HomeLifeStyleအဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

အဝတ်အစားတွေနဲ့ပတ်သက်ပြီး ကျားမခွဲခြားမှုမရှိကြောင်း (၄) နှစ်တိုင်တိုင် သက်သေပြခဲ့သည့် အမျိုးသား။

- Advertisement -

ဒီနေ့ဒီအချိန်အထိ ကျားမခွဲခြားမှုပြုလုပ်နေတာက သင့်ကိုစမတ်ကျတဲ့သူတစ်ယောက်ဖြစ်စေမှာမဟုတ်ပါဘူး။ အမျိုးသမီးတွေက အမျိုးသားတွေနဲ့အပြိုင် ရင်ဘောင်တန်းလာတဲ့အချိန်မှာ ယောက်ျားလေးမို့လို့၊ မိန်းကလေးမို့လို့ဆိုပြီး ခွဲခြားခွဲခြားလုပ်နေတာတွေကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံးက ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒီလိုအချိန်မှာ ဂျာမနီနိုင်ငံက ကလေး (၃) ယောက်အဖေ အမျိုးသားတစ်ယောက်ဟာ ထူးထူးဆန်းဆန်းလုပ်ရပ်တစ်ခုကို လုပ်ပြခဲ့ပါတယ်။

 


ဒါကတော့ တခြားမဟုတ်ပါဘူး။ နေ့စဉ်ရုံးသွားရုံးပြန်ချိန်တိုင်းမှာ မိန်းကလေးတစ်ယောက်လို ဝတ်စားရင်း အဝတ်အစားဆိုတာ ကျားမခွဲခြားခြင်းတစ်ခုသာဖြစ်ကြောင်း ပြသခဲ့ပါတယ်။ ဒါ့အပြင် အသက် (၆၁) နှစ်အရွယ် မာ့ခ်ဘရိုင်ယန်ဟာ အခုမှဒီလိုမျိုးစတင်လုပ်ဆောင်တာမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ (၄) နှစ်တည်းက အခုလိုမျိုး မိန်းကလေးတစ်ယောက်လို ဝတ်ဆင်ရင်း အဝတ်အစားနဲ့ပတ်သက်ပြီး ရှေးရိုးစွဲအယူအဆတွေကို တိုက်ဖျက်ဖို့ တိုက်ပွဲဝင်ခဲ့တာပါ။

- Advertisement -

 

- Advertisement -


မာ့ခ်ဘရိုင်ယန်အနေနဲ့ ကောလိပ်ကျောင်းသားဘဝမှာ မိမိချစ်သူနဲ့အတူတွဲကရန် ပြင်ဆင်တဲ့အချိန်မှာ ဒေါက်မြင့်ဖိနပ်ကို ပထမဆုံးစတင်စီးဖူးခဲ့ပြီး နောက်ပိုင်းမှာတော့ စကတ်အတိုကိုပါဝတ်ဆင်လာခဲ့ခြင်းဖြစ်ပါတယ်။ မာ့ခ်ဘရိုင်ယန်ဟာ သူ့ရဲ့ဝတ်စားဆင်ယင်ပုံများကို အင်စတာဂရမ်အကောင့်မှတစ်ဆင့် ပုံမှန်မျှဝေလေ့ရှိပြီး ရုံးသွားချိန်တင်သာမက အိမ်ထဲမှာနေချိန်နဲ့ အနီးအနားသို့ စျေးဝယ်ထွက်ချိန်မှာလည်း မိန်းကလေးတစ်ယောက်ကဲ့သို့သာ ဝတ်ဆင်သွားလာလေ့ရှိကြောင်း သိရှိရပါတယ်။

 


မာ့ခ်ဘရိုင်ယန်ရဲ့ ဝတ်စားဆင်ယင်ပုံကြောင့် အများစုက မာ့ခ်ဘရိုင်ယန်ကို Gay တစ်ယောက်ဟု ယူဆနေကြပေမယ့် ကာယကံရှင်ကိုယ်တိုင်ကမူ Straight တစ်ယောက်သာဖြစ်ကြောင်း၊ ပျော်ပျော်နေတတ်ပြီး အိမ်ထောင်ရှိသူတစ်ယောက်ဖြစ်ကြောင်း သူ့ရဲ့ Bio ၌ရေးသားဖော်ပြထားပါတယ်။ သူအကြိုက်နှစ်သက်ဆုံးအရာများနဲ့ ပတ်သက်ပြီးတော့လည်း မာ့ခ်ဘရိုင်ယန်က “လုံးဝကြီး သက်သောင့်သက်သာဖြစ်တာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ (၅) လက်မအမြင့်ရှိတဲ့ ဒေါက်ဖိနပ်နဲ့ စကတ်အတိုအကျပ်တွေကို သဘောကျပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။


၄င်းရဲ့လုပ်ရပ်များအပေါ် မေးခွန်းထုတ်ဝေဖန်မှုများကို ရင်ဆိုင်ခဲ့ရသည့်အပေါ်မှာလည်း မာ့ခ်ဘရိုင်ယန်က “အမြဲတမ်းလိုလိုပါပဲ။ ဒါပေမယ့် ကျွန်တော်ကတော့ ခင်ဗျားတို့အလုပ်မဟုတ်ဘူးလို့ပဲ ပြန်ပြောပါတယ်။ တချို့အချိန်တွေမှာတော့ ကျွန်တော်က Straight တစ်ယောက်ဖြစ်ပါတယ်လို့ပဲ ပြန်ရှင်းလေ့ရှိပါတယ်။ စကတ်နဲ့ဒေါက်ဖိနပ်တွေကို ဝတ်ဆင်တာက အမျိုးသမီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့ လိင်ပိုင်းဆိုင်ရာခံယူချက်ကို ပြသတာလားလို့ မေးရမှာပါ။” ဟု ပြောကြားခဲ့ပါတယ်။ မာ့ခ်ဘရိုင်ယန်ဟာ အိမ်ထောင် (၃) ခါကျဖူးသည့်အမျိုးသားတစ်ယောက်ဖြစ်ပေမယ့် လက်ရှိအမျိုးသမီးနဲ့မူ အိမ်ထောင်သက် (၁၁) နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ကလေးများကလည်း သူရဲ့ရွေးချယ်မှုနဲ့ပတ်သက်၍ အားပေးထောက်ခံကြောင်း မာ့ခ်ဘရိုင်ယန်က ဖွင့်ဟပြောကြားခဲ့ပါတယ်။


ဒါ့အပြင် ပထမဆုံးအကြိမ်အဖြစ် စကတ်ဝတ်ဆင်ပြီး အလုပ်သွားစဉ်က တော်တော်လေးစိတ်လှုပ်ရှားခဲ့ကြောင်း မာ့ခ်ဘရိုင်ယန်က ဝန်ခံခဲ့ပြီး နောက်ပိုင်းမှာတော့ လူအများစုက အခြားသူတစ်ယောက် မည်ကဲ့သို့ဝတ်ဆင်သည်ကို စိတ်မဝင်စားတတ်ကြောင်း သတိထားမိခဲ့သည်ဟုဆိုပါတယ်။ ဒါ့အပြင် သူ့ရဲ့ဝတ်စားဆင်ယင်ပုံနဲ့ပတ်သက်၍ ပြဿနာအချို့ရှိနေဆဲဖြစ်ကြောင်းကိုလည်း မာ့ခ်ဘရိုင်ယန်က “အချို့လူတွေ၊ အဓိကအားဖြင့် ယောက်ျားလေးတွေပေါ့။ သူတို့က ကျွန်တော်အခုလို ဝတ်ဆင်တာကို အံ့အားသင့်နေကြပါတယ်။ ဒါပေမယ့် လူနည်းစုပါပဲ။ အဝတ်အစားတွေမှာ လိင်ပိုင်းဆိုင်ရာ ခွဲခြားမှုဆိုတာတွေ မရှိပါဘူး။ တစ်ခုရှိတာက အကျႌကိုတော့ ကျွန်တော် အမျိုးသားဝတ်အင်္ကျီကိုပဲဝတ်ပါတယ်။ ရှင်းရှင်းလင်းလင်းဖြစ်အောင်လို့ပေါ့။” ဟု ပြောကြားသွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

အဝတ္အစားေတြနဲ႔ပတ္သက္ၿပီး က်ားမခြဲျခားမႈမရွိေၾကာင္း (၄) ႏွစ္တိုင္တိုင္ သက္ေသျပခဲ့သည့္ အမ်ိဳးသား။

ဒီေန႔ဒီအခ်ိန္အထိ က်ားမခြဲျခားမႈျပဳလုပ္ေနတာက သင့္ကိုစမတ္က်တဲ့သူတစ္ေယာက္ျဖစ္ေစမွာမဟုတ္ပါဘူး။ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြနဲ႔အၿပိဳင္ ရင္ေဘာင္တန္းလာတဲ့အခ်ိန္မွာ ေယာက္်ားေလးမို႔လို႔၊ မိန္းကေလးမို႔လို႔ဆိုၿပီး ခြဲျခားခြဲျခားလုပ္ေနတာေတြကို တိုက္ဖ်က္ဖို႔ တစ္ကမၻာလုံးက ပူးေပါင္းေဆာင္ရြက္ေနၾကပါတယ္။ ဒီလိုအခ်ိန္မွာ ဂ်ာမနီနိုင္ငံက ကေလး (၃) ေယာက္အေဖ အမ်ိဳးသားတစ္ေယာက္ဟာ ထူးထူးဆန္းဆန္းလုပ္ရပ္တစ္ခုကို လုပ္ျပခဲ့ပါတယ္။

 

ဒါကေတာ့ တျခားမဟုတ္ပါဘူး။ ေန႔စဥ္႐ုံးသြား႐ုံးျပန္ခ်ိန္တိုင္းမွာ မိန္းကေလးတစ္ေယာက္လို ဝတ္စားရင္း အဝတ္အစားဆိုတာ က်ားမခြဲျခားျခင္းတစ္ခုသာျဖစ္ေၾကာင္း ျပသခဲ့ပါတယ္။ ဒါ့အျပင္ အသက္ (၆၁) ႏွစ္အရြယ္ မာ့ခ္ဘရိုင္ယန္ဟာ အခုမွဒီလိုမ်ိဳးစတင္လုပ္ေဆာင္တာမဟုတ္ပါဘူး။ လြန္ခဲ့တဲ့ (၄) ႏွစ္တည္းက အခုလိုမ်ိဳး မိန္းကေလးတစ္ေယာက္လို ဝတ္ဆင္ရင္း အဝတ္အစားနဲ႔ပတ္သက္ၿပီး ေရွးရိုးစြဲအယူအဆေတြကို တိုက္ဖ်က္ဖို႔ တိုက္ပြဲဝင္ခဲ့တာပါ။

 

မာ့ခ္ဘရိုင္ယန္အေနနဲ႔ ေကာလိပ္ေက်ာင္းသားဘဝမွာ မိမိခ်စ္သူနဲ႔အတူတြဲကရန္ ျပင္ဆင္တဲ့အခ်ိန္မွာ ေဒါက္ျမင့္ဖိနပ္ကို ပထမဆုံးစတင္စီးဖူးခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ စကတ္အတိုကိုပါ ဝတ္ဆင္လာခဲ့ျခင္းျဖစ္ပါတယ္။ မာ့ခ္ဘရိုင္ယန္ဟာ သူ႕ရဲ႕ဝတ္စားဆင္ယင္ပုံမ်ားကို အင္စတာဂရမ္အေကာင့္မွတစ္ဆင့္ ပုံမွန္မၽွေဝေလ့ရွိၿပီး ႐ုံးသြားခ်ိန္တင္သာမက အိမ္ထဲမွာေနခ်ိန္နဲ႔ အနီးအနားသို႔ ေစ်းဝယ္ထြက္ခ်ိန္မွာလည္း မိန္းကေလးတစ္ေယာက္ကဲ့သို႔သာ ဝတ္ဆင္သြားလာေလ့ရွိေၾကာင္း သိရွိရပါတယ္။

 

မာ့ခ္ဘရိုင္ယန္ရဲ့ ဝတ္စားဆင္ယင္ပုံေၾကာင့္ အမ်ားစုက မာ့ခ္ဘရိုင္ယန္ကို Gay တစ္ေယာက္ဟု ယူဆေနၾကေပမယ့္ ကာယကံရွင္ကိုယ္တိုင္ကမူ Straight တစ္ေယာက္သာျဖစ္ေၾကာင္း၊ ေပ်ာ္ေပ်ာ္ေနတတ္ၿပီး အိမ္ေထာင္ရွိသူတစ္ေယာက္ျဖစ္ေၾကာင္း သူ႕ရဲ႕ Bio ၌ေရးသားေဖာ္ျပထားပါတယ္။ သူအႀကိဳက္ႏွစ္သက္ဆုံးအရာမ်ားနဲ႔ ပတ္သက္ၿပီးေတာ့လည္း မာ့ခ္ဘရိုင္ယန္က “လုံးဝႀကီး သက္ေသာင့္သက္သာျဖစ္တာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ (၅) လက္မအျမင့္ရွိတဲ့ ေဒါက္ဖိနပ္နဲ႔ စကတ္အတိုအက်ပ္ေတြကို သေဘာက်ပါတယ္။” ဆိုၿပီး ေျပာၾကားခဲ့ပါတယ္။

၄င္းရဲ႕လုပ္ရပ္မ်ားအေပၚ ေမးခြန္းထုတ္ေဝဖန္မႈမ်ားကို ရင္ဆိုင္ခဲ့ရသည့္အေပၚမွာလည္း မာ့ခ္ဘရိုင္ယန္က “အျမဲတမ္းလိုလိုပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္ကေတာ့ ခင္ဗ်ားတို႔အလုပ္မဟုတ္ဘူးလို႔ပဲ ျပန္ေျပာပါတယ္။ တခ်ိဳ႕အခ်ိန္ေတြမွာေတာ့ ကၽြန္ေတာ္က Straight တစ္ေယာက္ျဖစ္ပါတယ္လို႔ပဲ ျပန္ရွင္းေလ့ရွိပါတယ္။ စကတ္နဲ႔ေဒါက္ဖိနပ္ေတြကို ဝတ္ဆင္တာက အမ်ိဳးသမီးတစ္ေယာက္ျဖစ္တယ္ဆိုတဲ့ လိင္ပိုင္းဆိုင္ရာခံယူခ်က္ကို ျပသတာလားလို႔ ေမးရမွာပါ။” ဟု ေျပာၾကားခဲ့ပါတယ္။ မာ့ခ္ဘရိုင္ယန္ဟာ အိမ္ေထာင္ (၃) ခါက်ဖူးသည့္အမ်ိဳးသားတစ္ေယာက္ျဖစ္ေပမယ့္ လက္ရွိအမ်ိဳးသမီးနဲ႔မူ အိမ္ေထာင္သက္ (၁၁) ႏွစ္ရွိၿပီျဖစ္ၿပီး သူ႕ရဲ႕ကေလးမ်ားကလည္း သူရဲ႕ေရြးခ်ယ္မႈနဲ႔ပတ္သက္၍ အားေပးေထာက္ခံေၾကာင္း မာ့ခ္ဘရိုင္ယန္က ဖြင့္ဟေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္ ပထမဆုံးအႀကိမ္အျဖစ္ စကတ္ဝတ္ဆင္ၿပီး အလုပ္သြားစဥ္က ေတာ္ေတာ္ေလးစိတ္လႈပ္ရွားခဲ့ေၾကာင္း မာ့ခ္ဘရိုင္ယန္က ဝန္ခံခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ လူအမ်ားစုက အျခားသူတစ္ေယာက္ မည္ကဲ့သို႔ဝတ္ဆင္သည္ကို စိတ္မဝင္စားတတ္ေၾကာင္း သတိထားမိခဲ့သည္ဟုဆိုပါတယ္။ ဒါ့အျပင္ သူ႕ရဲ႕ဝတ္စားဆင္ယင္ပုံနဲ႔ ပတ္သက္၍ ျပႆနာအခ်ိဳ႕ရွိေနဆဲျဖစ္ေၾကာင္းကိုလည္း မာ့ခ္ဘရိုင္ယန္က “အခ်ိဳ႕လူေတြ၊ အဓိကအားျဖင့္ ေယာက္်ားေလးေတြေပါ့။ သူတို႔က ကၽြန္ေတာ္အခုလို ဝတ္ဆင္တာကို အံ့အားသင့္ေနၾကပါတယ္။ ဒါေပမယ့္ လူနည္းစုပါပဲ။ အဝတ္အစားေတြမွာ လိင္ပိုင္းဆိုင္ရာ ခြဲျခားမႈဆိုတာေတြ မရွိပါဘူး။ တစ္ခုရွိတာက အက်ႌကိုေတာ့ ကၽြန္ေတာ္ အမ်ိဳးသားဝတ္အကႌ်ကိုပဲဝတ္ပါတယ္။ ရွင္းရွင္းလင္းလင္းျဖစ္ေအာင္လို႔ေပါ့။” ဟု ေျပာၾကားသြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

12 − five =

Must Read

Facebook နဲ့ ပေါင်းပြီး စီးပွားရေးသောင်းကျန်းဖို့ ကြံစည်ခဲ့တဲ့ Apple

ငွေရှာနည်းကျမ်းကြေတဲ့ Apple ဟာ Facebook ကို ချဉ်းကပ်ပြီး ကြော်ငြာမပါတဲ့ လူမှုကွန်ရက်ဗားရှင်းတစ်မျိုး ဖန်တီးဖို့ ညှိနှိုင်းခဲ့တယ်လို့ The Wall Street Journal သတင်းက ဖော်ပြခဲ့ပါတယ်။ ကြော်ငြာမပါတဲ့ Facebook အထူးဗားရှင်းကို လစဉ်ကြေးပေးပြီး သုံးရအောင် စီစဉ်ထားခြင်းဖြစ်သလို ကြော်ငြာထည့်ဖို့ ရည်ရွယ်ချက်နဲ့...