HomeOtherလကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။
လကမ္ဘာနဲ့မားစ်ဂြိုဟ်သို့ သွားရောက်ရန်ပြင်ဆင်နေသည့် နိုင်ငံ (၇) နိုင်ငံ။
- Advertisement -
ကမ္ဘာကြီးရဲ့ အပြင်ဘက်အာကာသထဲက တခြားဂြိုဟ်မှာ သွားရောက်နေထိုင်ဖို့ဆိုတဲ့အကြောင်းကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ စိတ်ကူးယဉ်လာခဲ့တာ အတော်ကြာပါပြီ။ ဒီအတွက်လည်း လိုအပ်တဲ့ဆန်းစစ်မှုတွေကို ဆောင်ရွက်နေကြဆဲဖြစ်ပြီး နာဆာကတော့ ၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်း ရှာဖွေလေ့လာမှုတွေ ပြုလုပ်နေကြဆဲပါ။
အခုချိန်မှာ အမေရိကန်နိုင်ငံက အခြားသောနိုင်ငံများနဲ့အတူပူးပေါင်းပြီး လကမ္ဘာနဲ့မားစ်ဂြိုဟ်တို့ကို သွားရောက်လေ့လာဖို့ သဘောတူညီမှုစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ Artemis Accords က အဆိုပါအစီအစဉ်ကို ၂၀၂၀ ခုနှစ် မေလတည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး နာဆာက သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ အီတလီ၊ လူဇင်ဘတ်၊ ယူအေအီး၊ အမေရိကန်နိုင်ငံတို့နဲ့ အတူပူးပေါင်းကာ ယခုအစီအစဉ်အတွက် ခြေလှမ်းသစ်တစ်ရပ် စတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
နာဆာရဲ့အုပ်ချုပ်သူတစ်ဦးဖြစ်သည့် Jim Bridenstine က “Artemis ဟာ လူသားတွေအတွက် အကျယ်ပြန့်ဆုံးနဲ့ မတူကွဲပြားခြားနားတဲ့ နေရာတွေကို ရှာဖွေပေးမှာဖြစ်ပြီး ဒီအတွက်လည်း ကမ္ဘာအနှံ့ကနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ ဒီနေ့စာချုပ်ချုပ်ဆိုမှုအရ ကျွန်တော်တို့က ပါတနာတွေနဲ့ပူးပေါင်းပြီး လကမ္ဘာနဲ့ပတ်သက်တာတွေကို စူးစမ်းလေ့လာမှာပါ။ ဒီလိုလုပ်ရတာက အနာဂတ်မှာ လူသားတွေအတွက် လုံခြုံအေးချမ်းပြီး စိတ်ချရတဲ့အနာဂတ်တစ်ခုကို ဖန်တီးပေးချင်လို့ပါ။” ဟု ပြောကြားခဲ့ပါတယ်။
- Advertisement -
Artemis သည် ကနဦးအနေဖြင့် အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို (၂၀၂၄) ခုနှစ်၌ လကမ္ဘာသို့ စေလွှတ်မည်ဖြစ်ပြီး မားစ်ဂြိုဟ်နဲ့ပတ်သက်သည့် ရည်မှန်းချက်များအတွက် ကနဦးခြေလှမ်းကို စတင်သွားမည်ဖြစ်ကြောင်း နာဆာက အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် ယခုကိစ္စရပ်၌ အမေရိကန်နိုင်ငံကဲ့သို့ လကမ္ဘာပေါ် အာကာသယာဉ်မရောက်ဖူး၊ လူသားမရောက်ဖူးသည့်နိုင်ငံပါဝင်လာခြင်းအပေါ် ထောက်ပြဝေဖန်မှုများရှိနေပါတယ်။
- Advertisement -
<Unicode Version>
- Advertisement -
<Zawgyi Version>
#soshwenews
#soshweforyourdailylife
#likeandshare
- Advertisement -
LEAVE A REPLY
Please enter your comment!
Please enter your name here
eight + 1 =
Must Read
ဘန်ကောက်မှာ ပထမဦးဆုံးဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ ဆေးခြောက်ကော်ဖီဆိုင်။
၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံဟာ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုမှုအတွက် တရားဝင်ခွင့်ပြုသည့် ပထမဆုံး အရှေ့တောင်အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇွန်လမတိုင်ခင်အထိ တရားဝင်အသုံးပြုခွင့် မရရှိသေးပါဘူး။ RG420 လို့အမည်ရတဲ့ ဆေးခြောက်ကော်ဖီဆိုင်ကို နိုင်ငံခြားခရီးသွားတွေနဲ့ ရေပန်းစားပြီး ရာနှင့်ချီသော ပြည်တွင်းပြည်ပ ဖောက်သည်များ စုပြုံရောက်ရှိနေပြီဖြစ်တဲ့ Khao San...