HomeOtherသိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ လူဦးခေါင်းထဲမှ အင်္ဂါအသစ်တစ်ခု။

- Advertisement -

သိပ္ပံပညာရှင်တွေဟာ အသစ်အသစ်တွေကို အမြဲတမ်းရှာဖွေလေ့လာနေကြပြီး ဒီတစ်ခေါက်မှာလည်း လူဦးခေါင်းထဲမှာရှိနေတဲ့ အင်္ဂါအသစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ လူသားတွေရဲ့ ဦးခေါင်းထဲမှာ အမြဲတမ်းတည်ရှိနေခဲ့တဲ့ အင်္ဂါတစ်ခုကို အခုချိန်မှတွေ့ရှိခဲ့ခြင်းက သိပ္ပံပညာရှင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဆိုပါအင်္ဂါအသစ်ဟာ နှာခေါင်းနဲ့လည်ချောင်း ဆက်နေတဲ့လမ်းကြောင်းမှာရှိနေတဲ့ ဂလင်းတစ်ခုဖြစ်ပြီး သိပ္ပံပညာရှင်တွေအနေနဲ့ ဝှေးစေ့ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့အချိန်မှာ အဆိုပါဂလင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကာ အဆိုပါဂလင်းဟာ လည်ချောင်းကို စိုစွတ်နေစေဖို့အတွက် ရှိနေခြင်းဖြစ်တယ်လို့ သိရပါတယ်။

နယ်သာလန်ကင်ဆာကုသရေးအဖွဲ့အစည်းက ကင်ဆာရောဂါကုသရေး အထူးကုတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Wouter Vogel က “သိပ္ပံပညာရှင်တွေနဲ့ ခန္ဓာဗေဒပညာရှင်တွေ လေ့လာတွေ့ရှိထားသလောက်တော့ ပုံမှန်အားဖြင့် လူတစ်ယောက်မှာ မြင်ရလွယ်ကူတဲ့ တံတွေးဂလင်း ၃ စုရှိပြီး လည်ချောင်းနားမှာရှိတဲ့ ဂလင်းတွေကတော့ သာမန်မျက်စိနဲ့ မမြင်နိုင်လောက်အောင်ကို သေးငယ်ကာ အရေအတွက်အားဖြင့် ထောင်ပေါင်းများစွာရှိပါတယ်။ ဒီတော့ကာ ကျွန်တော်တို့ ဒီဂလင်းအသစ်ကို တွေ့ရှိရတဲ့အခါမှာတော့ အရမ်းကိုအံ့သြသွားပါတယ်။” လို့ ဆိုခဲ့ပါတယ်။

သုတေသနပညာရှင်တွေက အသစ်တွေ့ရှိထားတဲ့ ဂလင်းနဲ့ပတ်သက်ပြီး သုတေသနလေ့လာမှုတွေ ဆက်လက်ပြုလုပ်ဖို့ စိတ်အားသန်နေပေမယ့်လည်း အဆိုပါဂလင်းကို အနီးကပ်ကြည့်ရှုနိုင်ဖို့ရာ ခက်ခဲလွန်းတာကြောင့် သုတေသနပညာရှင်တွေရဲ့ လေ့လာစမ်းသပ်မှုဟာ နှောင့်နှေးနေတာဖြစ်ကြောင်း ဒေါက်တာ Vogel က ဆိုပါတယ်။

- Advertisement -

ဒေါက်တာ Vogel က ဂလင်းအသစ်ကို တွေ့ရှိခဲ့ခြင်းက ဓါတ်ရောင်ခြည်ကုသမှုကို ခံယူပြီးတဲ့နောက် ကြုံတွေ့ရလေ့ရှိတဲ့ အာခေါင်ခြောက်တာတွေ ၊ အစားအသောက်မျိုချတဲ့အခါမှာ အခက်တွေ့နေရတာတွေနဲ့ ပတ်သက်ပြီး အဖြေထုတ်ပေးနိုင်မယ်လို့လည်း ဆိုလာပါတယ်။ ဒေါက်တာ Vogel က လူနာတွေကို ဓါတ်ရောင်ခြည်ကုသမှု ပြုလုပ်ပေးတဲ့အခါမှာ တစ်ချက်လေးမှားသွားတာနဲ့ နူးညံ့တဲ့တစ်ရှူးတွေကို ပျက်စီးသွားစေနိုင်တာကြောင့် သတိကြီးစွာထားရတယ်လို့ ဆိုထားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ အဆိုပါတွေ့ရှိမှုအသစ်ဟာ ကင်ဆာရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေအနေနဲ့ ဓါတ်ရောင်ခြည်ကုသမှု ခံယူပြီးတဲ့နောက်မှာ ဆိုးရွားတဲ့ဝေဒနာတွေကနေ သက်သာလာအောင် အထောက်အကူပြုဖို့အတွက် မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

- Advertisement -

လူနာတော်တော်များများအတွက်ကတော့ ဓါတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးတဲ့အခါမှာ ဂလင်းတွေကို ထိခိုက်မှုမရှိအောင် သတိထားသလိုပဲ အသစ်တွေ့ရှိထားတဲ့ ခံတွင်းဂလင်းစနစ်ကိုလည်း ထိခိုက်မှုမရှိစေရန် သတိကြီးစွာ ထားရမှာပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ဒေါက်တာ Vogel က “လူနာတွေကို ကုသပေးနေရင်းနဲ့ ဂလင်းကို ဘယ်လိုမျိုး ဖယ်ထုတ်ပေးရမလဲဆိုတာ ဆက်လက်လေ့လာသွားပါဦးမယ်။ ကုသမှုပြီးသွားတဲ့အခါမှာတော့ လူနာတွေအနေနဲ့ ဆိုးကျိုးအနည်းငယ်ကိုသာ ကြုံတွေ့ခံစားရဖို့အတွက် မျှော်လင့်ပါတယ်။” လို့ ဆိုခဲ့ပါတယ်။

<Unicode Version>

 

 

သိပၸံပညာရွင္ေတြ ရွာေဖြေတြ႕ရွိခဲ့တဲ့ လူဦးေခါင္းထဲမွ အဂၤါအသစ္တစ္ခု။

သိပၸံပညာရွင္ေတြဟာ အသစ္အသစ္ေတြကို အၿမဲတမ္းရွာေဖြေလ့လာေနၾကၿပီး ဒီတစ္ေခါက္မွာလည္း လူဦးေခါင္းထဲမွာရွိေနတဲ့ အဂၤါအသစ္တစ္ခုကို ရွာေဖြေတြ႕ရွိခ့ဲၾကပါတယ္။ လူသားေတြရဲ႕ ဦးေခါင္းထဲမွာ အၿမဲတမ္းတည္ရွိေနခဲ့တဲ့ အဂၤါတစ္ခုကို အခုခ်ိန္မွေတြ႕ရွိခဲ့ျခင္းက သိပၸံပညာရွင္ေတြကို အံ့အားသင့္ေစခဲ့ပါတယ္။ အဆိုပါအဂၤါအသစ္ဟာ ႏွာေခါင္းနဲ႔လည္ေခ်ာင္း ဆက္ေနတဲ့လမ္းေၾကာင္းမွာရွိေနတ႔ဲ ဂလင္းတစ္ခုျဖစ္ၿပီး  သိပၸံပညာရွင္ေတြအေနနဲ႕ ေဝွးေစ့ကင္ဆာေရာဂါနဲ႔ ပတ္သက္ၿပီး ေလ့လာေနတဲ့အခ်ိန္မွာ အဆိုပါဂလင္းကို ေတြ႕ရွိခဲ့ျခင္းျဖစ္ကာ အဆိုပါဂလင္းဟာ လည္ေခ်ာင္းကို စိုစြတ္ေနေစဖို႔အတြက္ ရွိေနျခင္းျဖစ္တယ္လို႔ သိရပါတယ္။

- Advertisement -

နယ္သာလန္ကင္ဆာကုသေရးအဖြဲ႔အစည္းက ကင္ဆာေရာဂါကုသေရး အထူးကုတစ္ေယာက္ျဖစ္တဲ့ ေဒါက္တာ Wouter Vogel က “သိပၸံပညာရွင္ေတြနဲ႔ ခႏၶာေဗဒပညာရွင္ေတြ ေလ့လာေတြ႕ရွိထားသေလာက္ေတာ့ ပံုမွန္အားျဖင့္ လူတစ္ေယာက္မွာ ျမင္ရလြယ္ကူတဲ့ တံေတြးဂလင္း ၃ စုရွိၿပီး လည္ေခ်ာင္းနားမွာရွိတဲ့ ဂလင္းေတြကေတာ့ သာမန္မ်က္စိနဲ႔ မျမင္ႏိုင္ေလာက္ေအာင္ကို ေသးငယ္ကာ အေရအတြက္အားျဖင့္ ေထာင္ေပါင္းမ်ားစြာရွိပါတယ္။ ဒီေတာ့ကာ ကၽြန္ေတာ္တို႔ ဒီဂလင္းအသစ္ကို ေတြ႕ရွိရတဲ့အခါမွာေတာ့ အရမ္းကိုအံ့ၾသသြားပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

သုေတသနပညာရွင္ေတြက အသစ္ေတြ႕ရွိထားတဲ့ ဂလင္းနဲ႔ပတ္သက္ၿပီး သုေတသနေလ့လာမႈေတြ ဆက္လက္ျပဳလုပ္ဖို႕ စိတ္အားသန္ေနေပမယ့္လည္း အဆိုပါဂလင္းကို အနီးကပ္ၾကည့္႐ႈႏိုင္ဖို႔ရာ ခက္ခဲလြန္းတာေၾကာင့္ သုေတသနပညာရွင္ေတြရဲ႕ ေလ့လာစမ္းသပ္မႈဟာ ေႏွာင့္ေႏွးေနတာျဖစ္ေၾကာင္း ေဒါက္တာ Vogel က ဆိုပါတယ္။

ေဒါက္တာ Vogel က ဂလင္းအသစ္ကို ေတြ႕ရွိခ့ဲျခင္းက ဓါတ္ေရာင္ျခည္ကုသမႈကို ခံယူၿပီးတဲ့ေနာက္ ၾကံဳေတြ႕ရေလ့ရွိတဲ့ အာေခါင္ေျခာက္တာေတြ ၊ အစားအေသာက္မ်ိဳခ်တဲ့အခါမွာ အခက္ေတြ႕ေနရတာေတြနဲ႔ ပတ္သက္ၿပီး အေျဖထုတ္ေပးႏိုင္မယ္လို႔လည္း ဆိုလာပါတယ္။ ေဒါက္တာ Vogel က လူနာေတြကို ဓါတ္ေရာင္ျခည္ကုသမႈ ျပဳလုပ္ေပးတဲ့အခါမွာ တစ္ခ်က္ေလးမွားသြားတာနဲ႔ ႏူးညံ့တဲ့တစ္ရွဴးေတြကို ပ်က္စီးသြားေစႏိုင္တာေၾကာင့္ သတိႀကီးစြာထားရတယ္လို႔ ဆိုထားပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ အဆိုပါေတြ႕ရွိမႈအသစ္ဟာ ကင္ဆာေရာဂါခံစားေနရတဲ့ ေဝဒနာရွင္ေတြအေနနဲ႔ ဓါတ္ေရာင္ျခည္ကုသမႈ ခံယူၿပီးတဲ့ေနာက္မွာ ဆိုးရြားတဲ့ေဝဒနာေတြကေန သက္သာလာေအာင္ အေထာက္အကူျပဳဖို႔အတြက္ ေမွ်ာ္လင့္ထားတယ္လို႔ ဆိုပါတယ္။

လူနာေတာ္ေတာ္မ်ားမ်ားအတြက္ကေတာ့ ဓါတ္ေရာင္ျခည္ကုထုံးျဖင့္ ကုသေပးတဲ့အခါမွာ ဂလင္းေတြကို ထိခိုက္မႈမရွိေအာင္ သတိထားသလိုပဲ အသစ္ေတြ႕ရွိထားတဲ့ ခံတြင္းဂလင္းစနစ္ကိုလည္း ထိခိုက္မႈမရွိေစရန္ သတိႀကီးစြာ ထားရမွာပဲျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ ဆက္လက္ၿပီးေတာ့ ေဒါက္တာ Vogel က “လူနာေတြကို ကုသေပးေနရင္းနဲ႔ ဂလင္းကို ဘယ္လိုမ်ိဳး ဖယ္ထုတ္ေပးရမလဲဆိုတာ ဆက္လက္ေလ့လာသြားပါဦးမယ္။ ကုသမႈၿပီးသြားတဲ့အခါမွာေတာ့ လူနာေတြအေနနဲ႔ ဆိုးက်ိဳးအနည္းငယ္ကိုသာ ၾကံဳေတြ႕ခံစားရဖို႔အတြက္ ေမွ်ာ္လင့္ပါတယ္။” လို႔ ဆိုခဲ့ပါတယ္။

<Zawgyi Version>

 

#soshwescience

#soshweforyourdailylife

#likeandshare

 

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

three × one =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...