HomeLifeStyleတက်တူးများဖြင့်ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကြောင့်အလုပ်ပြုတ်ခဲ့ရသည့် ကျောင်းဆရာတစ်ယောက်။

တက်တူးများဖြင့်ပြည့်နှက်နေသည့် ခန္ဓာကိုယ်ကြောင့်အလုပ်ပြုတ်ခဲ့ရသည့် ကျောင်းဆရာတစ်ယောက်။

- Advertisement -

အသက် (၃၅) နှစ်အရွယ် Sylvain Helaine ဟုအမည်ရသည့် ကျောင်းဆရာတစ်ယောက်သည် ခန္ဓာကိုယ်၌ တက်တူးအပြည့်ထိုးထားခြင်းကြောင့် မူလတန်းကျောင်းဆရာအဖြစ်မှ နှုတ်ထွက်ခဲ့ရကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။ Helaine သည် သူ့အသက် (၂၇) နှစ်အရွယ်၌ ပထမဆုံးတက်တူးကို ရေးထိုးခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ တက်တူးထိုးခြင်းကို အလွန်အမင်းစွဲလမ်းနှစ်သက်ခဲ့ပြီး ခန္ဓာကိုယ်အပြည့် မျက်လုံးပါမချန် တက်တူးရေးထိုးခဲ့ပါတယ်။

Helaine အနေဖြင့် တက်တူးအထိုးခံရန်အတွက် နာရီပေါင်း (၄၆၀) ကြာ အချိန်ကုန်ဆုံးခဲ့ရပြီး ထိုစဥ်က အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့၌ ပုဂ္ဂလိကမူကြိုကျောင်းဆရာတစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်နေချိန်လည်းဖြစ်ပါတယ်။ Helaine က “တက်တူးထိုးရတာကို အဲ့ဒီအချိန်တည်းက ကျွန်တော်ခုံမင်ခဲ့ရပြီး နာရီပေါင်း (၄၆၀) နီးပါးလောက်အထိ အပ်နဲ့အချိန်ကုန်ဆုံးခဲ့ရပါတယ်။ ကျွန်တော့်ကျောင်းသားတွေ၊ မိဘတွေက ကျွန်တော်နဲ့ ပတ်သက်လို့ ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်တော့်အကြောင်း ကောင်းကောင်းသိလို့ပါ။ အဝေးကနေ ကျွန်တော့်အကြောင်း ကောင်းကောင်းမသိတဲ့သူတွေကသာ ကျွန်တော့်ကို လူဆိုးတစ်ယောက်လို ထင်မြင်နေကြတာပါ။” ဟု ပြောကြားခဲ့ပါတယ်။

- Advertisement -

- Advertisement -

ဒါပေမယ့် ပဲရစ်မြို့ ဆင်ခြေဖုံးရပ်ကွက်ရှိ မူလတန်းကျောင်း၌ ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်ချိန်၌မူ Helaine ရဲ့တက်တူးကို ကျောင်းသားမိဘတစ်ဦးက စောဒကတက်ခဲ့ပြီး လက်ရှိအချိန်၌ Helaine တစ်ယောက် သူ့ရဲ့အလုပ်အကိုင်ကို ဆုံးရှုံးခဲ့ရပြီလည်းဖြစ်ပါတယ်။ အသက် (၃၅) နှစ်အရွယ်ရှိပြီဖြစ်သူ Helaine က “ကျောင်းကတာဝန်ရှိသူတွေ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က အတော်လေးဆိုးရွားခဲ့ပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။ Helaine ရဲ့တက်တူးများနဲ့ပတ်သက်၍ Helaine တစ်ခါမျှ စာသင်ပေးခဲ့ဖူးခြင်းမရှိသည့် အသက် (၃) နှစ်အရွယ် ကျောင်းသားမိဘက တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်အနေဖြင့် Helaine ရဲ့တက်တူးများကြောင့် ထိတ်လန့်ခဲ့ရသည်ဟုဆိုကာ Helaine အတွက် ယခုကဲ့သို့ စိတ်ပျက်စရာဖြစ်ရပ်ဆိုးကြီးနဲ့ ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပါတယ်။

<Unicode Version>

 

#soshwelifestyle

#soshweforyourdailylife

#likeandshare

- Advertisement -

LEAVE A REPLY

Please enter your comment!
Please enter your name here

ten + four =

Must Read

အွန်လိုင်းမှာ အင်္ကျီရောင်းဖို့အတွက် အိပ်ပျော်နေတဲ့ယောကျာ်းကို မော်ဒယ်အဖြစ် အသုံးပြုခဲ့တဲ့ အမျိုးသမီး။

အခုနောက်ပိုင်း အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချလာတဲ့ လုပ်ငန်းတွေ အများအပြားရှိလာပါပြီ။ ဒါကြောင့် အွန်လိုင်းကနေ ပစ္စည်းတွေရောင်းချတဲ့အခါမှာ ဝယ်ယူသူတွေရဲ့ အာရုံစိုက်မှုကို ပိုမိုရရှိဖို့အတွက် ကိုယ့်ရဲ့ပြိုင်ဘက်တွေထက် ပိုပြီးဆန်းသစ်တဲ့ အကြံဉာဏ်တွေ ရှိနေဖို့လိုအပ်ပါတယ်။ ပြိုင်ဘက်လုပ်ငန်းရှင်တွေ ရောင်းချတဲ့ပစ္စည်းနဲ့ ကိုယ်ရောင်းချတဲ့ ပစ္စည်းတွေ တူနေရင်တောင် စျေးကွာခြားမှု ဒါမှမဟုတ် အရည်အသွေးကွာခြားမှုတွေရှိမှ ဝယ်ယူသူတွေက...