Breaking News

Start-up ကုမ္ပဏီလေးကနေ အိန္ဒိယနိုင်ငံရဲ့ အကြီးမားဆုံး ကျန်းမာရေးစောင့်ရှောက်မှုပလက်ဖောင်းတစ်ခု ဖြစ်ပေါ်လာပုံ။

ဒီနေ့ခေတ်၌ လူသားအားလုံးနီးပါးက စမတ်ဖုန်းများနဲ့ ပိုမိုရင်းနှီးအသားကျလာပြီး ဆိုရှယ်မီဒီယာများအပြင် နေ့စဉ်လူနေမှုဘဝအတွက် အထောက်အပံ့ကောင်းဖြစ်စေသည့် အက်ပလီကေးရှင်းများကိုပါ တွဲဖက်အ သုံးပြုလာကြပြီဖြစ်ပါတယ်။ မတူညီသည့်နယ်ပယ်စုံမှ အက်ပလီကေးရှင်း အများအပြားကလည်း လူသားများအတွက် အဘက်ဘက်မှအကျိုးရှိစေမည့်အရာများ ပေးစွမ်းနိုင်ရန် အပြိုင်အဆိုင် ကြိုးစားလျက်ရှိပါတယ်။

အိန္ဒိယနိုင်ငံ၌ Cure.fit အက်ပလီကေးရှင်းကို ပြီးခဲ့သည့် (၂၀၁၆) ခုနှစ်မှ စတင်မိတ်ဆက်ခဲ့ပြီး အခြားသော Fitness အက်ပလီကေးရှင်းများကဲ့သို့ပင် Gym အဖွဲ့ဝင်ဖြစ်ခွင့်များနဲ့ လေ့ကျင့်ခန်းများကို လူငယ်များအတွက် စီစဉ်ပို့ချပေးသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ကျန်းမာရေးအခြေပြု အဆိုပါအက်ပလီကေးရှင်းသည် လက်ရှိအချိန်၌ အစားအစာနဲ့ ကုန်ပစ္စည်းများဖြန့်ချိခြင်း၊ အွန်လိုင်းမှ လေ့ကျင့်ခန်းများပြသခြင်း၊ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုသင်တန်းများ၊ ကျန်းမာရေးစင်တာများ၌ ဆွေးနွေးတိုင်ပင်ရန် Booking ချိတ်ဆက်ပေးခြင်းနဲ့ လေ့ကျင့်ခန်းပြုလုပ်ရန်လိုအပ်သည့်ပစ္စည်းများကို မှာယူနိုင်သည့် အွန်လိုင်းစတိုးတစ်ခုအဖြစ်ပါ အောင်မြင်နေပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေးလုပ်ငန်းအများအပြားအကျပ်အတည်းဖြင့် ရင်ဆိုင်နေရချိန်၌ Cure.fit က အိန္ဒိယနိုင်ငံအတွင်းရှိ သာမန်အက်ပလီကေးရှင်းဘဝမှ အမေရိကန်နိုင်ငံအထိပင် ခြေဆန့်နေနိုင်ပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက Cure.fit ကို အွန်လိုင်းမှတစ်ဆင့် လေ့ကျင့်ခန်းများနဲ့ ကုထုံးဆိုင်ရာအစည်းအဝေးများကို ပြုလုပ်ပေးရန်ကမ်းလှမ်းခဲ့ပြီး ယခုကဲ့သို့အောင်မြင်လာရခြင်းက “Lockdown ကာလအတွင်းမှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကို အရှိန်မြှင့်ခဲ့ပြီး အမေရိကန်နိုင်ငံမှာ ကျွန်တော်တို့ အက်ပလီကေးရှင်းက အခြေအနေ ကောင်းနေပြီဆိုတာကိုတွေ့တာနဲ့ ချက်ချင်း Launch လုပ်ခဲ့တာပါ။” ဟု Cure.fit မှ အပြည်ပြည်ဆိုင်ရာ စီးပွားလုပ်ငန်းအကြီးအကဲဖြစ်သူ ရှာမစ်ရှာမာကဖွင့်ဟပြောကြားခဲ့ပါတယ်။

 

အခြားသောစီးပွားရေးလုပ်ငန်းများကဲ့သို့ပင် Cure.fit သည်လည်း ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အခက်အခဲများနဲ့ ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် အရေးပေါ်ဗျူဟာများ ရေးဆွဲချမှတ်ခဲ့ရပါတယ်။ အိန္ဒိယနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် နိုင်ငံအတွင်းမှ အစိတ်အပိုင်းအချို့ကို Lockdown ပြုလုပ်ခဲ့ရာ ကျန်းမာရေးစင်တာပေါင်း (၂၅၀) အထိ ပိတ်ခဲ့ရပြီး အချို့မှာ လက်ရှိအချိန်၌ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ဖွင့်လှစ်နေသော်လည်း အချို့မှာမူ အပြီးတိုင် ပိတ်သိမ်းသွားခဲ့ပြီဖြစ်ပါတယ်။ Cure.fit အနေဖြင့်လည်း ဝန်ထမ်းမည်မျှကို လစာမဲ့ခွင့်ပေးခဲ့သလဲ၊ အလုပ်မှ ရပ်ဆိုင်းခဲ့သလဲဆိုခြင်းကို ဖြေကြားရန်ငြင်းဆန်ခဲ့ပေမယ့် Reuters နဲ့ TechCrunch သတင်းဌာနတို့ရဲ့ ဖော်ပြချက်အရ ဝန်ထမ်းအရေအတွက်အနည်းဆုံး (၈၀၀) အထိ လျှော့ချပစ်ခဲ့ရကြောင်း သိရှိရပါတယ်။

အိန္ဒိယနိုင်ငံအတွင်း Lockdown ချလိုက်၍ Gym များပိတ်လိုက်ချိန်မှစတင်ကာ Cure.fit က ၎င်းတို့ရဲ့ အက်ပလီကေးရှင်းမှတစ်ဆင့် သင်ခန်းစာပေါင်း (၂) သိန်းကျော်ကို အသုံးပြုသူများထံမျှဝေပေးခဲ့ပြီး နိုင်ငံအတွင်း အသုံးပြုသူအရေအတွက်ကလည်း (၁.၅) သန်းကျော်အထိ ရှိလာခဲ့ပါတယ်။ ဒါ့အပြင် ငွေပေးချေပြီး Subscribe ပြုလုပ်ထားသည့်အရေအတွက်ကလည်း (၁) သိန်းအထိရှိလာခဲ့ပါတယ်။ အမေရိကန်နိုင်ငံ၌ အဆိုပါအက်ပလီကေးရှင်းကို စတင်စမ်းသပ်ချိန်၌ပင် Download ပြုလုပ်သူအရေအတွက်က (၇) သောင်းခွဲအထိ ရှိခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုမိုပျံ့နှံ့လာချိန်၌ ကျန်းမာရေးအထောက်အကူပြုအက်ပလီကေးရှင်းများကို လူစိတ်ဝင်စားမှု ပိုမိုများပြားလာခဲ့ပြီး ထိုကဲ့သို့ လူထုအာရုံစိုက်မှု မြင့်တက်လာခြင်းက စမတ်ဖုန်းများရဲ့အနေအထားနဲ့ အင်တာနက် ဘေလ်ကုန်ကျမှုနှုန်း သက်သာလာခြင်းတို့ကြောင့်ဖြစ်သည်ဟုလည်း Netscribes ရဲ့ အကြီးတန်းအတိုင်ပင်ခံ လာလာတန်ဒူဆာဟိုးက ဆိုပါတယ်။ ဆာဟိုးက “လူတွေက အခုဆိုကျန်းမာရေးနဲ့ပတ်သက်ပြီး ပိုမိုအလေးထားလာကြပါတယ်။ သူတို့က စမတ်ဖုန်းတွေ၊ အင်တာနက်တွေနဲ့ တဖြည်းဖြည်းအသားကျလာပြီး အခုဆိုရင် ကျန်းမာရေးအတွက် အခြေခံလိုအပ်ချက်တွေကို သူတို့ရဲ့နေ့စဉ်ဘဝမှာ ပေါင်းထည့်နိုင်ဖို့ ကြိုးစားနေကြပါပြီ။” ဟု ပြောကြားခဲ့ပါတယ်။

ကူးစက်ရောဂါမတိုင်ခင် (၂၀၁၈) ခုနှစ်က အိန္ဒိယနိုင်ငံရှိအက်ပလီကေးရှင်းဈေးကွက်သည် တန်ဖိုးအားဖြင့် ဒေါ်လာသန်းပေါင်း (၃၆၀) တန်ဖိုးရှိခဲ့ရာမှ လာမယ့် (၂၀၂၄) ခုနှစ်၌ ဒေါ်လာ (၁.၈) ဘီလီယံအထိ တန်ဖိုးမြင့်တက်လာမည်ဟုလည်း ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်၌ Cure.fit က အွန်လိုင်းမှလေ့ကျင့်ခန်းများအပြင် အစားအသောက်များ၊ ကုထုံးများနဲ့ ကျန်းမာကြံ့ခိုင်ရေး ကိစ္စရပ်များကိုပါ ဝန်ဆောင်မှုပေးကာ ကမ္ဘာတစ်ဝန်းလုံးရှိ ဈေးကွက်ကို အပိုင်သိမ်းသွင်းနိုင်ရန် ရည်ရွယ်နေပြီလည်းဖြစ်ပါတယ်။

<Unicode Version>

 

 

Start-up ကုမၸဏီေလးကေန အိႏၵိယနိုင္ငံရဲ့ အႀကီးမားဆုံး က်န္းမာေရးေစာင့္ေရွာက္မႈပလက္ေဖာင္းတစ္ခု ျဖစ္ေပၚလာပုံ။

ဒီေန႔ေခတ္၌ လူသားအားလုံးနီးပါးက စမတ္ဖုန္းမ်ားနဲ႔ ပိုမိုရင္းႏွီးအသားက်လာၿပီး ဆိုရွယ္မီဒီယာမ်ားအျပင္ ေန႔စဥ္လူေနမႈဘဝအတြက္ အေထာက္အပံ့ေကာင္းျဖစ္ေစသည့္ အက္ပလီေကးရွင္းမ်ားကိုပါ တြဲဖက္အ သုံးျပဳလာၾကၿပီျဖစ္ပါတယ္။ မတူညီသည့္နယ္ပယ္စုံမွ အက္ပလီေကးရွင္း အမ်ားအျပားကလည္း လူသားမ်ားအတြက္ အဘက္ဘက္မွအက်ိဳးရွိေစမည့္အရာမ်ား ေပးစြမ္းနိုင္ရန္ အၿပိဳင္အဆိုင္ ႀကိဳးစားလ်က္ရွိပါတယ္။

အိႏၵိယနိုင္ငံ၌ Cure.fit အက္ပလီေကးရွင္းကို ၿပီးခဲ့သည့္ (၂၀၁၆) ခုႏွစ္မွ စတင္မိတ္ဆက္ခဲ့ၿပီး အျခားေသာ Fitness အက္ပလီေကးရွင္းမ်ားကဲ့သို႔ပင္ Gym အဖြဲ႕ဝင္ျဖစ္ခြင့္မ်ားနဲ႔ ေလ့က်င့္ခန္းမ်ားကို လူငယ္မ်ားအတြက္ စီစဥ္ပို႔ခ်ေပးသည့္ အက္ပလီေကးရွင္းတစ္ခုျဖစ္ခဲ့ပါတယ္။ က်န္းမာေရးအေျချပဳ အဆိုပါအက္ပလီေကးရွင္းသည္ လက္ရွိအခ်ိန္၌ အစားအစာနဲ႔ ကုန္ပစၥည္းမ်ားျဖန္႔ခ်ိျခင္း၊ အြန္လိုင္းမွ ေလ့က်င့္ခန္းမ်ားျပသျခင္း၊ စိတ္ပိုင္းဆိုင္ရာ ေလ့က်င့္မႈသင္တန္းမ်ား၊ က်န္းမာေရးစင္တာမ်ား၌ ေဆြးေႏြးတိုင္ပင္ရန္ Booking ခ်ိတ္ဆက္ေပးျခင္းနဲ႔ ေလ့က်င့္ခန္းျပဳလုပ္ရန္လိုအပ္သည့္ပစၥည္းမ်ားကို မွာယူနိုင္သည့္ အြန္လိုင္းစတိုးတစ္ခုအျဖစ္ပါ ေအာင္ျမင္ေနၿပီျဖစ္ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ စီးပြားေရးလုပ္ငန္းအမ်ားအျပားအက်ပ္အတည္းျဖင့္ ရင္ဆိုင္ေနရခ်ိန္၌ Cure.fit က အိႏၵိယနိုင္ငံအတြင္းရွိ သာမန္အက္ပလီေကးရွင္းဘဝမွ အေမရိကန္နိုင္ငံအထိပင္ ေျခဆန္႔ေနနိုင္ၿပီျဖစ္ပါတယ္။ အေမရိကန္နိုင္ငံက Cure.fit ကို အြန္လိုင္းမွတစ္ဆင့္ ေလ့က်င့္ခန္းမ်ားနဲ႔ ကုထုံးဆိုင္ရာအစည္းအေဝးမ်ားကို ျပဳလုပ္ေပးရန္ကမ္းလွမ္းခဲ့ၿပီး ယခုကဲ့သို႔ေအာင္ျမင္လာရျခင္းက “Lockdown ကာလအတြင္းမွာ ကၽြန္ေတာ္တို႔ရဲ့ ႀကိဳးစားအားထုတ္မႈေတြကို အရွိန္ျမႇင့္ခဲ့ၿပီး အေမရိကန္နိုင္ငံမွာ ကၽြန္ေတာ္တို႔ အက္ပလီေကးရွင္းက အေျခအေန ေကာင္းေနၿပီဆိုတာကိုေတြ႕တာနဲ႔ ခ်က္ခ်င္း Launch လုပ္ခဲ့တာပါ။” ဟု Cure.fit မွ အျပည္ျပည္ဆိုင္ရာ စီးပြားလုပ္ငန္းအႀကီးအကဲျဖစ္သူ ရွာမစ္ရွာမာကဖြင့္ဟေျပာၾကားခဲ့ပါတယ္။

အျခားေသာစီးပြားေရးလုပ္ငန္းမ်ားကဲ့သို႔ပင္ Cure.fit သည္လည္း ကိုရိုနာဗိုင္းရပ္စ္ကာလအတြင္း အခက္အခဲမ်ားနဲ႔ ရင္ဆိုင္ခဲ့ရၿပီး လုပ္ငန္းဆက္လက္လည္ပတ္နိုင္ေရးအတြက္ အေရးေပၚဗ်ဴဟာမ်ား ေရးဆြဲခ်မွတ္ခဲ့ရပါတယ္။ အိႏၵိယနိုင္ငံအတြင္း ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈေၾကာင့္ နိုင္ငံအတြင္းမွ အစိတ္အပိုင္းအခ်ိဳ႕ကို Lockdown ျပဳလုပ္ခဲ့ရာ က်န္းမာေရးစင္တာေပါင္း (၂၅၀) အထိ ပိတ္ခဲ့ရၿပီး အခ်ိဳ႕မွာ လက္ရွိအခ်ိန္၌ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ျပန္လည္ဖြင့္လွစ္ေနေသာ္လည္း အခ်ိဳ႕မွာမူ အၿပီးတိုင္ ပိတ္သိမ္းသြားခဲ့ၿပီျဖစ္ပါတယ္။ Cure.fit အေနျဖင့္လည္း ဝန္ထမ္းမည္မၽွကို လစာမဲ့ခြင့္ေပးခဲ့သလဲ၊ အလုပ္မွ ရပ္ဆိုင္းခဲ့သလဲဆိုျခင္းကို ေျဖၾကားရန္ျငင္းဆန္ခဲ့ေပမယ့္ Reuters နဲ႔ TechCrunch သတင္းဌာနတို႔ရဲ့ ေဖာ္ျပခ်က္အရ ဝန္ထမ္းအေရအတြက္အနည္းဆုံး (၈၀၀) အထိ ေလၽွာ့ခ်ပစ္ခဲ့ရေၾကာင္း သိရွိရပါတယ္။

အိႏၵိယနိုင္ငံအတြင္း Lockdown ခ်လိုက္၍ Gym မ်ားပိတ္လိုက္ခ်ိန္မွစတင္ကာ Cure.fit က ၄င္းတို႔ရဲ့ အက္ပလီေကးရွင္းမွတစ္ဆင့္ သင္ခန္းစာေပါင္း (၂) သိန္းေက်ာ္ကို အသုံးျပဳသူမ်ားထံမၽွေဝေပးခဲ့ၿပီး နိုင္ငံအတြင္း အသုံးျပဳသူအေရအတြက္ကလည္း (၁.၅) သန္းေက်ာ္အထိ ရွိလာခဲ့ပါတယ္။ ဒါ့အျပင္ ေငြေပးေခ်ၿပီး Subscribe ျပဳလုပ္ထားသည့္အေရအတြက္ကလည္း (၁) သိန္းအထိရွိလာခဲ့ပါတယ္။ အေမရိကန္နိုင္ငံ၌ အဆိုပါအက္ပလီေကးရွင္းကို စတင္စမ္းသပ္ခ်ိန္၌ပင္ Download ျပဳလုပ္သူအေရအတြက္က (၇) ေသာင္းခြဲအထိ ရွိခဲ့ပါတယ္။

ကိုရိုနာဗိုင္းရပ္စ္ပိုမိုပ်ံ႕ႏွံ့လာခ်ိန္၌ က်န္းမာေရးအေထာက္အကူျပဳအက္ပလီေကးရွင္းမ်ားကို လူစိတ္ဝင္စားမႈ ပိုမိုမ်ားျပားလာခဲ့ၿပီး ထိုကဲ့သို႔ လူထုအာ႐ုံစိုက္မႈ ျမင့္တက္လာျခင္းက စမတ္ဖုန္းမ်ားရဲ႕အေနအထားနဲ႔ အင္တာနက္ ေဘလ္ကုန္က်မႈႏႈန္း သက္သာလာျခင္းတို႔ေၾကာင့္ျဖစ္သည္ဟုလည္း Netscribes ရဲ႕ အႀကီးတန္းအတိုင္ပင္ခံ လာလာတန္ဒူဆာဟိုးက ဆိုပါတယ္။ ဆာဟိုးက “လူေတြက အခုဆိုက်န္းမာေရးနဲ႔ပတ္သက္ၿပီး ပိုမိုအေလးထားလာၾကပါတယ္။ သူတို႔က စမတ္ဖုန္းေတြ၊ အင္တာနက္ေတြနဲ႔ တျဖည္းျဖည္းအသားက်လာၿပီး အခုဆိုရင္ က်န္းမာေရးအတြက္ အေျခခံလိုအပ္ခ်က္ေတြကို သူတို႔ရဲ့ေန႔စဥ္ဘဝမွာ ေပါင္းထည့္နိုင္ဖို႔ ႀကိဳးစားေနၾကပါၿပီ။” ဟု ေျပာၾကားခဲ့ပါတယ္။

ကူးစက္ေရာဂါမတိုင္ခင္ (၂၀၁၈) ခုႏွစ္က အိႏၵိယနိုင္ငံရွိအက္ပလီေကးရွင္းေစ်းကြက္သည္ တန္ဖိုးအားျဖင့္ ေဒၚလာသန္းေပါင္း (၃၆၀) တန္ဖိုးရွိခဲ့ရာမွ လာမယ့္ (၂၀၂၄) ခုႏွစ္၌ ေဒၚလာ (၁.၈) ဘီလီယံအထိ တန္ဖိုးျမင့္တက္လာမည္ဟုလည္း ကၽြမ္းက်င္သူမ်ားက ခန္႔မွန္းထားပါတယ္။ လက္ရွိအခ်ိန္၌ Cure.fit က အြန္လိုင္းမွေလ့က်င့္ခန္းမ်ားအျပင္ အစားအေသာက္မ်ား၊ ကုထုံးမ်ားနဲ႔ က်န္းမာႀကံ့ခိုင္ေရး ကိစၥရပ္မ်ားကိုပါ ဝန္ေဆာင္မႈေပးကာ ကမၻာတစ္ဝန္းလုံးရွိ ေစ်းကြက္ကို အပိုင္သိမ္းသြင္းနိုင္ရန္ ရည္ရြယ္ေနၿပီလည္းျဖစ္ပါတယ္။

<Zawgyi Version>

 

#soshwetech

#soshweforyourdailylife

#likeandshare

About So Shwe

Check Also

TikTok ကို App Store တွေကနေ ဖြုတ်ချတော့မှာလား ? ? ?

TikTok သုံးစွဲတဲ့ အမေရိကန်နိုင်ငံသားတေါဆီကနေ လျှို့ဝှက်အချက်အလက်တွေကို တရုတ်အခြေစိုက် TikTok ရဲ့မိခင်ကုမ္ပဏီ ByteDance ဝန်ထမ်းတွေက ထပ်တလဲလဲ ရယူနေတယ်ဆိုပြီး BuzzFeed သတင်းဌာန ဖော်ပြခဲ့ပါတယ်။ အဆိုပါသတင်း …

Leave a Reply

Your email address will not be published.

instagram volgers kopen volgers kopen buy windows 10 pro buy windows 11 pro