမ်အရှေ့တံခါးအဝင်အဝကို အသုံးပြုဖို့ ခက်ခဲလွန်းတာကြောင့် ဒယ်အိုးတွေကိုပါ အသုံးပြုခဲ့ရတယ်လို့ LADbible ကိုပြောပြခဲ့ပါတယ်။

ဘောလုံးလေးတွေကို အိတ်အကြီးကြီးတွေနဲ့ ထည့်ထားတဲ့အတွက် အိတ်ကို ဖွင့်လိုက်တဲ့အချိန်မှာ ဘောလုံးတွေက လမ်းမပေါ်ပြုတ်ကျသွားတာကြောင့် အိမ်နီးနားချင်းတွေကတောင်မှ ကူပြီးကောက်ပေးခဲ့ရတယ်လို့ Phil ကဆိုပါတယ်။ Phil ရဲ့ ဂိုဒေါင်ထဲမှာ ဘောလုံးသေးသေးလေးတွေထည့်ထားတဲ့ အိတ်ကြီးနှစ်အိတ်လောက် ကျန်နေသေးပြီး အကယ်၍များသာ ဂိုဒေါင်ထဲမှာကျန်နေတဲ့ ဘောလုံးအိတ်နှစ်အိတ်ကို ဧည့်ခန်းထဲ ဖြည့်လိုက်မယ်ဆိုရင်ဖြင့် မျက်နှာကြတ်အထိ ဘောလုံးတွေပြည့်နှက်နေမှာပဲဖြစ်ပါတယ်။

- Advertisement -

ရက်အတော်ကြာ Phil ရဲ့ ဧည့်ခန်းတစ်ခုလုံးဟာ ဘောလုံးတွေနဲ့ ပြည့်နေခဲ့ပြီး ပရိဘောဂပစ္စည်းတွေဟာလည်း ဘောလုံးပင်လယ်ကြီးထဲမှာ နှစ်မြုပ်လို့နေပါတယ်။ ဘောလုံးတွေကို သိမ်းဆည်းပြီးတဲ့အခါမှာတော့ Sienna လေးဟာ သူရှာလို့မမတွေ့သေးတဲ့ လက်ဆောင်တွေကို လွယ်လွယ်ကူကူ ရှာတွေ့သွားတော့မှာ ဖြစ်တဲ့အကြောင်းကို Phil က “ဘောလုံးပင်လယ်ကြီးထဲမှာ ဝှက်ထားတဲ့ လက်ဆောင်တွေထဲက တစ်ချို့ကို သမီးလေးက ရှာမတွေ့သေးပါဘူး။ ဒီလက်ဆောင်လေးတွေက ဘယ်များရောက်နေသလဲဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း မသိပါဘူးဗျာ။” လို့ ဆိုခဲ့ပါတယ်။

- Advertisement -

Sienna လေးက ဘောလုံးပင်လယ်ကြီးကို ပထမဦးဆုံးအကြိမ် မြင်လိုက်တဲ့အချိန်မှာတော့ ဘောလုံးပင်လယ်ကြီးထဲမှာ လက်ပစ်ကူးဖို့ တွန့်ဆုတ်နေခဲ့ပေမယ့် အခုများတော့ ဘောလုံးပင်လယ်ကြီးထဲမှာ ဒိုင်ဗင်ထိုးလိုက် လက်ပစ်ကူးလိုက်လုပ်နေပါတော့တယ်။ Sienna တစ်ယောက် ဖခင်ဖြစ်သူ Phil ကို ဘောလုံးတွေ ကူသိမ်းပေးတဲ့အခါကျရင် စိတ်ညစ်ကောင်း ညစ်သွားနိုင်ပေမယ့် သူမရဲ့ အသက် ၅ နှစ်ပြည့်မွေးနေ့လေးကတော့ ထူးခြားတဲ့အမှတ်တရတစ်ခု ဖြစ်နေပါတော့မယ်။

<Unicode Version>

 

 

 

သမီးေလးအတြက္ ေမြးေန႔လက္ေဆာင္ေတြကို ထူးထူးဆန္းဆန္းျပင္ဆင္ေပးခ့ဲတ့ဲ ဖခင္။

Manchester က စီးပြါးေရးလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ အသက္ ၄၁ ႏွစ္အရြယ္ Phil Smith ဆိုသူဟာ သမီးေလး Sienna ရဲ႕ အသက္ ၅ ႏွစ္ျပည့္ေမြးေန႔အတြက္ ထူးျခားၿပီး အၿမဲတမ္းအမွတ္ရေနေစမယ့္ အမွတ္တရေလးတစ္ခုုကို ဖန္တီးေပးခဲ့ပါတယ္။ အ့ဲဒါကေတာ့ သမီးေလးႀကိဳက္ႏွစ္သက္တဲ့ စာအုပ္ေတြ ၊ အ႐ုပ္ေတြကို ဝယ္ယူၿပီး ေဘာလံုးပင္လယ္ႀကီးထဲမွာ ဖြက္ထားခဲ့ျခင္းျဖစ္ကာ သမီးေလး Sienna အေနနဲ႕ ေမြးေန႔လက္ေဆာင္ေတြကို လိုခ်င္တယ္ဆုိရင္ေတာ့ ေဘာလံုးပင္လယ္ႀကီးထဲ လက္ပစ္ကူးၿပီး ရွာေဖြရမွာပဲျဖစ္ပါတယ္။

Phil ဟာ Manchester က Ball Mania ကုမၸဏီပိုင္ရွင္ သူငယ္ခ်င္းကို ဖုန္းဆက္ၿပီး ေဘာလံုးေပါင္း၂၆,၀၀၀ ကို ယူ႐ို ၂၆၀ ေပးၿပီး ငွားရမ္းခဲ့ကာ အိမ္ဧည့္ခန္းတစ္ခုလုံးကို ေဘာလံုးေတြနဲ႔ ျဖည့္ခဲ့ပါတယ္။ ေဘာလံုးေတြမျဖည့္ခင္မွာေတာ့ သမီးေလးကိုေပးမယ့္ ေမြးေန႔လက္ေဆာင္ေတြျဖစ္တဲ့ စာအုပ္တစ္ခ်ိဳ႕နဲ႔ Jenga ေတြကို ေနရာအရင္ခ်ထားခဲ့ပါတယ္။ Phil တစ္ေယာက္ ေဘာလံုးေတြကို ဧည့္ခန္းထဲမွာျဖည့္ဖို႔အတြက္ အိမ္အေရွ႕တံခါးအဝင္အဝကို အသံုးျပဳဖို႔ ခက္ခဲလြန္းတာေၾကာင့္ ဒယ္အိုးေတြကိုပါ အသံုးျပဳခဲ့ရတယ္လို႔ LADbible ကိုေျပာျပခဲ့ပါတယ္။

- Advertisement -

ေဘာလံုးေလးေတြကို အိတ္အႀကီးႀကီးေတြနဲ႕ ထည့္ထားတ့ဲအတြက္ အိတ္ကို ဖြင့္လိုက္တဲ့အခ်ိန္မွာ ေဘာလံုးေတြက လမ္းမေပၚျပဳတ္က်သြားတာေၾကာင့္ အိမ္နီးနားခ်င္းေတြကေတာင္မွ ကူၿပီးေကာက္ေပးခဲ့ရတယ္လို႔ Phil ကဆိုပါတယ္။ Phil ရဲ႕ ဂိုေဒါင္ထဲမွာ ေဘာလံုးေသးေသးေလးေတြထည့္ထားတဲ့ အိတ္ႀကီးႏွစ္အိတ္ေလာက္ က်န္ေနေသးၿပီး အကယ္၍မ်ားသာ ဂိုေဒါင္ထဲမွာက်န္ေနတဲ့ ေဘာလုံးအိတ္ႏွစ္အိတ္ကို ဧည့္ခန္းထဲ ျဖည့္လိုက္မယ္ဆိုရင္ျဖင့္ မ်က္ႏွာၾကတ္အထိ ေဘာလုံးေတြျပည့္ႏွက္ေနမွာပဲျဖစ္ပါတယ္။

ရက္အေတာ္ၾကာ Phil ရဲ႕ ဧည့္ခန္းတစ္ခုလံုးဟာ ေဘာလံုးေတြနဲ႔ ျပည့္ေနခဲ့ၿပီး ပရိေဘာဂပစၥည္းေတြဟာလည္း ေဘာလံုးပင္လယ္ႀကီးထဲမွာ ႏွစ္ျမဳပ္လို႔ေနပါတယ္။  ေဘာလံုးေတြကို သိမ္းဆည္းၿပီးတဲ့အခါမွာေတာ့ Sienna ေလးဟာ သူရွာလို႕မမေတြ႕ေသးတ့ဲ လက္ေဆာင္ေတြကို လြယ္လြယ္ကူကူ ရွာေတြ႕သြားေတာ့မွာ ျဖစ္တ့ဲအေၾကာင္းကို Phil က “ေဘာလံုးပင္လယ္ႀကီးထဲမွာ ဝွက္ထားတဲ့ လက္ေဆာင္ေတြထဲက တစ္ခ်ိဳ႕ကို သမီးေလးက ရွာမေတြ႕ေသးပါဘူး။ ဒီလက္ေဆာင္ေလးေတြက ဘယ္မ်ားေရာက္ေနသလဲဆိုတာကို ကၽြန္ေတာ္ကိုယ္တိုင္လည္း မသိပါဘူးဗ်ာ။” လို႔ ဆိုခဲ့ပါတယ္။

Sienna ေလးက ေဘာလံုးပင္လယ္ႀကီးကို ပထမဦးဆံုးအႀကိမ္ ျမင္လိုက္တဲ့အခ်ိန္မွာေတာ့ ေဘာလံုးပင္လယ္ႀကီးထဲမွာ လက္ပစ္ကူးဖို႔ တြန္႔ဆုတ္ေနခဲ့ေပမယ့္ အခုမ်ားေတာ့ ေဘာလံုးပင္လယ္ႀကီးထဲမွာ ဒိုင္ဗင္ထိုးလိုက္ လက္ပစ္ကူးလိုက္လုပ္ေနပါေတာ့တယ္။ Sienna တစ္ေယာက္ ဖခင္ျဖစ္သူ Phil ကို ေဘာလံုးေတြ ကူသိမ္းေပးတဲ့အခါက်ရင္ စိတ္ညစ္ေကာင္း ညစ္သြားႏိုင္ေပမယ့္ သူမရဲ႕ အသက္ ၅ ႏွစ္ျပည့္ေမြးေန႔ေလးကေတာ့ ထူးျခားတဲ့အမွတ္တရတစ္ခု ျဖစ္ေနပါေတာ့မယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

nineteen − 12 =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...