HomeOtherAnimalsအချစ်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် ပန်ဒါဝက်ဝံနှစ်ကောင်။

အချစ်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် ပန်ဒါဝက်ဝံနှစ်ကောင်။

- Advertisement -

အချစ်ကိုရဖို့ တိုက်ပွဲဝင်တယ်ဆိုတာက လူ့ဘောင်လောကထဲမှာတင်မဟုတ်ဘဲ တိရစ္ဆာန်လောကမှာလည်း ဒါက သဘာဝတရားအဖြစ် တည်ရှိနေဆဲအရာတစ်ခုပါ။ အချစ်အတွက် အသက်ပင်သေသေ တိုက်ပွဲဝင်ပစ်မယ်လို့ ကြုံးဝါးရင်း ရင်ဆိုင်တိုက်ပွဲဝင်နေတဲ့လူသားတွေရှိသလို ပန်ဒါဝက်ဝံအထီးနှစ်ကောင်ကလည်း ပန်ဒါဝက်ဝံအမတစ်ကောင်ရဲ့ မေတ္တာနဲ့အာရုံစိုက်မှုတွေကိုရရှိဖို့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေကြတဲ့ပုံရိပ်တွေကို အမိအရမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

တရုတ်ရုပ်ရှင်ရိုက်ကူးရေးသမား (၂) ဦးသည် ပန်းခြံဝန်ထမ်းများ၊ သိပ္ပံပညာရှင်များနဲ့အတူ တရုတ်နိုင်ငံရှိ Qinling တောင်မှ ပန်ဒါဝက်ဝံများရဲ့ နေ့စဉ်နေထိုင်မှုပုံစံများကို စိတ်ရှည်လက်ရှည်ဖြင့် မှတ်တမ်းတင်ခဲ့ကြပါတယ်။ လက်ရှိအချိန်၌မူ အဆိုပါရိုက်ကူးရေးသမားများသည် ပန်ဒါဝက်ဝံများရဲ့ မိတ်လိုက်သည့် သဘာဝနဲ့ပတ်သက်၍ ပထမဆုံးထူးထူးဆန်းဆန်းဗီဒီယိုတစ်ခုကို မှတ်တမ်းတင်နိုင်ခဲ့ပြီး စိတ်ရှည်သည်းခံခြင်းရဲ့ အကျိုးရလဒ်ကိုခံစားခဲ့ရပြီဖြစ်ပါတယ်။ ယခုရရှိလာသည့် မှတ်တမ်းဗီဒီယိုသည် ပန်ဒါအမတစ်ကောင်ကို အပြိုင်အဆိုင်ဆွဲဆောင်ရင်း ပန်ဒါအထီးဝက်ဝံနှစ်ကောင် အချင်းချင်း တိုက်ခိုက်နေကြသည့် ဗီဒီယိုပင်ဖြစ်ပါတယ်။

ပထမဆုံးခြေလှမ်းတစ်ရပ်အနေဖြင့်ကြည့်ပါက ယခုကဲ့သို့စွမ်းဆောင်နိုင်ခြင်းက အင်မတန်မှ ဝမ်းသာစရာကိစ္စဖြစ်ပြီး အဘယ်ကြောင့်ဆိုသော် ပန်ဒါဝက်ဝံများရဲ့ မျိုးပွားသည့်ရာသီတိုတောင်းခြင်း၊ သဘာဝအတိုင်း ရှင်သန်နေထိုင်သည့် ပန်ဒါဝက်ဝံအရေအတွက်က (၂,၀၀၀) ခန့်သာ ကျန်ရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။

- Advertisement -

ပန်ဒါဝက်ဝံအမများသည် တစ်နှစ်လျှင် ရက်အနည်းငယ်သာမျိုးအောင်နိုင်ပြီး ပန်ဒါဝက်ဝံများမျိုးအောင်ရေးက အလွန်ခက်ခဲသည့် ကိစ္စရပ်တစ်ခုလည်း ဖြစ်ပါတယ်။ ပန်ဒါများရဲ့ မျိုးပွားရာသီ၌ ယခုကဲ့သို့ ပန်ဒါအထီးနှစ်ကောင် ခိုက်ရန်ဖြစ်ပွားနေသည့်ဗီဒီယိုက ရှားရှားပါးပါးမြင်တွေ့ရသည့်ဗီဒီယိုဖြစ်ပြီး Pandas: Born to Be Wild ဆိုသည့်နာမည်ဖြင့် PBS ၌ ထုတ်လွှင့်ပြသမည့် မိနစ် (၆၀) ကြာမှတ်တမ်းရုပ်ရှင်အတွင်း အဆိုပါဗီဒီယိုကို ထည့်သွင်းဖော်ပြသွားမည်ဖြစ်ပါတယ်။ အဆိုပါဗီဒီယိုအပြည့်အစုံအတွင်း မိတ်လိုက်ချိန်၌ ပန်ဒါဝက်ဝံများရဲ့နေ့စဉ်နေထိုင်မှုဘဝများ၊ ပန်ဒါဝက်ဝံငယ်လေးတစ်ကောင်ရဲ့ တောရိုင်းအတွင်း၌ ရှင်သန်နေထိုင်ရန် ရုန်းကန်ခဲ့ရပုံများကို ထည့်သွင်းတင်ဆက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

<Unicode Version>

- Advertisement -

 

 

 

အခ်စ္အတြက္ ရြပ္ရြပ္ခၽြံခၽြံတိုက္ပြဲဝင္ခဲ့ၾကသည့္ ပန္ဒါဝက္ဝံႏွစ္ေကာင္။

အခ်စ္ကိုရဖို႔ တိုက္ပြဲဝင္တယ္ဆိုတာက လူ႔ေဘာင္ေလာကထဲမွာတင္မဟုတ္ဘဲ တိရစၧာန္ေလာကမွာလည္း ဒါက သဘာဝတရားအျဖစ္ တည္ရွိေနဆဲအရာတစ္ခုပါ။ အခ်စ္အတြက္ အသက္ပင္ေသေသ တိုက္ပြဲဝင္ပစ္မယ္လို႔ ၾကဳံးဝါးရင္း ရင္ဆိုင္တိုက္ပြဲဝင္ေနတဲ့လူသားေတြရွိသလို ပန္ဒါဝက္ဝံအထီးႏွစ္ေကာင္ကလည္း ပန္ဒါဝက္ဝံအမတစ္ေကာင္ရဲ႕ ေမတၱာနဲ႔အာ႐ုံစိုက္မႈေတြကိုရရွိဖို႔ ရြပ္ရြပ္ခၽြံခၽြံ တိုက္ပြဲဝင္ေနၾကတဲ့ပုံရိပ္ေတြကို အမိအရမွတ္တမ္းတင္နိုင္ခဲ့ၿပီျဖစ္ပါတယ္။

တ႐ုတ္႐ုပ္ရွင္ရိုက္ကူးေရးသမား (၂) ဦးသည္ ပန္းၿခံဝန္ထမ္းမ်ား၊ သိပၸံပညာရွင္မ်ားနဲ႔အတူ တ႐ုတ္နိုင္ငံရွိ Qinling ေတာင္မွ ပန္ဒါဝက္ဝံမ်ားရဲ့ ေန႔စဥ္ေနထိုင္မႈပုံစံမ်ားကို စိတ္ရွည္လက္ရွည္ျဖင့္ မွတ္တမ္းတင္ခဲ့ၾကပါတယ္။ လက္ရွိအခ်ိန္၌မူ အဆိုပါရိုက္ကူးေရးသမားမ်ားသည္ ပန္ဒါဝက္ဝံမ်ားရဲ႕ မိတ္လိုက္သည့္ သဘာဝနဲ႔ပတ္သက္၍ ပထမဆုံးထူးထူးဆန္းဆန္းဗီဒီယိုတစ္ခုကို မွတ္တမ္းတင္နိုင္ခဲ့ၿပီး စိတ္ရွည္သည္းခံျခင္းရဲ႕ အက်ိဳးရလဒ္ကိုခံစားခဲ့ရၿပီျဖစ္ပါတယ္။ ယခုရရွိလာသည့္ မွတ္တမ္းဗီဒီယိုသည္ ပန္ဒါအမတစ္ေကာင္ကို အၿပိဳင္အဆိုင္ဆြဲေဆာင္ရင္း ပန္ဒါအထီးဝက္ဝံႏွစ္ေကာင္ အခ်င္းခ်င္း တိုက္ခိုက္ေနၾကသည့္ ဗီဒီယိုပင္ျဖစ္ပါတယ္။

ပထမဆုံးေျခလွမ္းတစ္ရပ္အေနျဖင့္ၾကည့္ပါက ယခုကဲ့သို႔စြမ္းေဆာင္နိုင္ျခင္းက အင္မတန္မွ ဝမ္းသာစရာကိစၥျဖစ္ၿပီး အဘယ္ေၾကာင့္ဆိုေသာ္ ပန္ဒါဝက္ဝံမ်ားရဲ႕ မ်ိဳးပြားသည့္ရာသီတိုေတာင္းျခင္း၊ သဘာဝအတိုင္း ရွင္သန္ေနထိုင္သည့္ ပန္ဒါဝက္ဝံအေရအတြက္က (၂,၀၀၀) ခန္႔သာ က်န္ရွိျခင္းတို႔ေၾကာင့္ ျဖစ္ပါတယ္။

- Advertisement -

ပန္ဒါဝက္ဝံအမမ်ားသည္ တစ္ႏွစ္လၽွင္ ရက္အနည္းငယ္သာမ်ိဳးေအာင္နိုင္ၿပီး ပန္ဒါဝက္ဝံမ်ားမ်ိဳးေအာင္ေရးက အလြန္ခက္ခဲသည့္ ကိစၥရပ္တစ္ခုလည္း ျဖစ္ပါတယ္။ ပန္ဒါမ်ားရဲ႕ မ်ိဳးပြားရာသီ၌ ယခုကဲ့သို႔ ပန္ဒါအထီးႏွစ္ေကာင္ ခိုက္ရန္ျဖစ္ပြားေနသည့္ဗီဒီယိုက ရွားရွားပါးပါးျမင္ေတြ႕ရသည့္ဗီဒီယိုျဖစ္ၿပီး Pandas: Born to Be Wild ဆိုသည့္နာမည္ျဖင့္ PBS ၌ ထုတ္လႊင့္ျပသမည့္ မိနစ္ (၆၀) ၾကာမွတ္တမ္း႐ုပ္ရွင္အတြင္း အဆိုပါဗီဒီယိုကို ထည့္သြင္းေဖာ္ျပသြားမည္ျဖစ္ပါတယ္။ အဆိုပါဗီဒီယိုအျပည့္အစုံအတြင္း မိတ္လိုက္ခ်ိန္၌ ပန္ဒါဝက္ဝံမ်ားရဲ့ေန႔စဥ္ေနထိုင္မႈဘဝမ်ား၊ ပန္ဒါဝက္ဝံငယ္ေလးတစ္ေကာင္ရဲ့ ေတာရိုင္းအတြင္း၌ ရွင္သန္ေနထိုင္ရန္ ႐ုန္းကန္ခဲ့ရပုံမ်ားကို ထည့္သြင္းတင္ဆက္သြားမည္ျဖစ္ေၾကာင္းလည္း သိရွိရပါတယ္။

<Zawgyi Version>

 

#soshweanimal

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

two × four =

Must Read

လိင်ကိစ္စအတွေ့အကြုံများနဲ့ ပတ်သက်၍ ကမ္ဘာကျော်အနုပညာရှင်များရဲ့ ဖွင့်ဟဝန်ခံမှုများ။

၁။ Courteney Cox Courteney သည်သူမရဲ့ အသက်(၂၁) နှစ်အရွယ်၌ အပျိုစင်ဘဝကို ဆုံးရှုံးခဲ့ရပုံကို “ကျွန်မ ဒီလိင်ကိစ္စနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရသလို အမေကလည်း ကျွန်မသိသင့်သိထိုက်တဲ့အရာတွေကို မပြောပြခဲ့ပါဘူး။ ကျွန််မဒါကို မပြောပြသင့်တာမျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပြောပြမှာပါ။ ကျွန်မ အသက် (၂၁) နှစ်အရွယ်မှာ အပျိုစင်ဘဝကို...